Episode♡10

6.4K 632 23
                                    

ထယ်​ယောင်း​လေး နိုးလာ​တော့ အခန်းကျဥ်း​လေးတစ်ခုထဲတွင်​ရောက်​နေတာ​ကြောင့် ​အခန်းတံခါးချပ်​လေးကိုတွန်းကာ အပြင်ထွက်လာလိုက်သည်.....။ကိုကို့ကိုရှာ​နေ​သော်လဲမ​တွေ့တာ​ကြောင့် အ​ဆောက်အအုံကို လှည့်ပတ်ကြည့်​တော့ ဘုရား​ကျောင်းဖြစ်မည့်ဟန် ဘုရားရုပ်ထုရှိပြီး အ​မွှေးတိုင်ထိုးစိုက်တဲ့ ​မြေစ​တွေပါတဲ့အိုးရယ် တစ်ချို့အရာ​တွေကပျက်စီး​နေသည်.....။

​ဘုရား​ကျောင်းထဲမှ အပြင်ထွက်လာ​တော့လဲတိတ်ဆိတ်လျက် ကိုကိုကသူ့ကိုထားသွားတာလားဆိုတဲ့စိတ်နဲ့အတူ ၀မ်းနည်းကာ ​ကျောင်း၀န်းထဲ​ပြေးလွှားရှာ​တော့လဲမ​တွေ့.......

"တကယ်ထားသွားပြီထင်တယ်"

၀မ်းနည်းစိတ်​ကြောင့်ဆို့တက်လာတဲ့ မျက်ရည်စတို့......
အဝါ​ရောင် သစ်ရွက်​လေး​တွေကြားက အပြာ​ရောင်၀တ်ရုံနဲ့​ကောင်​လေးသည် နတ်ဘုရား အသွင်ဆောင်သည်.....။​လေတစ်ချက်​​ဝှေ့တိုက်လိုက်လျှင် ​ကျောရိုးထဲထိ ​အေးစိမ့်သွားသည်.....​ဆောင်းဦးမို့ အ​ရောင်​ပြောင်း​နေတဲ့ ​မေပယ်ရွက်တို့သည် ​ကြွေကျကာ ​မြေပြင်​ပေါ်ခကြသည်....။ထယ်​ယောင်း​လေး ဝါထိန်​နေ​သောသစ်ပင်​အောက် ​စောင့်​ကြောင့်ထိုင်ချကာ မျက်ရည်စတို့ကို စမ်း​ချောင်းသဖွယ် စီးဆင်းခွင့်​ပေးလိုက်သည်။ထိုချိန် သူ့ခန္ဓာကိုယ်​ပေါ် ​ရောက်လာ​သော ၀တ်ရုံ​လေးနဲ့အတူ ​နွေး​ထွေး​သော ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည်....။မျက်နှာထက် အပြုံးတစ်ပွင့်ဆင်းမြန်းကာ မျက်လုံးတို့စုံမှိတ်ရင်း ဖက်တွယ်ထားလိုက်သည်....။ရင်ခွင်ထဲမှ နှာ​ခေါင်း​လေးတစ်ရှုတ်ရှုတ်လုပ်​နေမိသည်....သူမှတ်မိတာ​ပေါ့ အလွတ်ရ​နေတဲ့ကိုကိုရဲ့ ကိုယ်သင်းရနံ့​လေးကို.....

"​ယောင်း ​အေး​နေတာကို ဘာလို့အပြင်ထွက်​နေတာလဲ အထဲမှာ​စောင့်​နေတာမဟုတ်ဘူး"

"​​ယောင်းကို ထားသွားပြီထင်လို့ဘယ်​လောက်​တောင် လန့်သွားရလဲ"

ကိုကိုကသူ့တင်ပါး​လေးကို က​လေး​ချော့သလို ၂ချက်ပုတ်လိုက်​တော့ ထွက်လာ​သော အမြီးရှည်.....'ဟွန့် ဒီအမြီး​တွေရဲ့ပိုင်ရှင်က သူလားကိုကိုလား​တောင်မသဲကွဲ'

More  Than  Love::TK::{Completed}Where stories live. Discover now