အခန်း (၂၂၃) အပန်းဖြေ ပန်းခြံဆီသို့

198 8 0
                                    

နောက်ဆုံးတော့ ရဲ့ချန်က သူ၏စံအိမ်သို့ ပြန်ရောက်လာပြီ ဖြစ်၏။ သူ မြို့သို့ ပြန်ရောက်လာသောအခါ ညနေ နေစောင်းလု အချိန်ရောက်နေပြီ ဖြစ်၏။ ရဲ့ချန်က အိမ်ထဲသို့ ချက်ချင်း ၀င်လာခဲ့သည်။
အိမ်ထဲသို့ ၀င်လာသောအခါ ခန္ဓာကိုယ် အစိတ်ပိုင်းများ ပေါ်နေအောင်ပင် အ၀တ်စား လျော့တိလျော့ရဲဖြင့် တီဗီထိုင်ကြည့်နေသည့် စုမန်ချီကို မြင်လိုက်ရသည်။ ရှောင်လုလုက လောလောဆယ် မီးဖိုချောင်ထဲတွင် ညစာ ချက်ပြုတ်နေသည်။ ဖူလန်ယင်းကတော့ အခန်းအောင်းပြီး တန်ခိုးကျင့်နေသည်။
လူတစ်ယောက်က တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လာသောကြောင့် စုမန်ချီက တံခါး၀သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ တံခါး၀တွင် ရပ်နေသည့် ရဲ့ချန်ကို မြင်လိုက်ရသည်။ “ ယောက်ျား၊ နင်ပြန်လာပြီလား “ စုမန်ချီက ရဲ့ချန်ကို ချက်ချင်း ခရီးဦးကြို ပြုလိုက်သည်။
“ ဟုတ်တယ်၊ ငါပြန်လာပြီ၊ တခြားမိန်းမတွေရော ဘယ်သွားနေကြတာလဲ “ ရဲ့ချန်က တခြားမိန်းမများ ဘယ်သွားမှန်း မေးမြန်းလိုက်သည်။
“ အမလန်လင်းက အပေါ်ထပ်မှာ ရှိတယ်၊ ယမ်ယမ်နဲ့ ယွဲ့ကတော့ အခု အပြင်ထွက်သွားကြတယ် “ စုမန်ချီက တခြားမိန်းမများ ဘယ်ရောက်နေမှန်း ပြောပြလိုက်သည်။
“ ဪ … ယမ်ယမ်နဲ့ ယွဲ့က အပြင်ထွက်သွားတာလား “ ရဲ့ချန်က စုမန်ချီဆီက သတင်းကို ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
“ ဟုတ်တယ်၊ သူတို့နှစ်ယောက်စလုံး အပြင်ထွက်သွားကြတယ်၊ ညီမယွဲ့က ကုမ္ပဏီကို သွားတာ ထင်တယ်၊ ညီမလေးယမ်ယမ်က ကျောင်းက အဆောင်ကို ပြန်သွားတာ ဖြစ်မယ် “ စုမန်ချီက ညီအစ်မနှစ်ယောက် ထွက်သွားသည့်နေရာကို အသေးစိတ် ရှင်းပြလိုက်သည်။
ရဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။ “ မန်ချီ၊ နင်ရော ဘယ်သွားချင်လဲ “ ရဲ့ချန်က စုမန်ချီကို လတ်ဆတ်သည့် လေထုကို ရှူရှိုက်ရန် အပြင်သို့ ခေါ်သွားလိုသည်။
စုမန်ချီက အမြဲတမ်းလိုလို အိမ်ထဲတွင်သာ အနေများပြီး အပြင်ကို ထွက်လေ့မရှိပေ။ အဘိုးဖြစ်သူကလည်း သူမကို အပြင်ထွက်ခွင့် မပေးခဲ့ဘူး မဟုတ်လား။
“ ငါတို့ လမ်းလျှောက်သွားရအောင်လေ “ စုမန်ချီက အလွန်တရာ စိတ်လှုပ်ရှားနေလေသည်။ သူမက ရဲ့ချန်နှင့်အတူ အမှန်တကယ် အပြင်ထွက်လိုသည် မဟုတ်ပါလား။
“ အရင်ဆုံး အ၀တ်စား သွားလဲလိုက်ဦး “ ရဲ့ချန်က စုမန်ချီကို အ၀တ်စားလဲရန် ပြောလိုက်သည်။ သူက စုမန်ချီကို ဤကဲ့သို့ ပွင့်လင်းသည့် အ၀တ်များဖြင့် အပြင်သို့ မည်သည့်နည်းနှင့်မျှ ခေါ်မသွားနိုင်ပေ။
စုမန်ချီကလည်း သူမ၏အ၀တ်စားများက အလွန်တရာ လျော့တိလျော့ရဲ နိုင်နေကြောင်း သတိထားသည်။ သို့သော် ယင်းက အိမ်နေရင်း အ၀တ်စားများသာ ဖြစ်သောကြောင့် စုမန်ချီက သူမ၏ရုပ်ရည်နှင့် ပတ်သက်ပြီး သိပ်ဂရုမစိုက်ခဲ့ခြင်း ဖြစ်သည်။
“ အင်း ခဏလောက် စောင့်ဦး၊ ငါ အ၀တ်စား သွားလဲလိုက်ဦးမယ် “ စုမန်ချီက စိတ်လှုပ်ရှားစွားဖြင့် အ၀တ်စားလဲရန် အပေါ်ထပ်သို့ တက်သွားလေသည်။
စုမန်ချီ အ၀တ်စားလဲပြီးသည့် အချိန်ကို စောင့်စားရင်း ရဲ့ချန်တစ်ယောက် မီးဖိုချောင်ထဲ ၀င်လာခဲ့သည်။ ရှောင်လုလု မီးဖိုထဲတွင် မည်သို့ အလုပ်လုပ်နေကြောင်း သိလိုသည် မဟုတ်ပါလား။
ယခု ရှောင်လုလုက မီးဖိုချောင်ထဲတွင် ညစာအတွက် ချက်ပြုပ် ကြော်လှော်နေသည်။ ထို့နောက် လူတစ်ယောက် ၀င်လာသည်ကို သတိထားမိပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ “ အကိုကြီး ရဲ့ချန်၊ ပြန်လာပြီလား “ ရှောင်လုလုက ရဲ့ချန်ကို နှုတ်ဆက်လိုက်သည်။
“ ဟုတ်တယ်၊ ငါပြန်လာပြီး၊ မင်း ဘာတွေ ချက်နေတာလဲ “ ရဲ့ချန်က မေးလိုက်သည်။
“ ကျွန်မ ညစာအတွက် အသားစွပ်ပြုပ် ချက်နေတာ “ ရှောင်လုလုက ပြန်ဖြေလိုက်သည်။
“ ယောက်ျား၊ ငါ ပြီးပြီ “ စုမန်ချီက အ၀တ်စား လဲပြီးသွားပြီ ဖြစ်သည်။ ယင်းက ရဲ့ချန် ထင်ထားသည်ထက်ပင် ပို၍ မြန်ဆန်နေသေးသည်။
စုမန်ချီက အပြာရောက်အကွက် ၀တ်စုံလေးနှင့် ဒေါက်မြင့်ဖိနပ်ကို ၀တ်ဆင်ထားပြီး ဆံပင်များကို နောက်ကျောတွင် အတိုင်းသား ချထားသည်။ မျက်နှာလေးကတော့ မည်သည့်မိတ်ကပ်မျှ မပါဘဲ ပကတိအတိုင်း ရှင်းလင်းနေပေသည်။ သို့သော် သူမက မိတ်ကပ်မပါသည့်တိုင် နတ်သမီးလေးလို လှပနေဆဲသာ ရှိသေးသည် မဟုတ်ပါလား။
စုမန်ချီက ရဲ့ချန်၏ဘေးသို့ လျှောက်လာပြီး လက်မောင်းတစ်ဖက်ကို သိုင်းဖက်လိုက်သည်။ “ သွားရအောင်လေ “ သူမက ရဲ့ချန်ကို အပြင်ထွက်ရန် ခေါ်လိုက်သည်။
“ ကောင်းပြီ၊ လုလုရေ ငါတို့ သွားတော့မယ် “ ရဲ့ချန်က ရှောင်လုလုကို နှုတ်ဆက်စကား ဆိုလိုက်သည်။
“ အကိုကြီးရဲ့ချန်၊ ညစာအချိန်မှီ ပြန်လာပါ့မယ်လို့ ကတိပေးပါ “ ရှောင်လုလုက ရဲ့ချန်ကို ညစာအချိန်မှီ ပြန်လာစေချင်နေသည်။
အိမ်တွင် မည်သူမျှ မရှိသည့် အချိန်ဆို သူမချက်ထားသည့် စားစရာများက အလဟဿ ဖြစ်နေရသည် မဟုတ်ပါလား။
“ အင်းပါ၊ ညစာအချိန်မှီ ပြန်လာခဲ့ပါ့မယ် ဟုတ်ပြီလား “ ရဲ့ချန်က ညစာအမှီ ပြန်လာမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။
ထို့နောက် ရဲ့ချန်က စုမန်ချီကို ခေါ်ပြီး ကားပါကင်ဆီသို့ ထွက်လာခဲ့သည်။ ရဲ့ချန်က ကားအကောင်းစား တစ်စီးကို ထုတ်ယူလာခဲ့သည်။ “ ငါတို့ လမ်းလျှောက်ဖို့ ဘယ်ကိုသွားချင်လဲပြော “ ရဲ့ချန်က စုမန်ချီ သွားလိုသည့်နေရာကို မေးမြန်းလိုက်သည်။
“ အပန်းဖြေ ပန်းခြံဆီ သွားရအောင်၊ ငါ အဲဒီနေရာကို တကယ် သွားချင်နေတာ “ စုမန်ချီသည် မြို့၏အကြီးဆုံး အပန်းဖြေ ပန်းခြံသို့ သွားလိုကြောင်း ပြောလိုက်၏။ သူမက ထိုပန်းခြံသို့ သွားလိုနေသည်မှာ အချိန်အတော်ကြာနေပြီ ဖြစ်သည်။
ကံမကောင်းစွာ အဘိုးဖြစ်သူက ထိုနေရာတွင် လူဦးရေ ထူထပ်သောကြောင့် အန္တရာယ် ရှိသည်ဟု ယူဆပြီး သူမကို ထိုပန်းခြံသို့ သွားခွင့်မပြုခဲ့ပေ။
“ ကောင်းပြီ “ စုမန်ချီ၏တောင်းဆိုချက်ကို အတည်ပြုပြီးနောက် ရဲ့ချန်က မြို့၏အကြီးဆုံး ပန်းခြံဆီသို့ ဦးတည် မောင်းနှင်လိုက်တော့သည်။
အပန်းဖြေ ပန်းခြံ၏တည်နေရာက အတော်လေး အလှမ်းဝေးလှပေသည်။ ရဲ့ချန်၏အလွန်တရာ လျင်မြန်သည့် ကားမောင်းကျွမ်းကျင်မှုနှင့်ပင် ထိုနေရာသို့ မိနစ်နှစ်ဆယ်ခန့် ခရီးသွားရပေသည်။
မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ရဲ့ချန် နှင့် စုမန်ချီတို့ မြို့၏ အကြီးဆုံး ပန်းခြံကြီးဆီသို့ ရောက်လာခဲ့သည်။
“ ယောက်ျား မြန်မြန်လာခဲ့၊ အထဲက ဟာလေးတွေကို တစ်ခုပြီးတစ်ခု စမ်းကြည့်ရအောင် “ စုမန်ချီက ရဲ့ချန်၏လက်ကို အားနှင့် ဆွဲစောင့်ပြီး အထဲသို့ ခေါ်လာခဲ့သည်။
အပျိုးကြီးဖားဖားဖြစ်နေသည့် စုမန်ချီက သူမ၏အနှစ်သက်ဆုံး ကစားပွဲတစ်ခုကို ရှာတွေ့သွားသည့် ကလေးမလေး တစ်ယောက်လို တစ်မုဟုတ်ချင်း ပြောင်းလဲသွားလေသည်။
“ ကောင်းပြီ ကောင်းပြီ၊ အထဲ၀င်ကြတာပေါ့ “ ရဲ့ချန်က စုမန်ချီနောက်သို့ လိုက်လာခဲ့သည်။
ပထမဆုံး ရဲ့ချန်တို့က အထဲ၀င်ရန် လက်မှတ် အရင်ဖြတ်ရသည်။ လက်မှတ် ဖြတ်ပြီးနောက် ရဲ့ချန်နှင့် စုမန်ချီတို့က ၀န်ထမ်းများဆီမှ လက်ကောက်များ ၀ယ်လာကြသည်။
ထိုလက်ကောက်လေးများဖြင့် အပန်းဖြေ ပန်းခြံထဲမှ ကစားပွဲအားလုံးကို ကစားနိုင်သည် မဟုတ်ပါလား။
ရဲ့ချန်တို့ လက်မှတ်ဖြတ်နေစဉ် လူအမြောက်အမြားက ရဲ့ချန်နှင့် စုမန်ချီတို့ကို စိုက်ကြည့်နေလေသည်။
ရဲ့ချန်၏ချောမောသော ရုပ်ရည်နှင့် စုမန်ချီ၏လှပသည့် ပုံစံလေးက သူတို့၏အမြင်တွင် အလွန်တရာ ဆွဲဆောင်မှု ရှိနေသည် မဟုတ်ပါလား။
သူတို့သည် ဤမျှ ချောမောသည့် လုလင်ပျိုနှင့် လှပသည့် မိန်းမပျိုတို့ကို တစ်ခါမျှ မမြင်ဖူးကြချေ။
စုမန်ချီက လူအများ၏အာရုံစိုက်စရာ ဖြစ်နေပေသည်။ သို့သော် သူမ ထိုအရာအတွက် သိပ်တော့ အနှောင့်အယှက် မဖြစ်ပေ။ ထိုအချိန်တွင် ရဲ့ချန်နှင့် စုမန်ချီတို့က ပန်းခြံထဲသို့ ၀င်ရောက်လာပြီ ဖြစ်သည်။
ဤနေရာတွင် ရှိနေသည့် တခြားလူအားလုံးကို စုမန်ချီက လျစ်လျူရှုထားလိုက်သည်။
စစ်ဆေးရေးများကို ကျော်ဖြတ်လာပြီးနောက် ရဲ့ချန် နှင့် စုမန်ချီတို့က ပန်းခြံထဲ ဆက်လျှောက်လာခဲ့သည်။
“ ယောက်ျား၊ ဒီယာဉ်လေးကို စီးကြည့်ရအောင် “ အထဲ၀င်လာပြီးနောက် စုမန်ချီက သူမကို ဆွဲဆောင်နေသည့် စီးစရာယာဉ်လေးဆီ ရဲ့ချန်ကို ဆွဲခေါ်လာခဲ့သည်။ ယခင်ကဆိုလျှင် သူမက ထိုအရာများကို ဖုန်းထဲတွင်သာ မြင်ဖူးခဲ့သည် မဟုတ်ပါလား။
သို့သော် ယခုတော့ ထိုအရာများကို သူမကိုယ်တိုင် စမ်းကြည့်နိုင်သွားပြီ ဖြစ်သည်။ ရဲ့ချန်က စုမန်ချီ ဆွဲခေါ်ရာနောက်သို့ ကန့်လန့်ကန့်လန့်ဖြင့် လိုက်ပါလာလေသည်။
ရဲ့ချန်က စုမန်ချီကို အဖော်ပြုပြီး ပန်းခြံထဲက စီးစရာယာဉ်များကို လိုက်လံ စီးကြည့်ခဲ့သည်။ စုမန်ချီ၏ပုံစံက အလွန်တရာ ပျော်ရွှင်နေသည့်ပုံ ပေါ်နေသည်။ စုမန်ချီ ပျော်ရွှင်နေသည်ကို ကြည့်ရင်း ရဲ့ချန်လည်း အပျော်များ ကူစက်ပြီး ပျော်ရွှင်လာတော့သည် မဟုတ်ပါလား။
နာရီအနည်းငယ်အတွင်း ရဲ့ချန်နှင့် စုမန်ချီတို့က ကစားကွင်းထဲမှ စီးစရာ အတော်များများကို စီးပြီးပြီ ဖြစ်၏။
စုမန်ချီက ထိုအရာများကို စီးနင်းခဲ့ရသော်လည်း ပင်ပန်းသည်ဟု မထင်ခဲ့ချေ။ ယင်းတို့က ပျော်စရာပင် ကောင်းနေသောကြောင့် ပို၍ပင် စိတ်လှုပ်ရှားနေသေးသည် မဟုတ်ပါလား။
“ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဆုတွေ ရရှိဖို့ ဘောလုံးတွေ ပစ်ကြည့်ကြပါ၊ ငါးခါပစ်မှ ဒေါ်လာတစ်ဆယ်ပဲ ကျသင့်မှာ ဖြစ်ပါတယ် “ ဘောလုံးပစ် ကစားပွဲနေရာမှ ၀န်ထမ်းများသည် ဆုလာဘ်များ ရယူရန် ကြေညာနေသည်။
“ ယောက်ျား၊ ဒီကစားပွဲလေး ဆော့ကြည့်ရအောင် “ စုချန်ချီက ရဲ့ချန်ကို ကစားပွဲရှိရာသို့ ဆွဲခေါ်လာခဲ့သည်။
“ ဦးလေးကြီး၊ ကျွန်မကို ဘောလုံး ဆယ်လုံးပေး “ စုမန်ချီက ဘောလုံးဆယ်လုံး ၀ယ်ယူလိုက်သည်။
“ ရော့ … ဒီမှာ မင်းအတွက်၊ ဆယ်ဒေါ်လာ ကျပါတယ် “ ဦးလေးကြီးက စုမန်ချီကို ဘောလုံးဆယ်လုံး ပေးလိုက်သည်။
စုမန်ချီက ဒေါ်လာတစ်ဆယ် ထုတ်ယူပြီး ထိုဦးလေးကို ပေးလိုက်သည်။
“ ဘောလုံးပစ်ဖို့ တတ်နိုင်သလောက် ကြိုးစားကြည့်ပါ “ ဦးလေးကြီးက ပြောလိုက်သည်။

***

နတ်ဘုရားတို့ လျှောက်သောလမ်း Part-2Where stories live. Discover now