အခန်း (၂၀၇) နဂါးမိစ္ဆာ

151 10 0
                                    

ရဲ့ချန်က အထဲသို့ ရဲဝံ့စွာ ၀င်သွားသည်ကို ကြည့်ရင်း ချင်းချမ်နှင့် မူလန်ယင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
“ ဘယ်လိုလဲ၊ အထဲ၀င်ရင် ကောင်းမလား မ၀င်ရင် ကောင်းမလား “ ချင်းချမ်က မေးလိုက်၏။
“ ဒါပေါ့ ၀င်ရမှာပေါ့၊ အဲဒါက ဒီနေရာမှာ လျှောက်ပြေးနေရတာထက်တော့ အများကြီး ပိုကောင်းပါသေးတယ် “ မူလန်ယင်းသည် သူမ၏သံသယများကို ဖယ်ထုတ်ပစ်ပြီး အမှောင်ထုအခန်းထဲသို့ ၀င်ရောက်သွားတော့သည်။ မူလန်ယင်းက အထဲ၀င်သွားသည်ကို မြင်ပြီး ချင်းချမ်လည်း နောက်မှ လိုက်လာတော့သည်။
လူတိုင်းအထဲသို့ ရောက်လာသောအခါ ကျောက်တံခါးကြီးက ပြန်ပိတ်သွားတော့သည်။
ယခုတော့ ဤနေရာကြီးက မည်သည့်အရာမျှ မမြင်နိုင်တော့အောင် မှောင်မဲသွားလေသည်။
ရဲ့ချန်က အလင်းရောင် ရရှိရန် သူ၏မီးတောက်ကို အသုံးပြုလိုက်သည်။ မီးတောက်ကို အသုံးပြုလိုက်သောအခါ ပတ်၀န်းကျင်ကို လူတိုင်း မြင်လိုက်ရသည်။
ယင်းက အလွန်တရာ ကြီးမားသည့် အခန်းကြီးတစ်ခန်း ဖြစ်သည်။ အခန်း၏အလယ်ခေါင်တွင် ပလ္လင်ကြီးတစ်ခု ရှိသည်။ ထိုပလ္လင်ပေါ်တွင် နဂါး၊ ဖီးနစ် နှင့် အလွန်တရာ ကြီးမားသည့် လိပ်ပြာကြီးများ၏ ရုပ်ထုများ တည်ရှိသည်။
ရဲ့ချန်တစ်ယောက် ထိုပလ္လင်ကြီးအနားသို့ လျှောက်လာခဲ့သည်။ ဤကဲ့သို့ နေရာမျိုးတွင် ထိုရုပ်ထုများကို မည်သည့်အဓိပ္ပာယ်ဖြင့် လာထားထားမှန်း သူသိလိုသည်။
မိန်းကလေးနှစ်ယောက်ကလည်း ထိုပလ္လင်ကြီးအနားသို့ ချဉ်းကပ်လာသည်။
ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့ အနားရောက်လာသောအခါ ပလ္လင်ကြီးက ရုတ်တရက် အလန်းတန်းများ တောက်ပလာတော့သည်။
ထိုအလင်းတန်းများ တောက်ပလာသည်နှင့် အခန်းတစ်ခန်းလုံးက ပြိုကျတော့မတက် တုန်ခါလာတော့သည်။
“ အားလုံး နောက်ဆုတ်ကြ “ ရဲ့ချန်က လူတိုင်းကို နောက်ဆုတ်ရန် အော်ပြောလိုက်သည်။
ရဲ့ချန် နှင့် မိန်းကလေးနှစ်ယောက်က နောက်သို့ တစ်မုဟုတ်ချင်း ဆုတ်ခွာလာခဲ့သည်။
ရဲ့ချန်သည် မိန်းကလေးနှစ်ယောက်နှင့် သူ့ကိုယ်သူ ကာကွယ်ရန် ဒိုင်းတစ်ခုကို ချက်ချင်း ဖန်းတီးလိုက်သည်။
“ ဘာဖြစ်သွားတာလဲ “ မူလန်ယင်းသည် ဤနေရာတွင် မည်သည့်အရာများ ဖြစ်သွားကြောင်း နားမလည်၍ မေးမြန်းလိုက်သည်။
“ ဘယ်လိုလုပ် သိမှာလဲ၊ ငါတို့လည်း ဒီနေရာကို အခုမှ ရောက်ဖူးတဲ့ ဥစ္စာ “ ရဲ့ချန်က မူလန်ယင်း၏မေးခွန်းကို ပြန်ဖြေလိုက်သည်။
“ ဘုန်း … “ အလွန်တရာ ကြီးမားသော အရာ၀တ္ထုကြီး တစ်ခုက ပလ္လင်ပေါ်မှ ကျလာသောကြောင့် ကျယ်လောင်သော အသံကြီးများ ရိုက်ဟည်း၍ ထွက်လာသည်။
ထိုအရာကြီး ပြုတ်ကျလာသောအခါ အခန်းတစ်ခန်းလုံး မည်သည့်အရာမျှ မမြင်နိုင်လောက်အောင် ဖုန်မှုန့်များ တထောင်းထောင်း ထသွားလေသည်။
“ ဂရား … “ ဖုန်မှုန့်များထဲမှ မွန်းစတားတစ်ကောင်း၏ မာန်ဖီသံကြီးက ထွက်ပေါ်လာတော့သည်။
မွန်းစတားကြီး၏ မာန်ဖီသံကို ကြားလိုက်ရပြီးနောက် ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့သည် အသင့်အနေအထားကို ချက်ချင်း ပြင်ဆင်ထားလိုက်ကြသည်။
ထိုအချိန်တွင် ဖုန်မှုန့်များ၏နောက်မှ သွေးကဲ့သို့ ရဲရဲနီနေသည့် မျက်လုံးတစ်စုံက ပေါ်လာသည်။
ထိုမျက်လုံးတစ်စုံ ပေါ်လာသောအခါ ချင်းချမ် နှင့် မူလန်ယင်းတို့ နှစ်ယောက်စလုံး ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားလေသည်။ သူမတို့သည် အကြည့်တစ်ခုဖြင့်ပင် သူမတို့ကို ထိတ်လန့်သွားစေသည့် မွန်းစတားမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
“ ဂရား … “ ထိုမွန်းစတားကြီး၏ မာန်ဖီသံက ဒုတိယအကြိမ်တွင် ပို၍ ကျယ်လောင်လှပေသည်။ ထိုမာန်ဖီသံကြောင့် ဖုန်မှုန့်များပင် အဝေးသို့ လွင့်စင်ကုန်၏။
ယခုတော့ ရဲ့ချန်သည် သူတို့ရှေ့တွင် ရှိနေသည့် သတ္တဝါကြီးက မည်သည့်အမျိုးစားဖြစ်မှန်း မြင်လိုက်ရပြီ ဖြစ်သည်။
ယင်းက မှော်သားရဲတစ်ကောင် မဟုတ်ပေ။ ဤနေရာတွင် ရှိနေသည့် သတ္တဝါကြီးက နဂါးမိစ္ဆာကြီး တစ်ကောင်ပင် ဖြစ်သည်။
ထိုဧရာမ နဂါးကြီးက အရိုးများသာ ကျန်ရှိနေသည့်တိုင် ရဲ့ချန် နှင့် မိန်းကလေး နှစ်ယောက်ရှေ့တွင် မားမားမတ်မတ် ရပ်နေပေသည်။
နဂါးမိစ္ဆာကြီးက ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့ကို သွေးရောင် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေသည်။ ထိုနောက် နဂါးမစ္ဆာကြီးက ရဲ့ချန် ဖန်တီးထားသည့် ဒိုင်းကာကို အမြီးတစ်ချက်ယမ်းပြီး ရိုက်နှက်လိုက်တော့သည်။
“ ခရက် … “ နဂါးအမြီး၏ ရိုက်ချက်တစ်ချက်ဖြင့်ပင် ရဲ့ချန်၏ဒိုင်းကာက ပျက်စီးသွားလေသည်။
ရဲ့ချန်က မိန်းကလေးနှစ်ယောက်၏ ခါးကို ပွေ့ဖက်ပြီး ထိုရိုက်ချက်ကို ရှောင်တိမ်းလိုက်သည်။
ရဲ့ချန်သာ ထိုသို့ မလုပ်လိုက်လျှင် မူလန်ယင်း နှင့် ချင်းချမ်တို့ သေပင် သေသွားနိုင်သည် မဟုတ်ပါလား။
“ ကျွန်မကိုလွှတ် “ မူလန်ယင်းက ရဲ့ချန်၏လက်က အတင်း ရုန်းကန်နေသည်။ သူမက ထိုလူ့အား သူမ၏ခန္ဓာကိုယ်ကို ထိကိုင်ခွင့် မပြုနိုင်ပေ။
အခြားတစ်ဖက်တွင် ချင်းချမ်က မှင်တက် မိနေသည်။ သူမက နဂါးမိစ္ဆာကြီးကို အထိတ်တလန့် ဖြစ်နေသည့် မျက်၀န်းအစုံဖြင့် စိုက်ကြည့်နေသည် မဟုတ်ပါလား။
ချင်းချမ်၏အလိုလို သိစိတ်အရ ထိုနဂါးမိစ္ဆာကြီးက အလွန်တရာ အန္တရာယ်ရှိကြောင်း ပြောနိုင်ပေသည်။
“ မင်းမသေချင်သေးဘူးဆိုရင် တိတ်တိတ်လေးနေ၊ မလှုပ်နဲ့ “ ရဲ့ချန်သည် ဤကဲ့သို့ အခြေနေမျိုးတွင်ပင် ထိုအတွေးမျိုးကို တွေးတောနေသည့် မူလန်ယင်းကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရဲ့ချန်သာ ပွေ့မခေါ်လာခဲ့လျှင် သူမက ခုချိန်ဆို အလွန်တရာ အားပြင်းသည့် နဂါးအမြီးကြီး ရိုက်ချက်ဖြင့် အသက်ထွက်နေလောက်ပြီ ဖြစ်သည်။
ထိုနဂါးမိစ္ဆာကြီးက အလွန်တော် အားကောင်းလှပေသည်။ ရဲ့ချန်၏အကာကွယ်ဒိုင်းကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်သည် မဟုတ်ပါလား။ ရဲ့ချန် အကာကွယ်ဒိုင်းကို ပြုလုပ်ထားစဉ်က အင်အားကို ထိန်ချန်မထားခဲ့ပေ။
ထို့ကြောင့် ရဲ့ချန်၏အကာကွယ်ဒိုင်းက အလွန် သန်မာနေမည်မှာ သေချာ၏။ သို့သော် နဂါးမိစ္ဆာကတော့ ထိုအကာကွယ်ဒိုင်းကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။ ယင်းသည် နဂါးမိစ္ဆာက အလွန်တရာ သန်မာကြောင်း ဖော်ပြနေသည့် သက်သေပင် ဖြစ်၏။
ရဲ့ချန်၏အပြစ်တင်စကားကို ခံလိုက်ရပြီးနောက် မူလန်ယင်းက ရဲ့ချန်၏လက်ကို ရုန်းဖယ်ခြင်း မရှိတော့ပေ။
ရဲ့ချန်က နဂါးမိစ္ဆာကြီး၏ဝေးရာသို့ တတ်နိုင်သလောက် ဆုတ်ခွာလာခဲ့သည်။ ကံမကောင်းစွာပင် နောက်တွင် နံရံကြီးက ခံနေသောကြောင့် သူတို့ နောက်ဆုတ်၍ မရတော့ပေ။
“ တောက် … “ ရဲ့ချန်က တက်တစ်ချက် ကျယ်လောင်စွာ ခေါက်လိုက်သည်။ ဤကဲ့သို့ အခြေနေမျိုးက ရဲ့ချန်အတွက် အတော်လေး ခက်ခဲလှပေသည်။ သူက မိန်းကလေးနှစ်ယောက်ကို ကာကွယ်ရင်း နဂါးမိစ္ဆာကြီးကို ရင်ဆိုင်ရမည် မဟုတ်ပါလား။
ရဲ့ချန်က မူလန်ယင်း နှင့် ချင်းချမ်တို့၏ ခါးကို လွှတ်ပေးလိုက်သည်။ “ မင်းတို့နှစ်ယောက် ဒီကနေ တတ်နိုင်သလောက် အမြန်ဆုံး ပြေးတော့၊ ဒီနဂါးမိစ္ဆာကြီးရဲ့ အစွမ်းက အတော်လေး အားကောင်းတယ်၊ မင်းတို့နှစ်ယောက်က နဂါးမိစ္ဆာကြီးရဲ့ ပြိုင်ဘက်မဟုတ်ဘူး “ ရဲ့ချန်သည် နဂါးမိစ္ဆာကြီးနှင့် တိုက်ခိုက်နေစဉ် တတ်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးရန် ပြောလိုက်သည်။
“ ကျွန်မတို့သုံးယောက် အားကုန်တိုက်ခိုက်ရင် ဒီနဂါးမစ္ဆာကြီးကို အနိုင်ယူဖို့ ပိုလွယ်သွားပြီ မဟုတ်လား “ ချင်းချမ်သည် နဂါးမိစ္ဆာကြီးကို အတူပူးပေါင်း တိုက်ခိုက်လျှင် အနိုင်ယူနိုင်ကြောင်း အကြံပေးလိုက်သည်။
“ ဂိုဏ်းခေါင်းဆောင်ချင်းရဲ့ အကြံကို ကျွန်မ သဘောတူတယ်၊ ကျွန်မတို့သုံးယောက်သာ အားကုန်တိုက်ခိုက်မယ်ဆိုရင် ဒီမွန်းစတားကြီးကို အနိုင်တိုက်နိုင်လောက်တယ် “ မူလန်ယင်းက အတူပူးပေါင်း တိုက်ခိုက်မည့် အကြံကို သဘောတူလိုက်သည်။
“ မရဘူး “ ရဲ့ချန်က မိန်းကလေးနှစ်ယောက်၏ အကြံကို ချက်ချင်း ငြင်းပယ်လိုက်သည်။ “ ဒီနဂါးမိစ္ဆာအတွက် မင်းတို့နှစ်ယောက်က ပြိုင်ဘက်မဟုတ်ဘူး၊ ဒီမွန်းစတားကြီးက မင်းတို့နှစ်ယောက်နဲ့ ကမ္ဘာချင်း မတူကြဘူး၊ မင်းတို့ ဒီနေရာကနေ တတ်နိုင်သလောက် အမြန်ဆုံး ထွက်ပြေးသင့်တယ် “ မိန်းကလေးနှစ်ယောက်သည် နဂါးမိစ္ဆာကြီး ယခု ရဲ့ချန်ထက်ပင် ပိုမိုသန်မာကြောင်း သိမထားကြပေ။
လောလောဆယ် နဂါးမိစ္ဆာကြီး၏ အင်အားက အရှင်သခင်နယ်ပယ် အဆင့်ကိုး သို့မဟုတ် အဆင့်ရှစ် ကျင့်ကြံသူတစ်ဦးနှင့် အတူတူပင် ဖြစ်သည်။
မူလန်ယင်း နှင့် ချင်းချမ်တို့က ကောင်းကင်နယ်ပယ် အထွတ်ထိပ် အဆင့်မှသာ ရှိသေး၏။ ထို့ကြောင့် မည်သည့်နည်းနှင့်မျှ နဂါးမိစ္ဆာကြီးကို ယှဉ်တိုက်နိုင်မည် မဟုတ်ချေ။
ရဲ့ချန်က ရှေ့သို့ လျှောက်သွားပြီး နဂါးမိစ္ဆာကြီးနှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။ “ ဥက္ကာခဲအကျိုး ပစ်လွှတ်ခြင်း … ဘမ်း “ ရဲ့ချန်က နဂါးမိစ္ဆာကြီး၏ဦးခေါင်းကို အားကုန် ထိုးချလိုက်သည်။
နဂါးမိစ္ဆာကြီးက နောက်ဆုတ်ခြင်း မရှိသလို မြေပေါ်သို့ လဲကျခြင်းလည်း မရှိပေ။ မွန်းစတားကြီးသည် ရဲ့ချန်၏လက်သီးချက်က လုံး၀ သက်ရောက်မှု မရှိသည့် ပုံစံဖြင့် ဦးခေါင်းကို တစ်ချက် ခါယမ်းလိုက်သည်။
“ ဂရား … “ နဂါးမိစ္ဆာကြီးက သူ၏လက်သည်းများဖြင့် ရဲ့ချန်ကို တိုက်ခိုက်လိုက်သည်။ ထိုလက်သည်းချက်က အလွန်တရာ မြန်ဆန်လှပေသည်။ ရဲ့ချန်အတွက် ထိုတိုက်ခိုက်ချက်ကို ရှောင်တိမ်းရန် အချိန်မရှိတော့ပေ။
နဂါးကြီး၏လက်သည်းက ရဲ့ချန်၏ညာဘက် ရင်ဘတ်ကို ကုတ်ဆွဲမိသွားလေသည်။ “ ဘမ်း … “ ရဲ့ချန်က မီတာတစ်ရာကျော်ကျော်ခန့်အထိ လွင့်ထွက်သွားပြီး ကျောက်နံရံကြီးကို ၀င်ဆောင့်မိသွားလေသည်။
“ တောက်ကွာ … “ ရဲ့ချန်သည် အလွန်တရာ နာကျင်နေသည့် ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း နဂါးကြီးကို တစ်ချက် စိုက်ကြည့်လိုက်သည်။
“ ရဲ့ချန်၊ နင်အဆင်ပြေရဲ့လား “ ချင်းချမ်သည် ရဲ့ချန်၏အခြေအနေနှင့် ပတ်သက်ပြီး အတော်လေး စိုးရိမ်နေသောကြောင့် အလျင်အမြန် ပြေးလာခဲ့သည်။
“ ငါ အဆင်ပြေပါတယ်၊ သွားသွား ဝေးဝေးမှာ သွားနေ၊ ဒီကောင်ကြီးက အရမ်းအားကောင်းတယ်၊ မင်းတို့ နှစ်ယောက်အတွက် အရမ်းအန္တရာယ်များတယ် “ ရဲ့ချန်က တဖန် ထရပ်လိုက်သည်။
“ အုန်း … “ ရဲ့ချန် နှင့် ချင်းချမ်တို့ စကားပြောနေစဉ်မှာပင် အလွန်တရာ ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင် မူလန်ယင်းက နဂါးကြီးကို သူမ၏ရေခဲကျင့်စဉ်ကို အသုံးပြုပြီး တိုက်ခိုက်နေပြီ ဖြစ်သည်။
“ ဒီမိန်းမကွာ၊ အဲဒီမွန်းစတားကြီးက သူရင်ဆိုင်လို့ မရတဲ့ သတ္တဝါကြီးဆိုတာ မသိဘူးလား “ ရဲ့ချန်သည် သူစောစောက ပြောခဲ့သည့် စကားကို နားမထောင်သော မူလန်ယင်းကို အော်ပြောလိုက်တော့သည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now