အခန်း (၂၁၀) မဏ္ဍိုင် ဆေးလုံး

167 9 2
                                    
ရဲ့လျှိုသာ ထိုသိုင်းကွက်ကို အသုံးပြုမည်ဆိုလျှင် ဤကဲ့သို့ နေရာသေးသေးလေးက အမှန်တကယ် ပျက်စီးသွားမည် ဖြစ်သည်။
ရဲ့ချန်က မူလန်ယင်း နှင့် ချင်းချမ်တို့၏ဘေးသို့ ချက်ချင်း ပြေးလာခဲ့သည်။ ထို့နောက် ရဲ့လျှို၏ရောင်ခြည် ရိုက်ခတ်မှုဒဏ်ကို မခံရစေရန် အသန်မာဆုံး အကာကွယ်ဒိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
နဂါးမိစ္ဆာကြီးက အရှုံးပေးရန် စိတ်ကူးမရှိပေ။ သူက ပါးစပ်ကြီးကို ဖွင့်ဟပြီး မီးများ မှုတ်ထုတ်လိုက်သည်။
ဧရာမ ပေါက်ကွဲမီးလျှံကြီးတစ်ခုက ရဲ့လျှိုထံ တန်းတန်းမတ်မတ် ပြေး၀င်သွားတော့သည်။
ရဲ့လျှိုကလည်း သူမ၏ရောင်ခြည်ကို နဂါးမိစ္ဆာကြီးဆီ ပစ်လွှတ်လိုက်လေသည်။ တစ်ခဏအတွင်း ရဲ့လျှို၏ရောင်ခြည်နှင့် နဂါးမိစ္ဆာတို့၏ မီးလျှံတို့က ထိပ်တိုက် တွေ့ဆုံမိသွားကြသည်။
“ ဘုန်း … ဘုန်း … ဘုန်း … ဘုန်း … ဘုန်း “ အလွန်အမင်း ပြင်းထန်သည့် စွမ်းအားကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံမိကြရာ၀ယ် ပေါက်ကွဲမှုကြီးများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
ကံကောင်းထောက်မစွာ ရဲ့ချန် ဖန်တီးထားသည့် အကာကွယ်ဒိုင်းက တိုက်ပွဲက စွမ်းအင်အမှုန်အမွှားများကို ဒဏ်ခံနိုင်သည်။
ပေါက်ကွဲမီးလျှ နှင့် ရောင်ခြည်တို့က တစ်ခုနှင့်တစ်ခု တွန်းကန်နေကြသည်။ နဂါးမိစ္ဆာကြီးက ပေါက်ကွဲမီးလျှံထဲသို့ အင်အားများ ထပ်ဖြည့်လိုက်သည်။
ထိုကြောင့် ရဲ့လျှို၏ရောင်ခြည်ကို ပေါက်ကွဲမီးလျှံက ဖိနှိပ်လာတော့သည်။
ရဲ့လျှိုက အဘယ်ကြောင့် အရှုံးပေးရမည်နည်း။ သူမကလည်း ရောင်ခြည်ထဲသို့ အင်အားများ ထပ်ဖြည့်လိုက်သည်။
ရဲ့လျှိုသော်လည်ကောင်း၊ နဂါးမိစ္ဆာကြီးသော်လည်းကောင်း မည်သူမျှ နောက်မဆုတ်လိုက်ကြချေ။
ရဲ့လျှိုသည် သူမတွင် ရှိသမျှ အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။ ထို့ကြောင့် ရဲ့လျှိုက နဂါးမိစ္ဆာကြီး၏ ပေါက်ကွဲမီးလျှံကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။
“ ဘုန်း … “ အလွန်တရာ ပြင်းထန်သည့် ပေါက်ကွဲမှုကြီးတစ်ခုက ဖြစ်သွားလေသည်။ ရဲ့လျှို၏ရောင်ခြည်က နဂါးမိစ္ဆာကြီးကို ရိုက်ချလိုက်သည်။
“ ခရက် … “ ရဲ့ချန် ဖန်တီးထားသည့် အကာကွယ်ဒိုင်းကလည်း နည်းနည်းချင်း အက်ကွဲလာတော့သည်။
ရဲ့ချန်က အကာကွယ်ဒိုင်းကို အင်အားများ ဖြည့်သွင်းပြီး ပြန်လည် ဖာထေးလိုက်သည်။
အချိန်တစ်ခဏအတွင်း အရာအားလုံးက နောက်ဆုံးတော့ အဆုံးသတ်သွားပြီ ဖြစ်၏။ ထိုနေရာတွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးငွေ့များသာ ဝေ့သီလျှက် ကျန်ရစ်ခဲ့လေသည်။
ရဲ့ချန်က အကာကွယ်ဒိုင်းကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူသည် ရဲ့လျှို၏တိုက်ခိုက်မှုဖြင့် နဂါးမိစ္ဆာကြီး ပျက်စီးသွားပြီလောဟု သိချင်စိတ် ဖြစ်လာ၏။
အခိုးအငွေ့များ ရှင်းလင်းသွားပြီးနောက် နဂါးမိစ္ဆာကြီးက ကြမ်းပြင်ပေါ်တွင် လဲနေကြောင်း ရဲ့ချန် မြင်လိုက်ရသည်။ နဂါးမိစ္ဆာကြီး၏ အရိုးအတော်များများကလည်း ဆိုးဆိုးဝါးဝါး ပျက်စီးနေလေသည်။
ရဲ့လျှို၏ရောင်ခြည် တိုက်ချက်က နဂါးမိစ္ဆာကြီးကို ဆိုးဝါးသော ဒဏ်များများ ရသွားအောင် လုပ်နိုင်ပေသည်။
နဂါးမိစ္ဆာကြီးက ကြမ်းပြင်ပေါ်မှ ထရပ်ရန် ခက်ခက်ခဲခဲ ကြိုးစားနေလေသည်။ “ ဂရား … “ နဂါးကြီးက ဒေါသတကြီး မာန်ဖီလိုက်သည်။
နဂါးမိစ္ဆာကြီး၏ခန္ဓာကိုယ်က အရိုးများသည် တဖန် ရဲရဲတောက်လာပြန်၏။ ထို့နောက် သူ၏အရိုးများထဲက မီးတောက်များ ထွက်လာသည်။ ထိုမီးတောက်များက နဂါးမိစ္ဆာကြီး၏ခန္ဓာကိုယ်ကို ရစ်သိုင်းလာတော့သည်။
ထိုမီးတောက်များ ပတ်လည်ဝိုင်းနေသောကြောင့် နဂါးမိစ္ဆာကြီးက တကယ့် မီးနဂါးတစ်ကောင်ဖြင့် တူသွားသည်။
နဂါးမိစ္ဆာကြီးက ပုံစံကို ပြောင်းလဲလိုက်ပြီးနောက် ယခင်ကထက်ပင် ပိုမို အားကောင်းလာတော့သည်။
“ ဒါကြီးက ဘယလိုမွန်းစတားမျိုးကြီးလဲ၊ ဘာဖြစ်လို့ ခုထက်ထိ မပျက်စီးသေးတာလဲ “ ချင်းချမ်သည် နဂါးမိစ္ဆာကြီးက ဤမျှ စွမ်းအားပြင်းသည့် တိုက်ချက်ကို ခံထားရသည့်တိုင် အသက်ရှင်နေဆဲ ရှိသေးသည်ကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေလေသည်။
ရဲ့ချန်က အံ့ကို တင်းနေအောင် ကြိတ်ထားလိုက်သည်။ အခြေနေများက မျှော်လင့်ထားသလို ဖြစ်မလာတော့ပေ။ ထိုကျင့်စဉ်ကို အသုံးပြုပြီးနောက် ရဲ့လျှိုတွင်လည်း အင်အားက အနည်းငယ်မျှသာ ကျန်ရှိတော့သည်။ ရဲ့ချန်သည် ရဲ့လျှိုက မီးနဂါးတစ်ကောင်အဖြစ် ပြေင်းလဲသွားသည့် နဂါးမိစ္ဆာကြီးကို မတိုက်ခိုက်နိုင်တော့မည်ကို စိုးရိမ်သွား၏။
ရဲ့ချန်သည ထိုနဂါးမိစ္ဆာကြီးကို မည်သို့ အနိုင်ယူရမှန်း အသည်းအသန် စဉ်းစားရတော့သည်။
နောက်ဆုံးတော့ ဤအခြေအနေတွင် သူ့ကို ကူညီနိုင်မည့် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။ ယခု ရဲ့ချန်တွင် ဆေးလုံးမဏ္ဍိုင်တစ်လုံး ရှိနေသည် မဟုတ်ပါလား။ ထိုဆေးလုံးဖြင့်ဆိုလျှင် ရဲ့ချန်က နဂါးမိစ္ဆာကြီးကို တိုက်ခိုက်ရန် ယုံကြည်မှုရှိသွားပြီ ဖြစ်သည်။
ရဲ့ချန်က နတ်သမီးတံခါး၀၏ သိုလှောင်ခန်းမထဲမှ ဆေးလုံးမဏ္ဍိုင်ကို ထုတ်ယူပြီး ချက်ချင်း သောက်ချလိုက်သည်။
ဆေးလုံးမဏ္ဍိုင်ကို သောက်သုံးပြီးနောက် ရဲ့ချန်၏ခန္ဓာကိုယ်တွင် ဆန်းကြယ်သည့် စွမ်းအင်များက ပေါက်ကွဲလျှံထွက် လာတော့သည်။ ရဲ့ချန်သည် သူ၏ခန္ဓာကိုယ်တွင် ဤမျှကြီးကျယ်သည့် စွမ်းအင်များ စီးဆင်းနေသည်ကို တစ်ခါမျှ မခံစားဖူးပေ။
ရဲ့ချန်သည် အင်အားများက အလွန်တရာ လျင်မြန်သည့် အရှိန်ဖြင့် နှစ်ဆယ့်ငါးဆတိတိ တိုးတက်လာကြောင်း ခံစားလိုက်ရ၏။
“ အုန်း … “ ရဲ့ချန်၏အော်ရာများက ပေါက်ကွဲထွက်လာသည်။ ရဲ့ချန်၏နောက်တွင် ရှိနေသည့် မူလန်ယင်း နှင့် ချင်းချမ်တို့သည် နောက်သို့ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။
ရဲ့ချန်က မီးသွေးကြောကို တစ်ဖန် ပြန်ဖွင့်လိုက်သည်။ မီးသွေးကြောကို ဖွင့်ပြီးနောက် ရဲ့ချန်၏အင်အားက အတားဆီးမရှိသော ပင်လယ်ကြီးတစ်စင်းကဲ့သို့ ဖြစ်သွားလေသည်။
“ အယုတ်တမာ နဂါး၊ မင်းရဲ့ရှုံးနိမ့်မှုအတွက် အသင့် ပြင်ထားလိုက်တော့ “ ရဲ့ချန်က နဂါးမိစ္ဆာကြီးထံ ဦးတည် ပျံသန်းသွားလေသည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ရဲ့ချန်က နဂါးမိစ္ဆာကြီးကို အဆက်မပြတ် ရိုက်နှက်လိုက်တော့သည်။
ယခုတော့ နဂါးမိစ္ဆာကြီးသည် ရဲ့ချန် ထိုးသမျှ၊ ကန်သမျှကို လှိမ့်ခံနေရသည့် ကစားစရာ အရုပ်လေးတစ်ရုပ်လို ဖြစ်သွားပြီ ဖြစ်၏။
“ ဘာတွေ ဖြစ်သွားတာလဲဟင်၊ ဘာဖြစ်လို့ စီနီယာချန်က ဒီလောက်ထိ အားကောင်းသွားရတာလဲ “ ရုတ်ချည်း တိုးတက်လာသော ရဲ့ချန်၏အင်အားများက မူလန်ယင်း၏မျက်လုံးထဲက မလွတ်ပေ။
“ ငါလည်း မသိဘူးလေ၊ သူက တားမြစ်ကျင့်စဉ် ဒါမှမဟုတ် တစ်စုံတစ်ခုကို အသုံးပြုလိုက်တာကြောင့် ဖြစ်မယ်ထင်တယ် “ ချင်းချမ်သည်လည်း ရဲ့ချန်၏အင်အားများ တိုးပွားလာရသည့် အကြောင်းရင်းကို မခန့်မှန်းနိုင်ချေ။
ရဲ့လျှိုက မူလန်ယင်း နှင့် ချင်းချမ်တို့ဆီ ပြန်လည် ဆုတ်ခွာလာသည်။ ရဲ့ချန်က နဂါးမိစ္ဆာကြီးကို တိုက်ခိုက်နိုင်ကြောင်း သူမ အသေချာသိပေသည်။ လောလောဆယ်တော့ သူမ ပင်ပန်းနေပြီ ဖြစ်၏။ သူမတွင် ရဲ့ချန်ကို ကူညီရန် အင်အား မရှိတော့ဘူး မဟုတ်လား။
“ နဂါးအယုတ်တမာ၊ စောစောက ငါခံစားခဲ့ရသလို အခု မင်းပြန်ခံစားလိုက်တော့ “ ရဲ့ချန်က နဂါးမိစ္ဆာကို စိတ်ရှိလက်ရှိ လက်စားချေနေပြီ ဖြစ်၏။
ရဲ့ချန်က နဂါးမိစ္ဆာကြီးကို လုံး၀ ပြန်ထခွင့်မပေးဘဲ အသားကုန် ရိုက်နှက်နေလေသည်။
နဂါးမိစ္ဆာကြီးက ရဲ့ချန်ကို မီးတောက်ဖြင့် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ ကံမကောင်းစွာပင် မီးတောက်က ရဲ့ချန်အပေါ်တွင် လုံး၀ အလုပ်မဖြစ်ပေ။
နဂါးမိစ္ဆာကြီးက ထိုအရာကို မသိဘဲ ရဲ့ချန်၏လက်မှ လွတ်ရန် မီးတောက်များဖြင့် အသည်းအသန် တိုက်ခိုက်နေလေသည်။ ဤအချိန်တွင် ရဲ့ချန်အတွက် နဂါးမိစ္ဆာကြီးက ခြိမ်းခြောက်မှုတစ်ခုပင် မဟုတ်တော့ပေ။
အချက်တစ်ရာကျော်ခန့် ရိုက်နှက်ပြီးနောက် နဂါးကြီး၏ခန္ဓာကိုယ်က မီးတောက်များက တဖြည်းဖြည်း မှေးမှိန်လာတော့သည်။ ကြည့်ရသည်များ နဂါးကြီးက မကြာခင် ရှုံးနိမ့်တော့မည်ပုံ ပေါ်နေ၏။
မရှုံးနိမ့်မီ နဂါးကြီးက ပါးစပ်ကြီးကို အပေါ်ဘက် ဦးတည် ဟပြီး မီးတောက်များကို စုစည်းလိုက်သည်။ ထို့နောက် ဧရာမ မီးတောက်ဘောလုံးကြီးက နဂါးကြီး၏အပေါ်တွင် ဖြစ်ပေါ်လာခဲ့၏။
ထိုမီးတောက်ဘောလုံးကြီးက တစ်စတစ်စ ပိုမို ကြီးမားလာပြီး အခန်းထဲတွင် ပူပြင်းပြီး လင်းထိန်နေသည့် နေမင်းကြီးအလား ဖြစ်ပေါ်နေလေသည်။
အခန်းတွင်း အပူရှိန်ကလည်း ရုတ်တရက် ပြဇာတ်ဆန်ဆန် ပြောင်းလဲသွားသည်။ ရဲ့လျှိုက အဝါရောင် အကာကွယ်ဒိုင်းတစ်ခုကို ဖန်တီးပြီး ဘေးကမိန်းကလေးနှစ်ယောက်ကို ကာကွယ်ပေးလိုက်သည်။
ထိုဧရာမ မီးတောက်ဘောလုံးကြီးကို နဂါးမိစ္ဆာက သူ၏စွမ်းအင် အကုန်လုံး ပုံအောပြီး ဖန်တီးထားခြင်း ဖြစ်၏။
ထိုစွမ်းအားပြည့် တိုက်ချက်ကို ကြည့်ရင်း ရဲ့ချန်က အပေါ်သို့ ပျံတက်သွားသည်။ ရဲ့ချန်က အပေါ်ဘက်တွင် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပြီး ဖျက်ဆီးခြင်း လက်ဝါးသိုင်းကို အသုံးပြုလိုက်သည်။
နဂါးမိစ္ဆာကြီးက ထိုခိုက်တိုက်မှုတွင် သူ၏စွမ်းအင် အားလုံးကို အိတ်သွန်ဖာမှောက် အသုံးပြုထားသောကြောင့် ရဲ့ချန်ကလည်း ဖျက်ဆီးခြင်း လက်ဝါးသိုင်းတွင် သူ၏စွမ်းအင်အားလုံးကို အသုံးပြုထားသည်။
ထိုအချိန်တွင် အနက်ရောင် တိမ်စိုင်များက စတင် ပေါ်ပေါက်လာသည်။ “ ဖျက်ဆီးခြင်းလက်ဝါးသိုင်း ဒုတိယလက်ချောင်း “ တိမ်စိုင်များ၏နောက်ကွယ်မှ ဧရာမ လက်ဝါးကြီးသည် နဂါးမိစ္ဆာကြီးထံ ကျရောက်လာတော့သည်။
“ ဘမ်း … “ နဂါးကြီးကလည်း မီးတောက်ဘောလုံးကို ရဲ့ချန်ဆီသို့ ပစ်လွှတ်လိုက်သည်။
ကြီးမားသည့် စွမ်းအင် အစုဝေးကြီး နှစ်ခုက နီးကပ်လာပြီ ဖြစ်၏။ ဧရာမ မီးတောက် ဘောလုံးကြီးက ဖျက်ဆီးခြင်း လက်ဝါးသိုင်းနှင့် နီးကပ်လာသောအခါ မည်သည့်အရာမျှ မကျန်တော့အောင် ချက်ချင်း ပျောက်ကွယ်သွားလေသည်။
“ အုန်း … “ ဧရာမ လက်ဝါးကြီးက နဂါးမိစ္ဆာကြီးထံ တိုက်ရိုက် ထိမိသွားသည်။
ဤမျှ ပြင်းထန်သည့် ရိုက်ချက်ကို ခံလိုက်ရပြီးနောက် နဂါးမိစ္ဆာကြီးက ချင်ချင်း ပျက်စီးသွားလေသည်။
မူလန်ယင်း နှင့် ချင်းချမ်တို့သည် အစကနေ အဆုံးထိ သူမတို့၏ဘ၀တွင် အကြီးမား တိုက်ပွဲကို မြင်လိုက်ရသည်။
သူမတို့နှစ်ယောက်သည် ဤမျှ ကြီးကျယ်သည့် တိုက်ပွဲမျိုးကို ယခင်က မမြင်ဖူးခဲ့ပေ။ မူလန်ယင်း နှင့် ချင်းချမ်တို့သည် ရဲ့ချန် နှင့် သူမတို့၏လောကက အကြီးအကျယ် ကွားခြားနေကြောင်း ခံစားလိုက်ရသည်။ ယင်းသည် ကောင်းကင် နှင့် မြေကြီးတိုဖြင့် အလားသဏ္ဌာန်တူနေသည် မဟုတ်ပါလား။
“ ဟူး … “ ရဲ့ချန် သက်ပြင်းတစ်ချက် ချလိုက်၏။ ယခုတော့ အရာအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း သူယုံကြည်သွားပြီ ဖြစ်သည်။
ထိုအချိန်တွင် ရဲ့ချန်မှာ အင်အားဟူ၍လည်း တစ်စက်မျှ မကျန်တော့ပေ။ သူသည် အားနည်းပြီး မြင်ကွင်းများက တဖြည်းဖြည်း ေ၀၀ါးလာသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် ရဲ့ချန်က လေထဲမှ အောက်သို့ ချက်ချင်း ပြုတ်ကျလာသည်။ ကံကောင်းတောက်မစွာ ရဲ့လျှိုက လျင်လျင်မြန်မြန် လှုပ်ရှားပြီး လေထဲမှ ပြုတ်ကျလာသော ရဲ့ချန်ကို အသာအယာ ဆီးဖမ်းထားပေသည်။
ရဲ့လျှိုက ရဲ့ချန်ကို ကျောက်ပြားပေါ်တွင် လဲပေးလိုက်သည်။ ထို့နောက် သူမက ချစ်စဖွယ်ကောင်းသည့် မူလအရွယ်အစားသို့ ပြန်ပြောင်းလိုက်သည်။
ချင်းချမ်သည် ရဲ့ချန်၏အခြေအနေက မည်သို့ဖြစ်နေမှန်း သိချင်နေသောကြောင့် အနားသို့ ချက်ချင်း ပြေးလာခဲ့သည်။
ရဲ့ချန်၏အခြေအနေကို စစ်ဆေးပြီးနောက် ချင်းချမ်တစ်ယောက် စိတ်သက်သာရာ ရသွားလေသည်။ ရဲ့ချန်နှင့်ပက်သတ်ပြီး ဆိုးဆိုးဝါးဝါး ဘာမျှ မရှိပေ။ ရဲ့ချန်က တိုက်ပွဲပြီးနောက် အားကုန်ပြီး သတိလစ်သွားခြင်း ဖြစ်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Tempat cerita menjadi hidup. Temukan sekarang