အခန်း (၂၂၁) လင်းရို့ချီ၏ အကျပ်အတည်း

228 10 0
                                    

“ အေးပါဟာ၊ ငါနားလည်ပါတယ် “ ရဲ့ချန်သည် ချင်းချမ် နှင့် မူလန်ယင်းတို့၏ တာ၀န်နှင့်ပတ်သက်ပြီး နားလည်ပေး၍ ရသည်။
ရဲ့ချန်က မူလန်ယင်း နှင့် ချင်းချမ်တို့ကို သူ့အိမ်၏လိပ်စာကို ရွတ်ပြလိုက်သည်။
မူလန်ယင်းနှင့် ချင်းချမ်တို့သည် ရဲ့ချန်ကို ပွေ့ဖက် နှုတ်ဆက်ပြီးသော် သူမတို့၏ဂိုဏ်း ဌာနချုပ်ရှိရာသို့ ဦးတည် ပျံသန်းသွားလေသည်။ ရဲ့ချန်ကတော့ နောက်တွင် သူမတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ရပ်ကြည့်ရင်း ကျန်ခဲ့လေသည်။
မူလန်ယင်းနှင့် ချင်းချမ်တို့ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီးသော် ရဲ့ချန်လည်း အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူ မြို့က ထွက်လာသည်ကလည်း ရက်အတော်ကြာနေပြီ မဟုတ်ပါလား။ သူသည် သူမရှိသည့် အတောအတွင်း မိန်းမလေးယောက် မည်သို့နေထိုင်ကြမှန်း သိချင်စိတ် ဖြစ်လာ၏။
ထို့နောက် ရဲ့ချန်သည် မြို့ဆီသို့ ဦးတည် ပျံသန်းလာခဲ့သည်။
ခေတ်မှီစံအိမ်ကြီး တစ်အိမ်ထဲတွင် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေ၏။ သူ၏မျက်နှာချင်းဆိုင်တွင် ဆံပင်အဖြူရောင်နှင့် အကြီးကဲနှစ်ယောက် ထိုင်နေသည်။ ထိုလူသုံးယောက်သည် ယွင်မိသားစု၏ခေါင်းဆောင်နှင့် ယွင်မိသားစု ငှားယမ်းထားသည့် ဆရာနှစ်ယောက် ဖြစ်သည်။
သူတို့သုံးယောက်က အရေးကြီးသည့် ကိစ္စတစ်ခုကို ဆွေးနွေးနေခြင်း ဖြစ်သည်။ “ ဒါက အရမ်း ထူးဆန်းတယ်၊ ဘာဖြစ်လို့ ခုချန်ထိ အကြီးကဲယွင်ကူဆီက သတင်းအသစ် မရသေးတာလဲ “ ထိုအချိန်တွင် ယွင်ပိုကျွင်းက ယွင်ကူနှင့် အဆက်သွယ် ပျက်သွားပြီ ဖြစ်သည်။
ယွင်ပိုကျွင်းသည် အစတုန်းက ယွင်ကူကို ရဲ့ချန်၏မိန်းမတစ်ယောက်အား ဓားစာခံအဖြစ် ဖမ်းခေါ်ရန် ပြောထားခဲ့သည်။ သို့သော် ထိုအမိန့်ကို ပေးလိုက်ပြီးနောက် ယွင်ကူနှင့်ပတ်သက်သည့် မည်သည့်သတင်းမျှ နောက်ထပ် မကြားရတော့ပေ။ ယွင့်ကူက ဤလောကထဲမှ ကိုယ်ယောင်ဖြောက်သွားသလို ဖြစ်နေသည်။
“ ခေါင်းဆောင်ယွင်၊ အဲဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့ သွားကြည့်ဖို့ လိုသေးလား “ ထိုဆရာနှစ်ယောက်၏ နာမည်က ဆမ်ဆန်း နှင့် ထုန်ကျန်းဖြစ်ပြီး နှစ်ယောက်စလုံးက မြေကြီးနယ်ပယ် အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
“ ဒီပြဿနာအတွက် ဆရာသခင်နှစ်ယောက်ကို ဒုက္ခပေးရတာ အားနာလိုက်တာဗျာ၊ ကျုပ် တောင်းဆိုချင်တာကတော့ ရဲ့ချန်ဆိုတဲ့လူရဲ့ ခေါင်းကို ယူလာပေးစေချင်တယ် “ ယွင်ပိုကျွင်းက ရဲ့ချန်ကို သတ်ပြီး ခေါင်းကို ယူလာရန် ဆရာနှစ်ယောက်ထံ တောင်းဆိုလိုက်သည်။
ယွင်ပိုကျွင်းသည် ပြန်ပေးဆွဲသည့် နည်းလမ်းတွင် သူ၏အမှုထမ်းတစ်ယောက် ဆုံးရှုံးခဲ့သောကြောင့် ရဲ့ချန်ဟု အမည်တွင်သောလူကို ချက်ချင်း သတ်ပစ်လိုခြင်း ဖြစ်သည်။
“ ဟဟဟ … ခင်ဗျားက အရမ်း ရက်စက်တာပဲဗျ၊ ကောင်းပြီးလေ၊ ကျုပ်တို့က အဲဒါကို ကျေကျေနပ်နပ် လုပ်ပေးပါ့မယ် “ ထုန်ကျန်းက ကျယ်လောင်စွာ ရယ်မောနေသည်။ သူက လူတစ်ယောက်ကို သတ်ပေးဖို့ လာခိုင်းရန် အချိန်ကြာကြီး စောင့်နေခဲ့ရသည် မဟုတ်ပါလား။
ထုန်ကျန်းက လူမသတ်ရသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်၏။ ထို့ကြောင့် လူ၏လက်များက လူသတ်ရန်အတွက် ယားယံနေပြီ ဖြစ်၏။
“ ခေါင်းဆောင်ယွင်၊ ခင်ဗျား ဘာမှ စိတ်ပူမနေတော့နဲ့၊ ကျုပ်တို့ အဲဒီလူရဲ့ခေါင်းကို ခင်ဗျားဆီ သေချာပေါက် ယူလာပေးမယ် “ ဆမ်ဆန်းက ရဲ့ချန်၏ဦးခေါင်းကို ယူလာပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။
ထိုစကားကို ပြောပြီးနောက် ဆမ်ဆန်းနှင့် ထုန်ကျန်းတို့က အခန်းထဲမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ယခုတော့ အခန်းထဲတွင် ယွင်ပိုကျွင်းတစ်ယောက်သာ ကျန်ခဲ့တော့သည်။
“ ဟောက်အာ ခဏလောက်တော့ စောင့်ပေးပါ့၊ မင်းရဲ့အဖေက မကြာခင် လက်စားချေနိုင်တော့မှာပါ “ ယွင်ပိုကျွင်းသည် ဆမ်ဆန်းနှင့် ထုန်ကျန်းတို့က ရဲ့ချန်ကို သတ်ဖြတ်ရာတွင် အောင်မြင်မည်ဟု တစ်ထစ်ချ ယုံကြည့်ထားသည် မဟုတ်ပါလား။
လောလောဆယ် လင်းရို့ချီ၏အခန်းထဲတွင် ချောင်ယမ်ယမ်က စာအုပ်တစ်အုပ်ကို အေးအေးလူလူ ဖတ်ရှုနေသည်။ သူမ၏တစ်ဖက်တွင် လင်းရို့ချီက တစ်စုံတစ်ခုအကြောင်းကို တွေးတောရင်း အတွေးနက်နေလေသည်။
လင်းရို့ချီသည် ချောင်ယမ်ယမ်နှင့် အတူတူရှိနေတိုင်း အနည်းငယ် မလုံမလဲ ဖြစ်နေရသည်။ ယခု သူမနှင့် ရဲ့ချန်က ချောင်ယမ်ယမ်၏နောက်ကွယ်တွင် မေတ္တာမျှနေကြပေသည်။ ထိုကိစ္စကိုသာ ချောင်ယမ်ယမ် သိသွားလျှင် သူမတို့၏ဆက်ဆံရေးက ရှုပ်ယှက်ခတ်ပြီး ပျက်တောက်သွားနိုင်သည် မဟုတ်ပါလား။
“ အမရို့ချီ၊ ဘာအကြောင်းတွေများ တွေးတောနေတာလဲ “ ရုတ်တရက် ချောင်ယမ်ယမ်က လင်းရို့ချီကို မေးလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကစ လင်းရို့ချီ၏အမူအရာက ထူးဆန်းနေသည်ဟု ချောင်ယမ်ယမ် ခံစားနေရသည်။ ထို့အပြင် လင်းရို့ချီက သူမကို ခဏခဏ ရှောင်နေသည်ဟုလည်း ခံစားနေရသည်။ လင်းရို့ချီက သူမကို အဘယ်ကြောင့် ရှောင်နေမှန်း ချောင်ယမ်ယမ်လည်း စဉ်းစားမရပေ။
“ ဟာ … မရှိပါဘူးဟာ၊ ငါ့မှာ တွေးနေစရာ ဘာအကြောင်းမှ မရှိဘူး “ လင်းရို့ချီက ချောင်ယမ်ယမ်၏စကားကို ကြားပြီးနောက် ချင်းချင်း သတိပြန်ကပ်လာသည်။
“ အမရိုချီ၊ ဒီရက်တွေမှာ အမဘာဖြစ်လို့ ထူးထူးဆန်းဆန်းတွေ ဖြစ်နေတာလဲ၊ အမ ညီမကို ရှောင်နေတယ်ဆိုတာလဲ သိတယ်၊ ညီမလေး အမှားတစ်ခုခုများ လုပ်မိလို့လား “ ချောင်ယမ်ယမ်က မေးလိုက်သည်။ လင်းရို့ချီက သူမကို အဘယ်ကြောင့် ရှောင်နေမှန်း သိလိုသည်။
“ ရှောင်နေတယ် ဟုတ်လား၊ မရှောင်ပါဘူး၊ တကယ်ပါ၊ ငါ နင့်ကို ဘယ်တုန်းက ရှောင်လို့လဲ “ လင်းရို့ချီသည် ချောင်ယမ်ယမ့်ကို သူမတို့အကြား မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အတိုင်း ယုံကြည်သွားစေရန် အကြောင်းပြချက်တစ်ခု ချက်ချင်း ရှာပေးလိုက်ရသည်။
လင်းရို့ချီ၏မူမမှန်သည့် ပုံစံကို ကြည့်ပြီး ချောင်ယမ်ယမ်က ပို၍ပင် သံသယ ၀င်လာတော့သည်။
“ ဪ … ဟုတ်သားပဲ၊ ယမ်ယမ် စကားမစပ် နင့်ကို မေးရဦးမယ်၊ ခုတလော လူဆိုးကောင်ရဲ့ချန် ဘယ်သွားနေတာလဲ၊ ဒီအတောအတွင်း အတန်းချိန်တွေလည်း မတက်ဘူးလို့ တခြားဆရာတွေဆီက ငါကြားခဲ့ရတယ် “ လင်းရို့ချီက စကားခေါင်းစဉ်ကို ချက်ချင်း ပြောင်းလိုက်သည်။ သို့မှသာ ချောင်ယမ်ယမ်က ထိုကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် မမေးတော့မည် ဖြစ်သည်။
“ ရဲ့ချန်က မြို့ကနေ ထွက်သွားတာ၊ သူ ဘာတွေလုပ်နေတာလဲ ဆိုတာတော့ ညီမလေးလည်း မသိဘူး၊ သူက အိမ်ကို ခေါ်လာဖို့ နောက်ထပ် နတ်သမီးလှလှလေးတွေ သွားရှာတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ “ ချောင်ယမ်ယမ်က ရွှင်ပျစွာ ပြောလိုက်၏။
ချောင်ယမ်ယမ်က ရဲ့ချန်နှင့် သူမ၏ဆက်ဆံရေးကို ဖုံးကွယ်မထားတော့ပေ။ ယခုတော့ အဘိုးဖြစ်သူကလည်း သူမတို့၏ဆက်ဆံရေးကို သဘောတူလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူမနှင့် ရဲ့ချန်တို့၏ဆက်ဆံရေးကို လင်းရို့ချီ သိသွားသည့်တိုင် စိုးရိမ်စရာ မလိုတော့ပေ။
“ တခြားနတ်သမီး လှလှလေးတွေ … “ ထိုစကားကို ကြာပြီးနောက် လင်းရို့ချီတစ်ယောက် ဘ၀င်မကျမှုကြောင့် သူမ၏မျက်ခုံးကို မြှောက်လိုက်မိသည်။
“ ယမ်ယမ်၊ နင်ဘာဖြစ်လို့ ဒီလိုကိစ္စကို အေးအေးဆေးဆေး ပြောနေနိုင်တာလဲ၊ ရဲ့ချန်မှာ တခြားမိန်းမတွေ ရှိတာတောင် နင်က စိတ်မဆိုးဘူးလား “ လင်းရို့ချီသည် ချောင်ယမ်ယမ်၏ အတွေးအမြင်များကို လိုက်မမှီနိုင်တော့ပေ။
“ ညီမက ဘာဖြစ်လို့ ဒေါသထွက်ရမှာလဲ၊ အခုလည်း ရဲ့ချန်မှာ မိန်းမတွေ ရှိနေတာပဲ ဥစ္စာ၊ နောက်ထပ် နည်းနည်းလောက် ပိုလာလို့လဲ ကိစ္စမရှိတော့ပါဘူး “ ချောင်ယမ်ယမ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
လင်ရို့ချီသည် ချောင်ယမ်ယမ်၏ စကားကို ကြားပြီးနောက် ကြက်သေသေနေသည်။ ရဲ့ချန်တွင် မိန်းမအတော်များ ရှိနေသည်လော။ ယင်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
“ ယမ်ယမ်၊ နင်ခုဏက ဘာပြောလိုက်တာလဲ၊ ငါ့ကို မြန်မြန် ပြန်ရှင်းပြစမ်း “ လင်းရို့ချီက ချောင်ယမ်ယမ်၏လက်ကောက်၀တ်ကို ခပ်ပြင်းပြင်း ဆုပ်ကိုင်ရင်း မေးလိုက်သည်။ ချောင်ယမ်ယမ်၏စကားများက မည်သည့်အရာကို ဆိုလိုမှန်း သူမသိလိုသည်။
ချောင်ယမ်ယမ်သည် လင်းရို့ချီ၏အမူအရာကို ကြည့်ပြီး အံ့အားသင့်သွားလေသည်။ သူမက လင်းရို့ချီကို ပျော်စေပျက်စေ စနောက်ခဲ့သော်လည်း ရလဒ်က ဤသို့ ဖြစ်လာခဲ့သည်။ ချောင်ယမ်ယမ် အတွေးတစ်ချက် ပေါက်သွားသည်။ ကြည့်ရသည်မှာ ရဲ့ချန် နှင့် အမရို့ချီတို့ကြားတွင် ဆက်ဆံရေးတစ်ခု ရှိနေပုံရ၏။
“ ခစ်ခစ်ခစ် … အမရို့ချီ၊ ဘာဖြစ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး တအား သိချင်စိတ် ပြင်းပြနေတာလဲ၊ အမက ရဲ့ချန်ကို စိတ်၀င်စားနေလို့လား “ ချောင်ယမ်ယမ်က ပြုံးပြုံးလေးဖြင့် လင်းရို့ချီကို ကျီစယ်လိုက်သည်။
လင်းရို့ချီသည် အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်သည်။ ယခု သူမ၏ပုံစံက မယုံနိုင်စရာ ကောင်းလွန်းနေပေသည်။ ထို့ကြောင့် ချောင်ယမ်ယမ်က သူမကို သံသယ ၀င်သွားနိုင်သည် မဟုတ်ပါလား။
“ ဒါက … ငါက နင့်အတွက် စိုးရိမ်လို့ ပြောတာပါ “ လင်းရို့ချီက ချောင်ယမ်ယမ် သံသယ မ၀င်အောင် အကြောင်းပြချက်တစ်ခု ရှာပေးလိုက်သည်။
“ အဲဒါက တကယ်ရော ဟုတ်လို့လား “ ချောင်ယမ်ယမ်က အပြုံးကလေးဖြင့် မေးလိုက်သည်။
ချောင်ယမ်ယမ်က သူမကို ပိုပြီး သံသယ၀င်လာသောကြောင့် လင်းရို့ချီတစ်ယောက် တစ်ကိုယ်လုံး နေမထိ ထိုင်မသာ ဖြစ်သွားလေသည်။ “ ယမ်ယမ်၊ ရဲ့ချန်က နင့်ကို ထားခဲ့မှာစိုးလို့ ငါက ပြောတာပါ၊ တခြားရည်ရွယ်ချက် လုံး၀ မရှိပါဘူး “ လင်းရို့ချီက ချောင်ယမ်ယမ့်ကို စကားပြောရာတွင် အနည်းငယ် ထစ်ငေါ့နေလေသည်။
လင်းရို့ချီ ဖြစ်ပျက်နေသည့် အမူအရာကို ကြည့်ရင်း ချောင်ယမ်ယမ်သည် ရဲ့ချန်နှင့် သူမတို့ကြားတွင် ဆက်ဆံရေးတစ်ခု ရှိနေမည်ဟု ပို၍ သံသယ ၀င်လာတော့သည်။
“ ဪ … ဟုတ်သားပဲ၊ ယမ်ယမ် နင်သုံးနေတဲ့ အလှကုန်ပစ္စည်းကို ငါ့ကို မပြောရသေးဘူးနော်၊ အဲဒါကြောင့်ပဲ နင်က နတ်သမီးလေးလို လှလာတာမလား “ ချောင်ယမ်ယမ်၏မေးခွန်းများကြောင့် လင်းရို့ချီ အမှန်တကယ် အကျပ်ရိုက်သွားလေသည်။ ထို့ကြောင့် သူမက စကားခေါင်းစဉ် ထပ်ပြောင်းလိုက်သည်။ သူမသာ ရဲ့ချန်၏အကြောင်းများကို ဆက်မေးနေလျှင် ချောင်ယမ်ယမ်က သူမကို ပို၍ သံသယ၀င်လာမည် မဟုတ်ပါလား။
လင်းရို့ချီက စားပွဲပေါ် တင်ထားသည့် ရေဖန်ခွက်ကို လှမ်းယူလိုက်သည်။ သူမ ထိတ်လန့်မှုများ ပြေပြီး စိတ်တည်ငြိမ်စေရန် ရေသောက်လိုသည်။ ကံမကောင်းစွာ ဖန်ခွက်ကို ကိုင်နေစဉ် သူမ၏လက်က တဆတ်ဆတ် တုန်ရီနေသည်။
လင်းရို့ချီက ရဲ့ချန်နှင့် ပတ်သက်သော မေးခွန်းများကို ရှောင်နေကြောင်း ချောင်ယမ်ယမ် သတိထားမိလိုက်သည်။ ထို့ကြောင့် ချောင်ယမ်ယမ်က လင်းရို့ချီက ပိုမို သံသယ ၀င်လာတော့သည်။
“ အမရို့ချီ၊ တကယ်တော့ ညီမလေးက ဘာအလှကုန်ပစ္စည်းမှ မသုံးပါဘူး၊ ဒါတွေက ရဲ့ချန်နဲ့ အတူတူနေလို့ ရလာတဲ့ အကျိုးကျေးဇူးတွေပါ “ ချောင်ယမ်ယမ်က အမှန်တိုင်း ဖြေလိုက်သည်။
ရဲ့ချန်နှင့် ယင်ယန်လေ့ကျင့်ပြီးကတည်းက ချောင်ယမ်ယမ်က မည်သည့်အလှကုန်ပစ္စည်းမျှ မသုံးတော့ပေ။ ရဲ့ချန်၏ယန်ချီများက ကမ္ဘာပေါ်ရှိ အကောင်းဆုံး အလှကုန်ပစ္စည်းများထက်ပင် ပိုမို ကောင်းမွန်နေသည် မဟုတ်ပါလား။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now