အခန်း (၂၃၀) မူနန်းစီ

430 19 7
                                    

အေးစိမ့်နတ်သမီးလေးဖော်၏ ဒဏ်ရာများကို ဆေးများဖြင့် ကုသပြီးသော် ဒဏ်ရာများက အလွန် လျင်မြန်စွာ ပျောက်ကင်းလာကြသည်။ ရှေးဟောင်းရတနာသိုက်၏ ရတနာခန်းမထဲမှ ရရှိခဲ့သည် ဆေးများက အလွန် ကောင်းမွန်လှချေသည်။ ယင်းက ဒဏ်ရာများကို ကုသရာတွင် အလွန် လျင်မြန်လှသည် မဟုတ်ပါလား။
အေးစိမ့်နတ်သမီးလေးဖော်၏ ခန္ဓာကိုယ်က စတင် တုန်ခါလာသည်။ ကြည့်ရသည်မှာ သူမတို့က မကြာခင် သတိရလာတော့မည့်ပုံပေါ်၏။ အချိန်တစ်ခဏခန့် ကြာပြီးသော် အေးစိမ့်နတ်သမီးလေးဖော်က မျက်လုံးများ အသီးသီး ပွင့်လာကြသည်။ သူမတို့က ဘေးပတ်၀န်းကျင်ကို လှည့်ပတ် ကြည့်ရှုနေကြသည်။ သူမတို့လေးယောက်က သတိလည်လာသော်လည်း ခေါင်းကတော့ အနည်းငယ် ရီဝေ၀ ဖြစ်နေသေးသည် မဟုတ်ပါလား။
နတ်မိမယ်လေးယောက်သည် သူမတို့ရှေ့တွင် မတ်တတ်ရပ်နေသည့် မူလန်ယင်းကို သတိထားမိသွားကြသည်။ “ ဂိုဏ်းခေါင်းဆောင်၊ ကျွန်မတို့ ဘယ်ရောက်နေကြတာလဲ “ နတ်သမီးတစ်ယောက်က မေးလိုက်သည်။ နတ်သမီးအားလုံးသည် ခေါင်းက မူးနောက်နောက် ဖြစ်နေသောကြောင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမှတ်မိသေးချေ။
“ ငါတို့က အခု ဂိုဏ်းထဲက ဆေးကုသဆောင်မှာ၊ ငါနဲ့ လမ်းကွဲပြီးတဲ့နောက်ပိုင်း ဘာတွေ ဖြစ်သွားခဲ့တာလဲ၊ မင်းတို့လေးယောက်ကို ဒီလိုဖြစ်အောင်လုပ်တာ ဘယ်သူလဲ “ မူလန်ယင်းသည် နတ်သမီးလေးဖော်ကို ဒဏ်ရာရအောင် လုပ်ခဲ့သည့်လူအား အမှန်တကယ် သိချင်နေ၏။
မူကျူး၊ ဖန့်ချီ၊ မူဖေး နှင့် မုယုံရှားတို့သည် ယခင်က သူမတို့ မည်သည့်အရာများ ဖြစ်သွားခဲ့မှန်း စတင် စဉ်းစားကြည့်လိုက်သည်။ သူမတို့သည် သေခြင်း၊ ရှင်ခြင်း အဆုံးအဖြတ် ပေးနိုင်သည့် အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ရကြောင်း သတိရလာသည်။
“ ငါမှတ်မိပြီ၊ ငါတို့ ဂိုဏ်းကို ပြန်လာတဲ့အချိန်တုန်းက မျက်နှာဖုံး တပ်ထားတဲ့ လူနှစ်ယောက်က ငါတို့ကို အလစ်ဖမ်း တိုက်လိုက်တာပဲ “ မူကျူးသည် အခြားနတ်သမီးသုံးဖော်နှင့် ဂိုဏ်းသို့ ပြန်လာနေစဉ် ဖြစ်ပျက်ခဲ့သော အရာများအား ပြောပြလိုက်သည်။ မျက်နှာဖုံး တပ်ထားသည့် လူနှစ်ယောက်က အလွန်တရာ အားကောင်းလှသည်။ နတ်သမီးလေးယောက် ပူးပေါင်းတိုက်ခိုက်သည့်တိုင် မျက်နှာဖုံးတပ် လူနှစ်ယောက်ကို အနိုင်မတိုက်နိုင်ခဲ့ပေ။
ရန်သူက နတ်သမီးလေးဖော်ကို အကွက်ကျကျ စီစဉ်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာ သူမတို့က ဂိုဏ်း၏လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီး အန္တရာယ်ရှိသည့် အခြေအနေမှ ထွက်ပြေးနိုင်ခဲ့သည်။
လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးနောက် သူမတို့၏ဒဏ်ရာများက နဂိုထက်ပင် အခြေနေပိုဆိုးလာခဲ့သည်။ ထိုကျင့်စဉ်ကို အသုံးပြုပြီးနောက် သူမတို့က ကံကောင်း၍သာ အသက်ရှင်ခဲ့ခြင်း ဖြစ်သည်။
“ နင်တို့ကို အလစ်ဖမ်းတိုက်တဲ့လူက ဘယ်သူလဲ သိလိုက်လား “ မူလန်ယင်းက မေးလိုက်သည်။
“ သူတို့က မျက်နှာဖုံး တပ်ထားတာကြောင့် ဘယ်သူမှန်းတော့ မသိလိုက်ဘူး၊ ဒါပေမဲ့ သူတို့သုံးခဲ့တဲ့ ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေကတော့ ဓားခုနစ်ချောင်းဂိုဏ်းနဲ့ တစ်ပုံစံတည်းပဲ “ မုယုံရှားက သူမ မှတ်မိသလောက် ပြောပြလိုက်သည်။ သူမသည် ရန်သူ အသုံးပြုခဲ့သည့် ကျင့်စဉ်က ဓားခုနစ်ချောင်ဂိုဏ်းနှင့် အလွန်တရာ တူညီနေသည်ဟု ခံစားနေရသည် မဟုတ်ပါလား။
“ အဲဒါက သေရာ သေချာလို့လား “ မူလန်ယင်းက မေးလိုက်သည်။ နတ်သမီးလေးဖော်ထဲတွင် မုယုံရှားက အငယ်ဆုံး ဖြစ်သည်။ ထို့ကြောင့် သူမက အတွေ့အကြုံနုနေသေးသည် မဟုတ်ပါလား။
“ ငါ လုံး၀ သေချာတယ် “ မုယုံရှားက ခေါင်းညိတ်ပြလိုက်သည်။ သူမမြင်ခဲ့သည့် အရာကိုတော့ ဟုတ်မဟုတ် ခန့်မှန်းနိုင်သေးသည် မဟုတ်ပါလား။
“ မူကျူး၊ ဖန့်ချီ နင်တို့ ဘယ်လိုထင်လဲ “ မူလန်ယင်းသည် မူကျူးနှင့် ဖန့်ချီတို့ဘက် လှည့်ကာ သဘောထားကို မေးလိုက်သည်။
“ ငါ အဲဒါကို ပြန်ပြောရတာ မုန်းတယ်၊ ဒါပေမဲ့ မူကျူးပြောတာ မှန်တော့ မှန်တယ်၊ ရန်သူက သူတို့ရဲ့သိုင်းပညာကို ဖုံးကွယ်ထားတာတောင်မှ အနည်းဆုံးတော့ သူတို့ရဲ့သိုင်းကွက်တွေက ဓားခုနစ်ချောင်းဂိုဏ်းနဲ့ ဆင်တူနေတာကိုတော့ ဖြောက်ထားလို့ မရဘူးလေ “ မူကျူးက မုယုံရှားနှင့် သဘောထား အတူတူပင် ဖြစ်၏။ သူမသည်လည်း အလစ်ဖမ်းတိုက်သည့် လူများက ဓားခုနစ်ချောင်းက လူများဟု သံသယ ၀င်နေသည် မဟုတ်ပါလား။
“ ဒါပေမဲ့ ဓားခုနစ်ချောင်းဂိုဏ်းက လူတွေက နင်တို့ကို အကြောင်းပြချက်ရှိလို့ တိုက်ခိုက်ရမှာလဲ၊ ငါတို့မှာ ဓားခုနစ်ချောင်းဂိုဏ်းနဲ့ ဘာရန်ငြိုးမှ မရှိတဲ့ဥစ္စာ “ မူလန်ယင်း စဉ်းစားမရ ဖြစ်နေသည်။ ဓားခုနစ်ချောင်းဂိုဏ်းက အဘယ်ကြောင့် ယခင်က မည်သည့်ကတောက်ကဆမျှ မရှိသည့် နတ်သမီးလေးဖော်ကို တိုက်ခိုက်ရသနည်း။
“ ဒီအတွက် သူတို့မှာ အကြောင်းပြချက်တစ်ခု ရှိတယ်၊ ရှေးဟောင်းရတနာသိုက်ထဲ ရောက်လာတုန်းက ငါတို့နဲ့ ဓားခုနစ်ချောင်းဂိုဏ်းက လူတွေနဲ့ စကားနည်းနည်း များခဲ့တယ်၊ ငါတို့နဲ့ တခြားဂိုဏ်းကြီးက လူတွေကို ဓားခုနစ်ချောင်းက အကြီးကဲတွေက သူတို့လူတွေကို သတ်ပါတယ်လို့ စွပ်စွဲခဲ့တယ်လေ “ မူကျူးသည် သူမတို့ကို ဓားခုနစ်ချောင်းဂိုဏ်းက လူများက မှားယွင်းစွပ်စွဲခဲ့ကြောင်း ပြောလိုက်သည်။
ထို့ကြောင့် နတ်သမီးလေးဖော်က လက်မခံနိုင်ဖြစ်ပြီး ဓားခုနစ်ချောင်းဂိုဏ်းနှင့် အပြန်အလှန် စကားများခဲ့ခြင်း ဖြစ်၏။
“ ဒါက ဒီလိုတွေ ဖြစ်သွားခဲ့တာပေါ့၊ အဲဒါလောက်နဲ့တော့ သူတို့က နင်တို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ တစ်ခုခုတော့ ရှိရမယ် “ မူလန်ယင်းသည် အေးစိမ့်နတ်မိမယ်လေးဖော်ကို တိုက်ခိုက်သွားသည့် လူများကို သံသယ အနည်းငယ် ၀င်နေ၏။
ရဲ့ချန်နှင့် ချင်းချမ်တို့သည် ဓားခုနစ်ချောင်းဂိုဏ်းက နိုင်ငံတစ်ဝှမ်းလုံးရှိ ဂိုဏ်းကြီးများကို ရှင်းထုတ်ပစ်မည့် ယုတ်မာသည့် အစီအစဉ်ကို ပြောပြရန် မေ့လျော့နေခဲ့သည် မဟုတ်ပါလား။
“ နင်တို့တွေ အနားယူလိုက်ဦး၊ ငါလည်း ဂိုဏ်းဘိုးဘေးတွေနဲ့ သွားပြီး တိုင်ပင်လိုက်ဦးမယ် “ မူလန်ယင်းက နတ်သမီးလေးဖော်ကို အနားယူရန် ပြောလိုက်သည်။ ဂိုဏ်း၏လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုပြီးနောက် သူမတို့က အေးစိမ့်ရေခဲကျင့်စဉ်ကို အပြည့်အ၀ အသုံးမပြုနိုင်သေးပေ။ ထို့ကြောင့် သူမတို့က အန္တရာယ်ရှိသည့် အနေအထားတွင်သာ ရှိနေသေး၏။
“ အင်းပါ “ နတ်သမီးလေးဖော်က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။
မူလန်ယင်းသည် ဆေးကုသဆောင်ထဲမှ ထွက်လာပြီး ဂိုဏ်းနောက်ဘက်သို့ အလွန် ဝေးကွာသည့် နေရာသို့ ထွက်လာခဲ့သည်။ ထိုနေရာတွင် သူမ၏ဆရာ နေထိုင်သည် မဟုတ်ပါလား။ ဂိုဏ်းတပည့်များ သို့မဟုတ် နတ်သမီး အကြီးကဲများအတွက် အရေးကြီးကိစ္စ မရှိလျှင် ထိုနေရာသို့ မလာရန် တားမြစ်ထားလေသည်။
“ ဆရာ၊ တပည့်မ လန်ယင်းက နှုတ်ဆက်ပါတယ် “ မူလန်ယင်းက ဆရာဖြစ်သူကို နှုတ်ဆက်လိုက်သည်။
“ လန်ယင်း၊ ညည်းလား … လာလေ အထဲကို “ လိုဏ်ဂူထဲမှ ထွက်လာသည့် အမျိုးသမီးတစ်ယောက်၏ အသံက အလွန်တရာ ရှင်းလင်းစွာ ထွက်ပေါ်လာ၏။
မူလန်ယင်းက လိုဏ်ဂူထဲသို့ ချက်ချင်း ၀င်လာခဲ့သည်။ ထိုလိုဏ်ဂူသည် အပြင်ဘက်က အလင်းရောင် တစ်စွန်းတစ်စသာ ကျရောက်နေပြီး အလွန်တရာ တိတ်ဆိတ်နေသည့် နေရာဖြစ်သည်။
အထဲတွင် အလွန် လှပေသာ အမျိုးသမီးတစ်ယောက်က ထိုင်နေ၏။ ထိုအမျိုးသမီးတွင် ရေခဲကဲ့သို့ အပြာရောင် ဆံပင်များနှင့် မျက်နှာကို ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခု ရှိသည်။ သူမ၏ခန္ဓာကိုယ်က ကောင်းစွာ ဖွံ့ဖြိုးနေပြီ ဖြစ်၏။ မူလန်ယင်းပင် ထိုအမျိုးသမီး၏ အမို့အမောက် အချိုင့်အဝှမ်း ဖြစ်နေသည့် ခန္ဓာကိုယ်နှင့်စာလျှင် အနည်းငယ် ရှုံးနိမ့်သွားမည် ဖြစ်၏။ အမျိုးသမီး၏မျက်လုံးတစ်စုံက အလွန်တရာ သန့်ရှင်းသော သလင်းကျောက်ကဲ့သို့ အပြာရောင် တောက်နေ၏။ ထို့အပြင် မျက်လုံးထဲတွင် မည်သည့် ဝဲဂယက်မျှ မရှိဘဲ အနည်မရှိသော ရေကန်ကဲ့သို့ အလွန်တရာ သန့်ရှင်းနေ၏။
ထိုအမျိုးသမီးက မူလန်ယင်း ဂိုဏ်းခေါင်းဆောင် မဖြစ်ခင်က ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်၏။ သူမ၏အသက်က မူလန်ယင်းထက် နှစ်ဆ သို့မဟုတ် သုံးဆခန့် ကြီးပေသည်။ ထိုအမျိုးသမီး၏နာမည်က မူနန်စီ ဖြစ်သည်။
“ ဆရာ၊ ကျွန်မ … “ မူလန်ယင်း၏စကား မဆုံးမီ ရေခဲပန်းအချို့က သူမဆီ ဦးတည် ပျံသန်းလာသည်။
မူလန်ယင်းက သူမဆီ ပြေး၀င်လာသည့် ရေခဲပန်းများကို ချက်ချင်း ဖျက်ဆီးပစ်လိုက်သည်။
“ ဘမ်း … ဘမ်း … ဘမ်း … ဘမ်း … ဘမ်း “ ရေခဲပန်းပွင့်များကို မူလန်ယင်းက အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။
“ လန်ယင်း၊ ကြည့်ရသလောက်တော့ ညည်းက ငါတို့ နောက်ဆုံး ဆုံတွေ့တဲ့ အချိန်တုန်းကထက် အများကြီး တိုးတက်လာတယ်နဲ့တူတယ် “ မူနန်စီက ဤတစ်ကြိမ်တွင် မူလန်ယင်း၏အင်အားကို စမ်းရုံသာ စမ်းကြည့်ခဲ့ခြင်း ဖြစ်သည်။
လောလောဆယ် မူနန်စီက အင်ပါယာနယ်ပယ် အဆင့်နှစ် ဖြစ်သည်။ အစကတည်းက မူနန်စီ၏ပါရမီက အလွန်တရာ ကောင်းမွန်လှသည်။ သူမကို မြင်တွေ့ရန် အင်မတန် ရှားပါးသည့် ပါရမီရှင်ဟုပင် ခေါ်နိုင်သည်။ ထိုပါရမီများကြောင့် မူနန်စီက အင်ပါယာနယ်ပယ် အဆင့်နှစ်သို့ ချိုးဖြတ် တက်ရောက်နိုင်ခြင်း ဖြစ်သည်။
“ ဆရာ၊ ကျွန်မကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် “ မူလန်ယင်းက ကျေးဇူးတင်စကား ပြောလိုက်သည်။
“ လန်ယင်း၊ ညည်း ဒီကို ဘာကိစ္စရှိလို့ လာတာလဲ “ မူနန်စီက မေးလိုက်သည်။
“ ဆရာ၊ ကျွန်မ ဒီကိုလာတာ ဆရာနဲ့ တိုင်ပင်စရာ တစ်ုရှိလို့ လာတာပါ “ မူလန်ယင်းက ဓားခုနစ်ချောင်းဂိုဏ်းနှင့် ပတ်သက်သည့် ကိစ္စကို ဆွေးနွေးလိုသည် မဟုတ်ပါလား။

***

You've reached the end of published parts.

⏰ Last updated: Oct 08, 2021 ⏰

Add this story to your Library to get notified about new parts!

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now