အခန်း (၂၁၂) နဂါးတစ်ကောင်နှင့် ဖီးနစ်နှစ်ကောင်

216 14 0
                                    

“ အခြေနေ … ကျုပ်တို့က ဘာအခြေနေကို ဖြည့်ဆည်းပေးရမှာလဲ “ ရဲ့ချန်သည် အမွေဆက်ခံရန်အတွက် မည်သည့်အခြေနေကို ဖြည့်ဆည်းရမည်ဖြစ်ကြောင်း မေးလိုက်သည်။
“ ဟဟဟဟ … အခြေနေက အရမ်းလွယ်ပါတယ်ကွာ၊ ငါတို့ရဲ့အမွေက လင်မယားသုံးယောက်အတွက် ရည်ရွယ်ထားတာ၊ ဒါကြောင့် ငါတို့ရဲ့အမွေကို ဆက်ခံချင်တယ်ဆိုရင် မင်းတို့က ထာ၀ရ လက်တွဲသွားရလိမ့်မယ် “ အသူရာနဂါးက ဖြည့်ဆည်းပေးရမည့် အခြေနေကို ပြောလိုက်သည်။
“ ရှင် … “ လူသုံးယောက်ထဲတွင် အံ့အားအသင့်ဆုံးက မူလန်ယင်း ဖြစ်သည်။ ထိုအမွေက စုံတွဲများအတွက် ရည်ရွယ်ထားကြောင်း သူမ ထင်မထားခဲ့ဘူး မဟုတ်လား။
“ နဂါးဘိုးဘေး၊ ဘိုးဘေးတို့ရဲ့အမွေက ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာလဲ “ မူလန်ယင်းက အသူရာနဂါး၏ တောင်းဆိုချက်ကို အတွန့်တက်လိုက်သည်။
“ ငါတို့ချန်ထားခဲ့တဲ့ အမွေအနှစ်က စုံတွဲတွေအတွက်ပဲ အသုံး၀င်တာ၊ မင်းတို့ မလုပ်ချင်ဘူးဆိုရင် အဲဒါကို ငြင်းဆန်နိုင်တယ် “ ရေခဲဖီးနစ်က ပြောလိုက်သည်။
နတ်ဘုရားများသည် သူတို့အမွေကို လက်မခံလိုသောလူအား တွန်းအားပေးမည် မဟုတ်ပေ။
ရဲ့ချန် နှင့် ချင်းချမ်က ထိုကိစ္စအတွက် အမှန်တကယ် စိတ်အနှောင့်အယှက် မဖြစ်ပေ။ ချင်းချမ်သည်လည်း ရဲ့ချန်၏လက်တွဲဖော်ဖြစ်ရန် စိတ်ရှိနေမည် မဟုတ်ပေ။ ထို့ကြောင့် ဤကိစ္စက လုံး၀ ပြဿနာ မဟုတ်ပေ။
ရေခဲဖီးနစ်၏စကားကို ကြားပြီးနောက် မူလန်ယင်းတစ်ယောက် မည်သည့်စကားမျှ ပြန်မပြောနိုင်တော့ပေ။
“ အသူရာနဲ့ ဖီးနစ်ဘိုးဘေး၊ ကျုပ် စိတ်မရှိပါဘူး၊ ဒါကြောင့် ကျုပ် အမွေတစ်ခုကို ဆက်ခံပါရစေ “ ရဲ့ချန်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး ပြဿနာ မရှိပေ။ ထိုစွမ်းအင်က သူ့အတွက် အဓိပ္ပာယ်များစွာ ရှိပေသည်။
နဂါးမိစ္ဆာကြီးနှင့် တိုက်ခိုက်ပြီးနောက် ရဲ့ချန်သည် ဤလောကတွင် အားကောင်းသည့်လူများက များစွာရှိနေကြောင်း နားလည်ခဲ့သည်။ သူသာ အလျင်အမြန် အားကောင်းမလာခဲ့လျှင် တန်ဖိုးအရှိဆုံး ရတနာများနှင့် သူ၏မိန်းမများကို ကာကွယ်နိုင်တော့မည် မဟုတ်ပေ။
“ မင်းလက်ခံတာကတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ မင်းရဲ့ဘေးက မိန်းကလေးနှစ်ယောက်ကို စည်းရုံးဖို့ လိုသေးတယ် “ အသူရာနဂါးသည် ချင်းချမ် နှင့် မူလန်ယင်းတိုကို စည်းရုံးမှု အောင်မြင်လျှင် သူတို့၏အမွေများကို ရယူနိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။
“ နတ်သမီးချင်း၊ ကျုပ်နဲ့အတူ ဒီအမွေအနှစ်ကို ရယူချင်လား “ ရဲ့ချန်က မေးလိုက်သည်။
ထိုမေးခွန်းကို ကြားပြီးနောက် ချင်ချမ်၏မျက်နှာက ရဲပလောင်းခတ်သွားလေသည်။ ချင်းချမ်အတွက် ထိုကဲ့သို့ ကမ်းလှမ်းမှုမျိုးကို တစ်ခါမျှ မရခဲ့ဖူးဘူး မဟုတ်လား။
ချင်းချမ်က အဖြေပြန်မပေးဘဲ ရဲ့ချန်၏တောင်းဆိုမှုကို လက်ခံသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။
ချင်းချမ်က သဘောတူလိုက်သည်ကို ကြည့်ရင်း ရဲ့ချန် အတော်လေး ကျေနပ်သွား၏။ ယခုတော့ မူလန်ယင်းကိုသာ စည်းရုံးရန် ကျန်တော့သည်။
“ နတ်သမီးမူ၊ ခင်ဗျားက … “ “ သဘောမတူဘူး “ ရဲ့ချန်၏စကားမဆုံးမီမှာပင် မူလန်ယင်းက ထိုအရာကို ချက်ချင်း ငြင်းဆန်လိုက်သည်။
မူလန်ယင်းသည် အေးစိမ့်ရေခဲဂိုဏ်းက မိန်းကလေးတစ်ယောက် ဖြစ်၏။ သူမက သူမ၏ခန္ဓာကိုယ်တွင် ယင်ဖိုသန်းမည့် အဖြစ်မျိုးကို ခွင့်ပြုမည် မဟုတ်ချေ။
“ အသူရာဘိုးဘေး၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ၊ ကျုပ်တို့နှစ်ယောက်ပဲ ခင်ဗျားတို့ရဲ့အမွေကို လက်ခံနိုင်တော့မယ် “ မူလန်ယင်းက ထိုကိစ္စကို ငြင်းဆန်လိုက်သောကြောင့် သူနှင့် ချင်းချမ်တို့သာ အမွေအနှစ်ကို လက်ခံရတော့မည် ဖြစ်၏။
“ ငါ မင်းတို့ကို ပြောပြီးပြီပဲ၊ ဒီအမွေအနှစ်က လူသုံးယောက်အတွက်ပါဆို၊ မင်းတို့မှာ လူတစ်ယောက်လိုနေတယ်၊ အဲဒါကြောင့် ငါတို့ရဲ့အမွေအနှစ်ကို မင်းတို့ကို မပေးနိုင်ဘူး “ အသူရာနဂါးသည် လူတစ်ယောက်လိုနေသောကြောင့် သူတို့၏အမွေအနှစ်ကို မပေးနိုင်ကြောင်း ပြောလိုက်သည်။
“ မူလန်ယင်း၊ နတ်ဘုရားတွေရဲ့ အင်အားအမွေကို လက်မခံချင်ဘူးဆို သေချာပြီလား၊ ဒါက တစ်သက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးနော်၊ နင်က ဒီရွှေရောင် အခွင့်အရေးကို ဖြုန်းတီးမှာ မဟုတ်ဘူးလို့ ငါမျှော်လင့်ပါတယ် “ ခရမ်းရောင် လိပ်ပြာက ပြောလိုက်သည်။
ခရမ်းရောင် လိပ်ပြာက မူလန်ယင်း၏ဝိညာဉ်ကို စစ်ဆေးပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူမက မူလန်ယင်း၏နာမည်ကို အလွယ်တကူ သိရှိနိုင်ပေသည်။
လောလောဆယ် မူလန်ယင်းသည် ထိုအမွေအနှစ်ကို လက်ခံသင့်မသင့် စဉ်းစားရင်း ဦးနှောက်ရှုပ်နေသည်။ နတ်သခင်တစ်ယောက်၏ အင်အားကို အမွေဆက်ခံဖို့ ကမ်းလှမ်းချက်က အလွန်တရာ အကျိုးရှိသည့် အရာတစ်ခု ဖြစ်ပေသည်။
ရဲ့ချန်က ပလ္လင်အောက်သို့ ဆင်းသွားလေသည်။ ရဲ့ချန် ထွက်သွားသောအခါ ချင်းချမ်က လှမ်းခေါ်လိုက်သည်။ “ ရဲ့ချန်၊ နင်ဘယ်သွားမလို့လဲ “ သူမက မေးလိုက်သည်။
“ ငါ အိပ်ပြန်တော့မယ်၊ ငါတို့ မရနိုင်တဲ့ အမွေအနှစ်တွေကို ကြည့်နေရတာက အဓိပ္ပာယ်မှ မရှိတာ “ ဤနေရာတွင် နေပြီး မရနိုင်သည့် အမွေအနှစ်များကို သွားရည်ကျနေလည်း ဘာမျှ ထူးလာမည် မဟုတ်ပေ။
“ ခဏနေဦး “ မူလန်ယင်းက ရဲ့ချန်ကို တားလိုက်သည်။
“ နတ်သမီးမူ၊ ဘာကိစ္စ ရှိလို့လဲ “ ရဲ့ချန်က မေးလိုက်သည်။
“ ဒီအမွေအနှစ်တွေကို လက်ခံကြည့်ရအောင် “ မူလန်ယင်းက သူမ၏မျက်နှာကို တစ်ဖက်သို့ လှည့်ထားလိုက်သည်။ သူမက နတ်ဘုရား၏အမွေကို လက်ခံကြည့်လိုသည်။ ရဲ့ချန်နှင့် လက်တွဲဖော် လုပ်စရာမလိုဘဲ ထိုအမွေအနှစ်ကို သူမ လက်ခံနိုင်လောက်၏။
ရဲ့ချန်က ပလ္လင်ပေါ်သို့ ချက်ချင်း လှည့်တက်လာခဲ့သည်။ ထို့နောက် သူက မူလန်ယင်း နှင့် ချင်းချမ်၏အလယ်တွင် ရပ်လိုက်သည်။
“ အရမ်းကောင်းတယ်၊ မင်းတို့သုံးယောက် ငါတို့ရဲ့အမွေကို လက်ခံဖို့ ပြင်ဆင်ထားပါ “ အသူရာနဂါး၊ ရေခဲဖီးနစ် နှင့် ခရမ်းရောင် လိပ်ပြာတို့ တစ်ဦးစီမှ သွေးသုံးစက် ထွက်လာပြီး ရဲ့ချန်တို့ဆီ ရောက်လာသည်။
ထိုနောက် ၎င်းသွေးသုံးစက်က ရဲ့ချန်၊ မူလန်ယင်း နှင့် ချင်းချမ်တို့၏ခန္ဓာကိုယ်ထဲသို့ ၀င်ရောက်လာတော့သည်။
သွေးများက လူသုံးယောက်၏ခန္ဓာကိုယ်ထဲတွင် စတင် လည်ပတ် စီးဆင်းနေသည်။ ရဲ့ချန်တို့ သုံးယောက်စလုံး ခြေချင်းချိတ် ထိုင်လိုက်သည်။ သူတို့သည် နတ်သခင်တို့ဆီက ရရှိခဲ့သည့် သွေးများကို သူတို့၏ခန္ဓာကိုယ်တွင် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။
ရဲ့ချန်သည် ပညာရှင်နတ်ဘုရား၏သွေး အမွေကို ဆက်ခံပြီးပြီ ဖြစ်သည်။ ထူးဆန်းသည်မှာ ပညာရှင်နတ်ဘုရား၏ သွေးက အသူရာနဂါး၏သွေး ၀င်လာသောအခါ လုံး၀ ငြင်းဆန်ခြင်း မရှိပေ။
ပညာရှင်နတ်ဘုရား၏သွေး နှင့် အသူရာနဂါး၏သွေးတို့သည် အပြည့်အ၀ ပေါင်းစည်းနိုင်ကြပေသည်။
မူလန်ယင်း နှင့် ချင်းချမ်တို့သည်လည်း ရေခဲဖီးနစ် နှင့် ခရမ်းရောင် လိပ်ပြာတို့ထံမှ ရရှိသည့် သွေးစက်များကို အပြည့်အ၀ ပေါင်းစပ်ပြီးပြီ ဖြစ်သည်။
ယခုချိန်တွင် ရဲ့ချန်၊ မူလန်ယင်း နှင့် ချင်းချမ်တို့သည် သွေးပေါင်းစပ်ခြင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်ပြီးပြီ ဖြစ်၏။
“ အခု ငါတို့ရဲ့ဝိညာဉ်နဲ့ ကျင့်ကြံခြင်း ကျင့်စဉ်တွေကို မင်းတို့ဆီ လွှဲပေးတော့မယ် “ အသူရာနဂါး၊ ရေခဲဖီးနစ် နှင့် ခရမ်းရောင် လိပ်ပြာတို့သည် သူတို့၏ဝိညာဉ်များကို ရဲ့ချန် နှင့် မိန်းကလေးနှစ်ယောက်ဆီ လွှဲပြောင်းပေးလိုက်ကြသည်။
အသူရာနဂါး၏ဝိညာဉ်က ရဲ့ချန်၏ဒန်တျန်ထဲ ၀င်လာသည်။ ယခု ရဲ့ချန်၏ချီပင်လယ်ပေါ်တွင် နဂါးဝိညာဉ်တစ်ကောင်က ကိန်းအောင်းနေပြီ ဖြစ်၏။
ရေခဲဖီးနစ်၏ဝိညာဉ်က မူလန်ယင်း၏ဒန်တျန်ထဲ ၀င်ရောက်လာသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်လိပ်ပြာ၏ ဝိညာဉ်က ချင်းချမ်၏ဒန်တျန်ထဲ ၀င်ရောက်လာသည်။
သူတို့၏ဝိညာဉ်များကို လွှဲပေးပြီးနောက် အသူရာနဂါးက ရဲ့ချန်၏စိတ်ထဲကို ယင်ယန်ကျင့်ကြံခြင်း ကျင့်စဉ်တစ်ခု လွှဲပြောင်းပေးလိုက်သည်။
ထိုကျင့်စဉ်၏နာမည်က နဂါးတစ်ကောင် နှင့် ဖီးနစ်နှစ်ကောင်ကျင့်စဉ်ပင် ဖြစ်သည်။ ထိုကျင့်စဉ်ကို လေ့ကျင့်ရန် အသူရာနဂါး၊ ရေခဲဖီးနစ် နှင့် ခရမ်းရောင်လိပ်ပြာတို့၏ ဝိညာဉ်များ လိုအပ်သည်။
ထိုကျင့်စဉ်သည် ကျင့်ကြံခြင်းကျင့်စဉ်အပြင် တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည်။ နည်းလမ်းသည် နတ်သခင်သုံးယောက်၏ဝိညာဉ်များကို ပေါင်းစည်းရန် ဖြစ်သည်။
နတ်သခင်များ၏ဝိညာဉ်များကို ပေါင်းစည်းလိုက်သောအခါ အံ့မခန်းစွမ်းအားတစ်ခုကို ဖန်တီးနိုင်သည်။
အသူရာနဂါး၏ဝိညာဉ်ကို လက်ခံပြီးနောက် ရဲ့ချန်သည် သူ၏ခန္ဓာကိုယ်က အလွန်တရာ ပူလောင်ပြီး သက်သောင့်သက်သာ မရှိသလို ခံစားလိုက်ရ၏။
ရဲ့ချန်၏အောက်ပိုင်းက မီးတောက်သည် ဟုန်းခနဲ့ ထတောက်လာတော့သည်။ မူလန်ယင်း နှင့် ချင်းချမ်တို့သည်လည်း ရဲ့ချန်ကဲ့သို့ တူညီစွာ ခံစားလိုက်ရသည်။ ခြွင်းချက်အနေနှင့် သူမတို့နှစ်ယောက်၏ခန္ဓာကိုယ်က ရေခဲကဲ့သို့ အလွန်တရာ အေးစက်မှုကို ခံစားနေရပေသည်။
ရေခဲကျင့်စဉ်ကို ကျင့်ကြံခဲ့သည့် မူလန်ယင်းပင် သူမ၏ခန္ဓာကိုယ်က အအေးဒဏ်ကို ကြံ့ကြံ့မခံနိုင်ပေ။ ထို့ကြောင့် သူမသည် ထိုအအေးဒဏ်ကို အရည်ဖျော်ချရန် အပူဓာတ်ကို တောင်းတလာသည်။
“ ခုချိန်ကစပြီး ငါတို့ ထွက်သွားတော့မယ်၊ မင်းတို့သုံးယောက်လုံး စိတ်ကျေနပ်ကြမယ်လို့ မျှော်လင့်ပါတယ် “ အသူရာနဂါး၊ ရေခဲဖီးနစ် နှင့် ခရမ်းရောင်လိပ်ပြာတို့သည် ရဲ့ချန်တို့၏ရှေ့မှောက်မှ ပျောက်ကွယ်သွားသည်။
ဤနေရာတွင် ရဲ့ချန်၊ ချင်းချမ် နှင့် မူလန်ယင်းတို့သာ ကျန်ရစ်ခဲ့လေသည်။
ရဲ့ချန်သည် သူ၏ခန္ဓာကိုယ် အောက်ပိုင်းက မီးတောက်ကို ငြိမ်းသက်ရန် ကြိုးစားနေလေသည်။ သို့သော် ထိုကျွမ်းလောင်ခြင်း၏ အထိအတွေ့က အတော်လေး နေရထိုင်ရ ခက်လှပေသည်။
မရည်ရွယ်ပါဘဲ ရဲ့ချန်က သူ့ဘေးတွင် ရှိနေသည့် မူလန်ယင်းအနားသို့ ရောက်သွားသည်။
“ ရဲ့ချန်၊ နင်ဘာလုပ်နေတာလဲ၊ ငါ့ကို လွှတ်ပေးစမ်း၊ ငါ အတော်လေး နေရထိုင်ရ ခက်နေတယ်နော် “ မူလန်ယင်းသည် ရဲ့ချန်၏လက်ဆီမှ အပူဓာတ်ကို ခံစားလိုက်ရသည်။ ထိုအပူဓာတ်ကြောင့် သူမ၏ခန္ဓာကိုယ်က အအေးဓာတ်များက အရေပျော်ကျသွားကြောင်း ခံစားလိုက်ရသည်။ ထိုခံစားချက်က အတော်လေး နှစ်လိုဖွယ်ကောင်းသော်ငြား မူလန်ယင်းသည် သူမ၏ခန္ဓာကိုယ်အား ရဲ့ချန်ကို ထိကိုင်ခွင့် မပြုနိုင်ပေ။
ရဲ့ချန်သည် မူလန်ယင်းက သူ့ကို ငြင်းဆန်လိုက်သည်ကို မြင်ပြီး အတော်လေး မကျေမနပ် ဖြစ်သွားသည်။ ယခုချိန်တွင် သူ၏ခန္ဓာကိုယ်က အလွန်တရာ ပူလောင်နေပြီး သက်သက်သာသာ ရှိမည့်နေရာကို တောင်းတနေသည် မဟုတ်ပါလား။
ထိုအချိန်တွင် ရဲ့ချန်၏လည်ပင်းကို လက်တစ်စုံက ပွေ့ဖက်လိုက်လေသည်။ “ ရဲ့ချန် ငါအတော်လေး နေရထိုင်ရ ခက်နေလို့၊ ငါ့ကို ကူညီပါဦးဟယ် “ ချင်းချမ်သည် သူမ၏ခန္ဓာကိုယ်က အလွန်တရာ အေးစက်နေသောကြောင့် နေရထိုင်ရ ခက်နေပေသည်။ ထို့ကြောင့် ခုချိန်တွင် ထိုအအေးဓာတ်များကို အရေဖျော်ချရန် ရဲ့ချန်ဆီက အပူဓာတ်ကို လိုအပ်နေသည် မဟုတ်ပါလား။
ရဲ့ချန်ကလည်း ချင်းချမ်၏ခန္ဓာကိုယ်ကို ချက်ချင်း ပွေ့ဖက်ပြီး ကြမ်းပြင်ပေါ်တွင် လှိမ့်ချလိုက်တော့သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now