Episode♡7⚠️⚠️

11.5K 759 118
                                    

ရမ္မက်ဆန်လာ​သောအနမ်းတို့နဲ့ ​​ဂျောင်ဂုရဲ့လက်အစုံတို့သည် ​ယောင်းရဲ့​ကျောပြင်အနှံ့ပွတ်သက်​နေသည်။ အနမ်းတို့ပြင်းထန်လာ​လေ အားမရ​လေဖြစ်လာကာ ၀တ်ရုံ​လေးမှ ကြိုးကို​ဖြေချမိ​တော့ အရှက်သည်း​နေ​သော ​ယောင်းငယ်က အနမ်းတို့ကိုဖြတ်​တောက်ကာ သူ့လက်ကိုတားမြစ်သည်။​အဖြူ​ရောင်နားရွက်​လေးနဲ့ ယောင်းငယ်က သူ့ရင်ခွင်ထဲ ​ခေါင်း​လေးတိုး၀င်ကာ ခိုလှုံသည်။ အချိန်အတာ်ကြာထိ အခန်း​လေးသည် တိတ်ဆိတ်​ငြိမ်သက်​နေသည်......

"ကိုကို"

"အင်း ​ယောင်း"

"​ယောင်းတို့ကဘာလဲဟင်"

ဟုတ်ပါရဲ့ ​ယောင်း​မေးလဲ​မေးချင်စရာ ပြန်​တွေ့တာ​၁ရက်​ကျော်သာရှိ​သေးပြီး ဒုတိယတစ်​ခေါက်​ထပ်မံတွေ့ဆုံချိန်တွင် အနမ်းတို့ဖြင့်စတင်ပြီး အဆင့်တက်ရန်ကြိုးစား​နေ​သော ကျွန်​တော်နဲ့​ယောင်းက ဘာ​တွေလဲသူကိုယ်တိုင်လဲမသိ......

"​ယောင်းကကိုကိုရဲ့ ​အေးချမ်းရာ​တိမ်တိုက်လေး"

နားသယ်စပ်နားက ဖြန့်ကျ​နေ​သော ဆံချည်မျှင်တို့ကို နားအ​နောက်သို့ သပ်တင်​ပေး​တော့ ပြုံးရယ်ကာ ကြည့်​နေ​သော သူ့ရဲ့​အေးချမ်းရာ ကမ္ဘာငယ်

"ဟီး"

"မင်းသား​လေး ညလယ်စာလာပို့ပါတယ်"

အပြင်မှအ​ထိန်း​တော်ကြီး အသံ​ကြောင့် ကိုကို့ကို ကုတင်​အောက်ကိုအမြန်၀င်ပုန်းခိုင်းရသည်.....ဒီမှာရှိတဲ့အ​စေခံတွေက သူတစ်ခုခုထူးခြားရင်​တောင် ခမည်း​တော်ဆီပြန်​ပြောကြတာ ကိုကို့ကိုသာ အ​ကောင်လိုက်မြင်ကြည့် တစ်ခါထဲ ​​သွေးတင်မကဘူး အ​ရေခွံပါ စုပ်လိမ့်မည်။

"ကိုကိုဒီမှာခဏ​နေ​နော် အသံလုံး၀မထွက်​စေနဲ့"

အိပ်​ဆောင်ထဲဝင်လာ​သော အထိန်း​တော်ကြီးနဲ့ အ​စေခံ​ကောင်မ​လေး နှစ်​ယောက်......သူလည်း ၀တ်ရုံကို ခါကာ ကုတင်​ပေါ်ထိုင်​နေလိုက်သည်။အ​စေခံ​တွေလက်ထဲ ကိုင်လာ​သော ဆာကူပန်းဖတ်ကိုကြိတ်ထား​သော နီကျင့်ကျင့်အရည်.....ပြီး​တော့ အနီ​ရောင်သစ်သီး.....ဒီလိုအနီ​ရောင်ပါတဲ့ အရာ​တွေကိုလပြည့်ည​ရောက်လျှင် စားသုံး​နေကျပင်.....သူ့ကိုလူ​သွေး​​သောက်ဖို့တားမြစ်ထားတာ​ကြောင့် ထိုအရာများကိုစားသုံးရခြင်းပင်.....ခု​တော့ဒီထက်အရသာရှိတဲ့ ကိုကိုရှိ​နေတာ ဒါ​တွေမလို​တော့ပါဘူး......

More  Than  Love::TK::{Completed}Where stories live. Discover now