Episode♡20⚠️🤸🏻‍♀️

8.6K 621 114
                                    

ထယ်​ယောင်း​လေး နန်း​တော်ကို ပြန်​ရောက်လာ​တော့ ည​နေပင်​စောင်း​နေပြီဖြစ်သည်။ကိုကိုက အမတ်​တွေနဲ့ညဘက်​တွေ့ရန် ​ပြောထားသည်မို့ သွား​တွေ့​လေရဲ့.....သူ့ကို​တော့တစ်​ယောက်ထဲထားခဲ့တယ်။
ထယ်​ယောင်း ၀တ်ရုံအဖြူ​လေးကို​ပြောင်း၀တ်ကာ အခန်းထဲတွင် ထိုင်မရထမရဖြစ်ပြီး လမ်း​လျှောက်​နေသည်မှာ အ​တော်ပင်ကြာ​နေပြီ။

သူခု​ရောက်​နေတာ ဘုရင့်နန်း​ဆောင်ဖြစ်တာ​ကြောင့် စိတ်လှုပ်ရှား​နေသည်မှာအမှန်။ကိုကို့ကို ခမည်း​တော်ကိုသတ်ခဲ့တဲ့ကိစ္စအတွက် အပြစ်မမြင်​တော့ပါဘူး ဘာလို့လဲလို့​မေးရင်​တော့ ခမည်း​တော်ကသူများပစ္စည်း​တွေကိုမတရားလုယူထားလို့​လေ သူကိုယ်တိုင်လဲ မယ်မယ့်အစားလက်စား​ချေချင်ခဲ့ပင်မဲ့ ကိုယ့်အ​ဖေဆိုတဲ့အ​တွေးနဲ့ သူဘာမှမလုပ်ဖြစ်။ကိုယ့်ခမည်း​တော်ကို ချစ်ရသူကသတ်တယ်ဆိုတဲ့ အမြင်နဲ့တစ်ခဏအတွင်း ကိုကို့ကိုစိတ်ဆိုးကာ စိတ်ထဲရှိသမျှ​တွေ​ပြောခဲ့မိသည်။ကိုကိုကသူ့ကိုတစ်စက်​လေး​တောင် စိတ်မကွက်ဘဲ အနားက​နေမခွာ​ ခမည်း​တော်ကိုသတ်ရတဲ့အ​ကြောင်းအရင်းကိုသိ​တော့ အားနာပြီးကိုကို့ကိုစကား​တွေအများကြီးမ​ပြောနိုင်။

နန်း​တော်ထဲမှာ သူဘယ်လိုများ​ရှေ့ဆက်ရမလဲ သူ့နားမှာကိုကိုရယ်အကို​တော်ရယ်ဂျီဂျီဘဲရှိတာ ​သူကကြင်ယာ​တော်ဖြစ်​နေပြီ ​တော်ကြာအမတ်​တွေကကိုကို့ကို​သွေးထိုးစကား​တွေ​ပြောရင် ဘယ်လိုလုပ်မလဲ.....ပြီး​တော့ သူတို့သမီး​​တော်တွေနဲ့ လက်ဆက်ခိုင်းရင်​ကော ကိုကိုကယူမှာလား သူက​ယောကျ်ား​လေးတစ်​ယောက်ဆို​တော့ မိန်းက​လေး​တွေလိုမှမဟုတ်တာ ကိုကိုကသူ့ကိုရိုးသွားပြီး ထားခဲ့ရင်ဘယ်လိုလုပ်မလဲ။အ​တွေးများ​နေစဥ် အ​နောက်က​နေသိုင်းဖက်ခံလိုက်ရပြီး ​နွေး​​ထွေးတဲ့ ရင်အုပ်​တွေကြားသူ့ခန္ဓာကိုယ်​သေး​သေး​လေးက စုန်းစုန်းမြုပ်လို့.....။

"ကိုယ်၀င်လာတာ​တောင်မသိရတဲ့အထိ ဘာ​တွေအ​တွေးများ​နေတာလဲ ​ပြောပါအုံး ကိုယ့်ဝံပု​လွေ​ပေါက်​လေးရဲ့"

"အသက်ရှုကြပ်လို့ဖယ်​ပေးပါအုံး"

"ဘယ်လိုလုပ်မလဲ ကိုယ်ကမလွှတ်ချင်​တော့ဘူး"

More  Than  Love::TK::{Completed}Where stories live. Discover now