Episode♡24

5K 548 23
                                    

ညအချိန်လ​ရောင်​၏အရိပ်သည် နန်း​တော်ထဲလင်းထိန်လို့......​လေ​ပြေတစ်ချက်အ​ဝှေ့အရိုးထဲထိ​အေးစက်သွား​စေသည်အထိ ​ဆောင်းရာသီသည်​အေးပါသည်။

ဒီ​လောက်အ​အေးဒဏ်ကိုမမှုကာ ၀တ်ရုံအပါးအစုတ်အပျက်များဖြင့် အရပ်သားတို့သည် တိုင်ပြည်၏​နေရာအနှံ့သို့လည်ပတ်​နေကြသည်။တစ်ချို့က နန်း​တော်ဆီသို့သုတ်​ခြေတင်သွား​နေကြသည်။သူတို့ဘုရင်ရဲ့မိဖုရားက ဒီ​နေ့ပွဲမှာ ဓါးသိုင်းအကကိုကပြမည်ဆိုသည်​ကြောင့်ပင်။

နန်း​တော်ထဲတွင်လဲ အကြီးအကျယ်ဆုံးနဲ့ အလှပဆုံးပွဲ​တော်တစ်ခုကိုကျင်းပ​နေပြီး ဗုံသံအကျယ်ကြီး​တွေကိုလဲကြား​နေရသည်။

ညီလာခံအ​ပေါက်၀တွင်ခုံများခင်းကျင်းထားကာ ဘုရင်နဲ့မိဖုရားက​ဘေးချင်းကပ်ထိုင်​နေကြသည်။​ဘေးတွင်လဲတရုတ်နိုင်ငံဘုရင်နှင့် အိမ်နီးချင်းနိုင်ငံမှဘုရင်တစ်ချို့ကိုလဲဖိတ်ကြားထားတာ​ကြောင့် ​ရောက်ရှိ​နေသည်။

​လျှောက်လမ်းအကျယ်ကြီးရဲ့​ဘေးတစ်ဖက်တစ်ချက်တွင် အမတ်​တွေနဲ့သူတို့ရဲ့သားသမီးအမျိုး​တွေလဲပါ၀င်တက်​ရောက်ကြသည်။အမတ်​တွေထိုင်​နေတဲ့အ​နောက်ဘက်မှာ​တော့ တိုင်းသူပြည်သားများ တိုးကြိတ်လို့။

အရပ်သား​တွေကိုကြည့်​နေတဲ့​ယောင်းက ပြူုးရယ်လို့ တစ်ခြားသူ​တွေသ​ဘော​တွေ့သွားမှာကိုစိုးရိမ်ပြီးသ၀န်​တွေတို​နေတဲ့ ​ဂျောင်ဂုမှာ​တော့မျက်နှာကြီးဆူပုတ်လျက်။

"​ယောင်း​ပျော်လား"

"အင်း"

မကြာလိုက်ထယ်​ယောင်းလည်ပင်း​ပေါ်​ရောက်လာသည့် ဆွဲကြိုး​လေး.....ဒါ​လေးက​ခမည်း​တော်သူ့ကို​ပေးထားတဲ့ဆွဲကြိုး​လေး။ဒီဆွဲကြိုးကို ကိုကို့ဆီ​ပေးလိုက်​တော့ခမည်း​တော်နဲ့ရန်ဖြစ်ခဲ့​သေးတာမှတ်မိပါ့။

"ဒါကိုကို့ကို​ပေးထားတာ​လေ"

"​ယောင်းရဲ့ခမည်း​တော်​က​ယောင်းကို ပေးထားတာ​​လေ ပိုင်ရှင်အစစ်အမှန်ကိုပြန်​ပေးတာ​နော် မငြင်းနဲ့"

"ဟုတ် ချစ်တယ်ကိုကို"

​လေသံတိုးတိုး​လေးနဲ့​ပြောတဲ့​ပေါက်စ​လေးကို သူ့မှာအသဲတယားယား......

More  Than  Love::TK::{Completed}Where stories live. Discover now