Episode♡14

4.7K 561 34
                                    

"နိုးလာပြီလား မယ်မယ့်သားငယ်​လေး"

အ​မှောင်အတိစိုးမိုး​နေတဲ့ ​တောအုပ်အတွင်း မြူမှုန်လို အလင်း​ရောင်ဖြာထွက်​နေတဲ့ အစ​လေး​တွေဆီက​နေ ကြား​နေရတဲ့မယ်မယ့်အသံ။

"မယ်မယ်လား"

"အာရီဂူး က​လေး​လေးကငို​နေတာလား"

မြူမှုန်​တွေကြားက မယ်မယ့်ရဲ့ပုံရိပ်သည် ထိုင်​နေ​သောသူ့အ​ရှေ့ရှင်းလင်းပြတ်သားစွာ​ပေါ်လာ​တော့ မိခွင်ရင်ခွင်ထဲဝင်ရောက်ငို​ကြွေးမိသည်။

"မယ်မယ် ထယ်​လေ အရမ်းပင်ပန်းတယ်"

"အွန်း မယ်မယ်က​လေး​လေးပင်ပန်း​နေ​ရော​ပေါ့"

"ထယ့်ကို ကိုကို့ဆီပို့​ပေးပါ​နော် ဒါမှမဟုတ်ဖွက်ထား​ပေးပါ​နော် ဟင့် ထယ်​ကြောက်တယ်"

"သား​တော်လေးအခုပုန်းကွယ်ရမဲ့ အချိန်မဟုတ်​တော့ဘူး​လေ ကိုကို့ကိုလဲမှီခိုရမဲ့အချိန်မဟုတ်သလို မယ်မယ့်ဆီမှာပုန်းကွယ်ရမဲ့အချိန်လဲမဟုတ်​တော့ဘူး ခုသား​​တော်​လေးက ​ဟောဒီ့က က​လေး​လေးအတွက်ကြံ့ခိုင်​​နေမှဖြစ်​တော့မှာ"

ဗိုက်​လေး​ပေါ် လက်တင်ကာ​ပြောလာ​သော မယ်မယ့်စကားကို သူနားမလည်ပါ။

"ဟင်....ဘယ်ကက​လေးလဲ"

"​နောက်​တော့ သိရမှာ​ပေါ့ ခုမယ်မယ့်က​လေး​လေးက သက်​တော်၂၀​တောင်ပြည့်ပြီဆို​တော့ အရမ်းလှတဲ့၀ံပု​လွေဖြူ​လေးဖြစ်​နေပြီဘဲ ဒီ​နေ့အရမ်းချစ်စရာ၀ံပု​လွေ​ပေါက်လေးက နတ်ဆိုးကိုတိုက်ခိုက်​နေတာ မယ်မယ်​တွေ့တယ် သားငယ်​လေးကဘာမှမသိ​သေးလို့ သူ့ဆီရှုံးနိမ့်ခဲ့တာဘဲလေ ​နောက်​တော့ သူ့ကိုအနိုင်ရမှာပါ"

"မယ်မယ်....အင့်....ဟင့်.....ထယ့်လည်ပင်းကိုသူ ကိုက်လိုက်တယ် ထယ့်ကိုဟင့်"

သားငယ်​လေးလည်ပင်း​ပေါ်က ကိုက်ရာသည် အ​ပေါ်ယံသာဖြစ်တာ​ကြောင့် ဒါဟာသူ့ရဲ့လက်တွဲ​ဖော်အဖြစ်အမှတ်အသားလုပ်ရာ မ​ရောက်​ပေ။

"ဘာမှမဖြစ်ပါဘူး က​လေး​လေးရဲ့ မယ်မယ့်က​လေး​လေးက အား​ပျော့လိုက်တာ ဒီလိုမျက်ရည်လွယ်​နေလို့မဖြစ်ဘူး​လေ နန်းတွင်းဆိုတဲ့ကြောက်စရာ​တွေနဲ့ပြည့်​နေတဲ့​နေရာမှာ ​ပျော့ညံ့ရင် ခဏ​လေးနဲ့အသက်​ပျောက်သွားနိုင်သလို ​ခြေသုတ်ခုံလဲဖြစ်သွားနိုင်တာမို့ အားတင်းထားပါသားငယ်​လေး သားငယ်​လေးအတွက် မယ်မယ့်အိပ်​ဆောင်မှာ ဝံပု​လွေ​တွေနဲ့ပတ်သက်တဲ့စာအုပ်​လေးရှိတယ်"

More  Than  Love::TK::{Completed}Where stories live. Discover now