အခန်း (၂၁၇) ရတနာခန်းမ

168 10 0
                                    

မူလန်ယင်းနှင့် ချင်းချမ်တို့သည် အိပ်ရာက နိုးလာသည်နှင့် သူမတို့၏အ၀တ်စားများကို ပြန်လည် ၀တ်ဆင်လိုက်သည်။
ရဲ့ချန်သည် ထိုမြင်ကွင်းကို မျက်တောက်မခတ်တမ်း စိုက်ကြည့်နေလေသည်။
“ ယောက်ျား၊ နင်ဘာကြည့်နေတာလဲ၊ အရင်ရက်တွေတုန်းက တစ်ချိန်လုံး ကြည့်နေရတာ မလုံလောက်လို့လား “ ချင်းချမ်သည် သူမ၏အနုအရွ စကားလုံးလေးများဖြင့် ရဲ့ချန်ကို စနောက်လိုက်သည်။
“ နင်တို့ နတ်သမီးလေး နှစ်ယောက်ရဲ့အလှကို ကြည့်ရတာ ဘယ်လိုလုပ် ၀နိုင်မှာလဲ “ ရဲ့ချန်က အနားသို့ လျှောက်သွားပြီး မိန်းကလေးနှစ်ယောက်ကို ဖက်လိုက်သည်။
ထို့နောက် ရဲ့ချန်၏လက်က မိန်းကလေးနှစ်ယောက်ကို မရိုးမသားနိုင်စွာ စတင် ပွတ်သပ်တော့သည်။
မူလန်ယင်းက ရဲ့ချန်၏လက်ကို ဆက်လက်မလှုပ်ရှားနိုင်ရန် ဖမ်းကိုင်ထားလိုက်သည်။ “ ရဲ့ချန်၊ နင်မဆိုးစမ်းနဲ့ဟာ၊ ငါ့ရဲ့ခန္ဓာကိုယ်က နင်မနေ့ညက သေအောင်လုပ်ခဲ့လို့ ခုချိန်ထိ နာနေတုန်းရှိသေးတယ်လေ “ မူလန်ယင်းသည် သူမ၏ပန်းပွင့်လေးဆီမှ နာကျင့်မှုကို ခံစားနေရသည် မဟုတ်ပါလား။
ထိုအချိန်တွင် မူလန်ယင်း၏အကြည့်က ရဲ့ချန်အပေါ်တွင် အေးစက်မနေတော့ပေ။ သူမက ရဲ့ချန်ကို ငေးကြည့်တိုင်း နူးနူးညံ့ညံ့လေးပင် ဖြစ်နေပြီ မဟုတ်ပါလား။
ယမန်နေ့ညက ရဲ့ချန်က သူမကို မညှာမတာ လုပ်ခဲ့ပေသည်။ ထို့ကြောင့် သူမက ထိုအရာ၏အကျိုဆက်ကြောင့် နာကျင်နေဆဲ ရှိသေး၏။ ကံကောင်းထောက်မစွာ သူမ၏ကျင့်ကြံမှု အခြေခံက အတော်လေး မြင့်နေခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူမ၏ပန်းပွင့်လေးက အယောင်လွန်ပြီး လမ်းပင်လျှောက်နိုင်တော့မည် မဟုတ်ချေ။
မူလန်ယင်း နှင့် ချင်းချမ်တို့သည် သူမတို့ချည်း ရဲ့ချန်ကို မကိုင်တွယ်နိုင်ကြောင်း သိထားပေသည်။ ကြည့်ရသည်မှာ သူမတို့က ရဲ့ချန်ကို ပြုစုရန် နောက်ထပ်ညီမတစ်ယောက် လိုက်ရှာရတော့မည့်ပုံ ပေါ်နေ၏။
ထူးထူးဆန်းဆန်း သူမတို့နှစ်ယောက်သည် ရဲ့ချန်အနားက ထွက်မသွားနိုင်သလို ခံစားလိုက်ရသည်။ သူတို့က ရဲ့ချန်ကို အမှန်တကယ် မေတ္တာရှိသွားကြပြီ မဟုတ်ပါလား။
အေးစက်စက်နေတတ်သည့် နတ်သမီးမူလန်ယင်းပင် ရဲ့ချန်၏လက်ထဲ ကျရောက်ပြီး လိမ္မာသည့် မိန်းမတစ်ယောက် ဖြစ်လာသည်။
သူလန်ယင်းသည် သူမက အင်ပါယာနယ်ပယ် အဆင့်ခြောက်သို့ ချိုးဖြတ်တက်ရောက်သွားမှန်း သတိထားမိသွားသည်။
တစ်ချိန်တည်းမှာပင် ချင်းချမ်သည်လည်း အင်ပါယာနယ်ပယ် အဆင့်လေးသို့ ချိုးဖြတ်တက်ရောက်သွားမှန်း သိလိုက်ရသည်။
မိန်းကလေးနှစ်ယောက်သည် ရဲ့ချန်နှင့် ယင်ယန်ကျင့်ကြံရုံလေးဖြင့် ဤမျှအထိ အဆင့်များ ချိုးဖြတ်တက်ရောက် နိုင်သောကြောင့် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။
မိန်းကလေးနှစ်ယောက် အ၀တ်စားများ ၀တ်ဆင်ပြီးနောက် ရဲ့ချန်က မူလန်ယင်း၏ လှပရှည်လျားပြီး နက်မှောင်နေသည့် ဆံနွယ်များကို ဖြီးသင်ပေးလိုက်သည်။
မူလန်ယင်းသည် ရေခဲမှန်တစ်ချပ် ဖန်တီးလိုက်သည်။ ရေခဲဖီးနစ်၏သွေးအမွေကို လက်ခံရရှိပြီးနောက် သူမ၏အော်ရာများက ယခင်ထက် ပိုမိုအားကောင်းလာကြောင်း သတိထားမိသွားသည်။
မူလန်ယင်းသည် ရေခဲမှန်ကို တစ်ချက် ကြည့်လိုက်သည်။ ရေခဲမှန်ထဲသို့ လှမ်းကြည့်လိုက်သောအခါ နဂိုထက် များစွာပိုလှနေသည့် သူမကိုယ်သူမ ပြန်ကြည့်ရင်း မင်တက်မိနေလေသည်။
ထို့ကြောင့် သူမ၏မျက်နှာကို မယုံကြည်နိုင်စွာ ပွတ်သပ်လိုက်မိသည်။ ယခု သူမ၏အသားအရေများကလည်း ပိုမိုချောမွတ်ပြီး ရွှန်းစိုနေသည် မဟုတ်ပါလား။
ချင်းချမ်သည်လည်း မူလန်ယင်း ဖန်တီးထားသည့် ရေခဲမှန်ထဲသို့ လှမ်းကြည့်လိုက်သည်။ သူမသည် ယခင်ကထက် များစွာပိုလှလာသည်ကို မြင်ပြီး မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
မိန်းကလေးနှစ်ယောက်က ရဲ့ချန်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
ထိုအရာကိုကြည့်ရင်း ရဲ့ချန်က မိန်းကလေးနှစ်ယောက်ကို နွေးထွေးစွာ ပြုံးပြလိုက်သည်။ ယခု အ၀တ်စားများ ၀တ်ဆင်ပြီးပြီ ဖြစ်သောကြောင့် အသူရာနဂါး ပြောခဲ့သည့် ရတနာခန်းမကို သွားရှာရမည့် အချိန်ဖြစ်သည်။
“ ရတနာခန်းမဆီ သွားရအောင် “ ရဲ့ချန်သည် ပလ္လင်အောက်က ရတနာခန်းမဆီ သွားရန် မိန်းကလေးနှစ်ယောက်ကို ခေါ်လိုက်သည်။
“ ရတနာခန်းမ … အဲဒါက ဘယ်မှာလဲ “ ရဲ့ချန်၏စကားကို ကြားပြီး ချင်းချမ်တစ်ယောက် အတော်လေး စိတ်လှုပ်ရှားသွားသည်။ ထို့ကြောင့် သူမက ရဲ့ချန်ကို ရတနာခန်းမ မည်သည့်နေရာတွင် ရှိမှန်း ချက်ချင်း မေးလိုက်သည်။
မူလန်ယင်းသည်လည်း အတောလေး စိတ်လှုပ်ရှားသွားသည်။ သို့သော် သူမက ချင်းချမ်လိုတော့ မဖြစ်ဘဲ ဣနြေ္ဒဆယ်နိုင်သေး၏။
“ အဲဒါက ဒီပလ္လင်အောက်မှာ၊ လာကြ အောက်ဆင်းလို့ရမယ့် တံခါးပေါက်တစ်ခုခု သွားရှာရအောင် “ ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့သည် အောက်ဆင်းရန် တံခါးပေါက်တစ်ခု စတင် ရှာဖွေတော့သည်။ အသူရာနဂါးက တံခါးပေါက်ရှိသည့်နေရာကို မပြောပြခဲ့ပေ။ ထို့ကြောင့် ရဲ့ချန်နှင့် ချင်းချမ်တို့က တံခါးပေါက်ကို ကိုယ်တိုင်ရှာဖွေနေရခြင်း ဖြစ်သည်။
အချိန်တစ်ခဏခန့် ရှာဖွေပြီးနောက် ရဲ့ချန်က တံခါးပေါက်တစ်ပေါက်ကို ရှာတွေ့သွားသည်။ “ ငါ တံခါးပေါက် တွေ့ပြီဟေ့၊ လာကြ အထဲ၀င်ရအောင် “
တံခါးပေါက်က အတော်လေး ကျဉ်းသောကြောင့် ရဲ့ချန်က မနည်းတိုး၀င်ပြီး လှေကားအတိုင်း ဆင်းလာခဲ့သည်။
မူလန်ယင်း နှင့် ချင်းချမ်တို့သည်လည်း ရဲ့ချန်နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြသည်။ လမ်းက အတော်လေး မှောင်နေသောကြောင့် ရဲ့ချန်က မီးတောက်ကို အသုံးပြုလိုက်သည်။
နောက်ဆုံးတော့ မိနစ်အတော်ကြာ ဆင်းလာပြီးနောက် အောက်ခြေသို့ ရောက်လာခဲ့သည်။
အသူရာနဂါး၏စကားက အမှန်ပင် ဖြစ်၏။ ထိုနေရာတွင် အဖိုးတန်ရတနာများ ပြန့်ပြန့်ကြဲလျှက် တည်ရှိနေသည်။ ယင်းတို့သည် ဆေးလုံးများ၊ လက်နက် အသုံးအဆောင်များ၊ ဆေးပင်များ နှင့် နတ်သခင် သက်တန့် သလင်းကျောက်များ ဖြစ်ကြ၏။
နတ်သခင် သက်တန့် သလင်းကျောက်သည် အလွန်တရာ သန့်စင်သည့် စွမ်းအင်များကို သိုလှောင်ထားသည့် သလင်းကျောက်တစ်ခု ဖြစ်၏။ ထိုစွမ်းအင်များကို ကျင့်ကြံသူတစ်ယောက်က ကျင့်ကြံခြင်းအဆင့်များ တိုးတက်ဖို့ အရှိန်မြှင့်တင်ရာတွင် စုပ်ယူသုံးစွဲ နိုင်ပေသည်။
ထို့အပြင် ထိုသလင်းကျောက်က နတ်ဘုံတွင်ပင် ရှားပါးသည့် သလင်းကျောက် အမျိုးစား ဖြစ်ပေသည်။ ဂူရွှမ်းတွင် နတ်သခင် သက်တန့် သလင်းကျောက်မျိုး အနည်းငယ်သာ ရှိပေသည်။
ယခုတော့ ရဲ့ချန်၏ရှေ့တွင် နတ်သခင် သက်တန့် သလင်းကျောက်များ တောင်ပုံရာပုံ ရှိနေပြီ ဖြစ်သည်။ ဤနေရာသည် ရတနာသိုက်ဟု ခေါ်ရလောက်အောင် အမှန်တကယ် ထိုက်တန်လှပေသည်။
ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့သည် ပြန့်ပြန့်ကြဲနေသည့် အဖိုးတန်ရတနာများကို လိုက်လံ သိမ်းဆည်းတော့သည်။
သူတို့အားလုံးသည် သူတို့နှင့်သင့်တော်မည့် အဖိုးတန်းပစ္စည်းတစ်ခုခု သို့မဟုတ် အသုံးဆောင်ပစ္စည်းတစ်ခုခုကိုတော့ ရှာတွေ့လိုသည်။
လောလောဆယ် မူလန်ယင်းသည် သူမအတွက် ဓားအချို့ကို လိုက်လံရှာဖွေနေသည်။ မူလန်ယင်းသည် ပါးလွှားပြီ ပေါ့ပါးသည့် ဓားမျိုးကို နှစ်သက်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ဤနေရာတွင် သူမနှင့်သင့်တော်မည့် ဓားတစ်လက်ကို ရှာဖွေနေခြင်း ဖြစ်သည်။
မူလန်ယင်းသည် ဤနေရာတွင် ရှိနေသည့် ဓားများကို စတင် မွှေနှောက်ရှာဖွေတော့သည်။ သူမသည် အလွန်တရာ လေးလံသည့် ဓားအချို့ကိုလည်း သိမ်းထားလိုက်သည်။ ဤနေရာတွင် ရှိသည့် လက်နက်အသုံးဆောင်များသည် အနိမ့်ဆုံး အဆင့်သုံးမှ အမြင့်ဆုံး အဆင့်ခုနစ်ထိ ရှိပေသည်။ အဆင့်မြင့် လက်နက်အသုံးဆောင်များသည် မာကျောသည့်ပစ္စည်းများထက် ပိုမို အသုံး၀င်သည် မဟုတ်ပါလား။
မူလန်ယင်းသည် သူမမြင်သမျှ ဓားတိုင်းကို တစ်ချောင်းပြီးတစ်ချောင်း လိုက်ကောက်တော့သည်။ ထိုဓားများက သူမအတွက် မဟုတ်ပေ။ ထိုဓားများက အလွန်တရာ လေးလံသည် မဟုတ်ပါလား။ မူလန်ယင်းက လေးလံသည့် ဓားမျိုးကို မနှစ်သက်ပေ။
မူလန်ယင်းက အရှုံးမပေးလိုပေ။ သူမက သူမလိုအပ်သည့် ဓားမျိုးကို အသုံးဆောင်ပစ္စည်းပုံကြီးထဲမှ ထပ်မံ မွှေနှောက်ရှာဖွေလိုက်သည်။
အချိန်အတော်ကြာ ရှာဖွေပြီးနောက် မူလန်ယင်းသည် ရေခဲသလင်းကျောက်တစ်ခုလို ပုံစံရှိသည့် လက်နက်တစ်ခုကို ရှာတွေ့သွားပြီ ဖြစ်၏။ ဓား၏လက်ကိုင်တွင်လည်း အလွန်တရာ လှပသည့် ကြာဖြူများကို ရေးဆွဲထားသည်။
မူလန်ယင်းသည် ထိုဓား၏အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။ ထိုဓားက အလွန်တရာ ပေါ့ပါးပြီး ပါးလွှာနေသည်။ မူလန်ယင်းသည် ထိုဓားက ဝါဂွမ်းစလေးတစ်စ၏ အလေးချိန်သာ ရှိသည်ဟု ခံစားလိုက်ရ၏။
ထိုဓားကို မြင်ပြီးနောက် သူမလိုအပ်နေသည့် အာသီသတစ်ခုကို ဖြည့်ဆည်းပေးလိုက်သလို ခံစားလိုက်ရသည်။ ထို့နောက် မူလန်ယင်းသည် ဓားကို ဆွဲကိုင်ပြီး ဓားသိုင်းကွက်အချို့ကို ခင်းကျင်း ကစားလိုက်တော့သည်။
မူလန်ယင်းသည် ဓားတစ်ချောင်းကို ဆုပ်ကိုင်ရင်း ဓားသိုင်းကို စိတ်ပါလက်ပါ ကစားလိုက်သည်။ သိုင်းကွက်အတော်များ ကစားပြီးနောက် မူလန်ယင်းသည် ထိုဓားကို အတော်လေး ကြိုက်သွားသည်။ ယင်းက သူမနှင့် အလွန်တရာ သင့်တော်နေသည် မဟုတ်ပါလား။
မူလန်ယင်းသည် ဓားအိမ်ပေါ်တွင် ရေးထွင်းထားသည့် စားလုံးများကို မြင်လိုက်ရသည်။ ထိုဓား၏နာမည်က ကြာဖြူသလင်းကျောက်ဓား ဖြစ်ပေသည်။ ယင်းက အဆင့်ခြောက် အသုံးဆောင်ပစ္စည်းတစ်ခု ဖြစ်ပြီး အသုံးပြုသူက ရေခဲကွက်များဖြင့် တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ဤလက်နက်က မူလန်ယင်းအတွက် အသင့်တော်ဆုံး လက်နက်တစ်ခု ဖြစ်ပေသည်။
မူလန်ယင်းက ထိုဓားကို ယူရန် ဆုံးဖြတ်လိုက်သည်။
ယခုချိန်တွင် ချင်းချမ်ကလည်း သူမလိုချင်သည့် အသုံးဆောင်ပစ္စည်းကို ရှာဖွေနေ၏။ ချင်းချမ်လိုအပ်သည့် အသုံးဆောင်ပစ္စည်းက မြင့်လွန်းသည်တော့ မဟုတ်ပေ။ သူမ အသုံးပြု၍ အဆင်ပြေနေသမျှ ယင်းက သူမအကြိုက်ပင် ဖြစ်သည်။
ချင်းချမ်သည် သက်တန့်ရောင် အင်္ကျီနှင့် လိပ်ပြာတစ်ကောင်ပုံစံ ပဝါတစ်ထည်ကို တွေ့လိုက်ရသည်။ ယင်းက ချင်းချမ်အတွက်တော့ အလွန်တရာ လှပသည့် အသုံးဆောင်ပစ္စည်းတစ်ခု ဖြစ်ပေသည်။
ထိုလက်နက်၏နာမည်က သက်တန့်လိပ်ပြာပဝါ ဖြစ်ပြီး အဆင့်ခြောက်ရှိသော လက်နက်တစ်ခု ဖြစ်ပေသည်။ ချင်းချမ်သည် ထိုပဝါလေးကို ရရှိလိုက်သောကြောင့် အတော်လေး ပျော်ရွှင်သွားလေသည်။
ယင်းသည် သူမအတွက် ပတမဆုံးကြိမ်အဖြစ် ဤမျှအဆင့်မြင့်သည့် အသုံးဆောင်ပစ္စည်းတစ်မျိုး ရဖူးခြင်း ဖြစ်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now