Episode♡16

4.5K 568 55
                                    

"မင်းကြီး နား​နေသင့်ပါတယ် ကျန်းမာ​​ရေးက​ကောင်း​သေးတာမဟုတ်ပါဘူး"

မိုး​တောင်မလင်း​သေးဘူး ပြန်မို့လုပ်​နေတဲ့ မင်းကြီး​ကြောင့် အကုန်လုံး ပြင်ဆင်​နေကြရသည်။

"၀န်ဟီး ငါကိုယ်​တော် နန်း​တော်ကိုပြန်ချင်ပြီ"

"ဒါပင်မဲ့"

လက်ဟန့်တန့်ပြီးတားလိုက်​သော မင်းကြီး​ကြောင့် ​ပြောမည့် စကားများရပ်တန့်သွားရသည်။

"သားငယ်​လေးကို လွမ်းလှပြီ"

ငါကမ​ကောင်းတဲ့လူတစ်​ယောက်ဘဲ ပြည်သူ​တွေကမင်းဆိုးတစ်​ပါးလို့ မြင်​နေရင်​တောင် သား​​တော်ဆီက ကြည်ဖြူမှုကိုဘဲ ​ရှေ့ရှုတယ်။

"အဟွတ် အဟွတ်"

ပုဝါဖြူကို အုပ်ကာ​ချောင်းဆိုးပြီး ပြန်ကြည့်လိုက်​တော့ ​ဖြူလွှလွှပုဝါ​ပေါ် ကပ်ပါလာတဲ့ သွေး​တွေ။၀န်ဟီးမ​တွေ့​အောင် အမြန် လက်ကိုရုတ်သိမ်းကာ မတ်တပ်ရပ်လိုက်သည်။သူတို့ကမ​သေမျိုး ဒီလိုလူသား​တွေဖြစ်တဲ့ လက္ခာဏ​တွေမဖြစ်တဲ့ ထူးခြားတဲ့သူ​​တွေပါ။ဒါပင်မဲ့ သူဒီလို​​ချောင်းဆိုးရင် ​သွေးပါတာ ရက်အ​တော်ပင်ကြာ​နေပြီဖြစ်သည်။

"မင်းကြီး ကျန်းမာရေးမ​ကောင်း​သေးတာမို့ ရက်အနည်း​ငယ်လောက် နားပါအုံး"

​ပြောမရသည့်အဆုံး ကိုယ်ရံ​တော်ရဲ့စကားအတိုင်းခဏနားရန်သာ ဆုံးဖြတ်လိုက်သည်။

'သား​တော်ကို အမြန်​တွေ့ချင်လှပြီ'



♡More Than Love🌸🍃

​ဂျောင်ဂု ဂျီမင်းကို မြင်း​ပေါ်တင်​ပေးကာ ဆိပ်ကမ်းမသွားခင် အမှာစကား​တွေ​​ခြွေတမ်း​နေသည်။

"ဂျီဂျီ ဟို​ရောက်ရင်​နေ​ကောင်း​အောင်​နေပြီး အပြင်​တွေ​လျှောက်မထွက်နဲ့​နော် အကို​တော်က အ​​ခြေအ​နေ​တွေ​ကောင်းတာနဲ့ လာ​ခေါ်မယ်"

"အကို​တော် ​သေချာဂရုစိုက်ပါ​နော် ထယ်ထယ့်ကိုလဲ ​ခေါ်လာ​နော်"

"အင်းပါ အကို​တော့ညီ​လေးက ​နေ​ကောင်း​အောင်​နေ"

နှုတ်ဆက်စကားဆိုပြီး ကျလုဆဲဆဲမျက်ရည်ကို ညီငယ်​လေးမ​တွေ့ခင် လှည့်ထွက်လာလိုက်သည်။ဒီပွဲမှာ အနိုင်မရခဲ့ရင် ဒါမှမဟုတ် အသက်မရှင်ခဲ့ရင် ဂျီဂျီက​တော့ကျိန်း​သေ​ပေါက် ရှင်သန်ရမယ်။ပြီးရင် ​ယောင်းကိုကာကွယ်​ပေးရမယ်။

More  Than  Love::TK::{Completed}Where stories live. Discover now