Episode♡2

8.7K 871 62
                                    

"အတို​တော်​ဂုဂုရေ"

ညက ​ဘေးအိမ်မှာသွားအိပ်ပြီး မနက်ခင်း​​စော​စော ဂျီလုံး​လေး အိမ်ပြန်လာ​တော့ ဦးရီး​တော်ကလဲမရှိ အ​စေခံ​တွေကိုလဲခွင့်​​ပေးထားတာ​ကြောင့် အိမ်​တော်က တိတ်ဆိတ်လျက်.......အကို​တော်​တော့ရှိမှာပါ ဆိုပြီး အခန်းတံခါးဆွဲဖွင့်လိုက်​တော့ သူ့မျက်လုံး​တွေကိုပြန်ပွတ်သပ်ကာ ကြည့်ရသည် အထိပင်.....အတို​တော်က ဂျီဂျီ့အရွယ်က​လေး​လေးကို ဖက်ထားပြီး အိပ်​နေတာ.....

အကိုတော်က သူ့ကိုကျအဲ့လိုဖက်မအိပ်ဘူး တစ်ခြားက​လေးကျဖက်အိပ်တယ်ဆိုသည့် အ​တွေးဖြင့် အကို​တော်ဖြစ်သူကို ​ကျော်ခွကာ ထို​ဆံပင်ရှည်ရှည် ​ကောင်​ငယ်​လေးရဲ့ ​ကျော​ပေါ်က အကို​တော်ဂုဂုရဲ့ လက်​တွေကို သူ့လက်ပုပု​လေး​တွေဖြင့် ဖွဖွ​လေးဖယ်ကာ ဟိုသူစိမ်း​ကောင်​လေးအား ထုရိုက်ပါ​တော့သည်......

"အင့်.....နာဒယ်.....အီးဟီး"

ဖင်ဘူး​​ထောင်း ​ထောင်ကာ ထလာ​ပြီးငို​နေသော ​ကောင်ငယ်​လေးကို ဂျီဂျီ​လေးတို့မှာ ထုရိုက်လို့လဲမပြတ်.....

"နာ့အတို​တော်နား ဘာရို့၀င်အိပ်​နေဒါယဲ တဲဟာ တဲဟာ"

ဂျီဂျီကထု​တော့ အ​စွာ​လေးကလဲ သူ့လက်သီးစုပ်​လေးနဲ့ ပြန်ထုသည်......နှစ်​ယောက်သား ထုရိုက်​နေ​သော အသံများ​ကြောင့် ​ဂျောင်ဂုနိုးလာ​တော့ သူ့ညီ​တော်နဲ့​ယောင်း​ပေါက်​လေးက ဆံပင်​တွေဆွဲပြီးရိုက်​နှက်နေကြတာ.....

"ဂျီဂျီ​တော်​တော့"

"​တော်ဘူး အတို​တော်ရင်ခွင်တဲ ဝင်အိပ်​နေဒါတို"

"ဂျီဂျီ အကို​တော်က သူများသားသမီးကို ရိုက်ဖို့သင်​ပေးထားလား"

ထိုအခါ ရိုက်ပုတ်​နေရာမှ ရပ်တန့်သွား​သော ဂျီမင်း​​လေး.....

"အတို​တော် ဂျီဂျီမှားပါတယ် ဂျီဂျီကိုကျ အတို​တော်က သူ့ရိုတောင်တူတူအိပ်ဒွင့်မ​ပေးဘဲ သူစိမ်း​တောင်နဲ့ တူတူအိပ်​နေဒါကို"

"ကဲအခု အခန်းပြင်မှာ စောင့်​နေ အကို​တော်ခဏ​နေထွက်လာမယ်"

"ဟုတ်"

ဂျီဂျီအပြင်ထွက်သွား​တော့မှ ​ယောင်း​ပေါက်ကိုရှာ​တော့ ​တွေ့ပါပြီ အ၀တ်​သေတ္တာ​ဘေး​လေးမှာ ဒူး​ထောင်ပြီး ငို​နေတာ ဆံပင်​ရှည်​လေးတွေကလဲရှုပ်ပွလို့

More  Than  Love::TK::{Completed}Where stories live. Discover now