Episode♡25

4.8K 585 34
                                    

​ယောင်းသလွန်​တော်​ပေါ် အိပ်​ပျော်​နေတာ ၃ရက်ကြာ​နေပြီ.....နန်းတွင်းထဲကအ​ခြေအ​နေက​တော့ ​တိုင်းသူပြည်သား​တွေကိုအထိနာ​စေခဲ့သည်။​သွေးစုတ်​ကောင်​တွေကိုရှင်းလင်း​အောင် သုတ်သင်နိုင်ခဲ့​သော်လဲ အရပ်သားတို့ကဒါဟာ ကြင်ယာ​တော်ကင်​ကြောင့်ဟုဆွဲချက်တင်ကြသည်။

​ဂျောင်ဂုကိုယ်တိုင်လဲ ညီလာခံမတက်ဖြစ်သလို အရပ်သား​တွေအ​ပေါ်​ဖြေရှင်းချက်ပြန်မထုတ်ပြန်မိ။
သူ့​ယောင်း​ပေါက်စ​လေးက နိုးမှနိုးမလာ​သေးတာ ဘယ်လိုလုပ်စိတ်ချရပါ့မလဲ။သလွန်​တော်​ပေါ်က​ယောင်း ဆံနွယ်​တွေကဖြူစွတ်​နေတာ သူသ​ဘောကျရတဲ့အနက်​ရောင်ဆံနွယ်​တွေမဟုတ်​ချေ........

"​ဂျောင်ဂု ဒီ​နေ့​တော့ ညီလာခံကိုတပ်လိုက်ပါ ဒီလို​နေ​နေမယ်ဆို တိုင်းသူပြည်သား​တွေပုန်ကန်ကြလိမ့်မယ်"

"​ယောင်း သတိမရ​သေးဘူး​လေ"

နမ်ဂျွန်းကို အ​ဖြေပြန်ထုတ်မိ​တော့ သူလဲဆက်မ​ပြောဖြစ်​တော့။

"ယွန်းဂီ"

"အင်း"

​နမ်ဂျွန်း​ဘေးမှယွန်းဂီပါလိုက်လာမှန်းသူသိသည်။

"မင်းလဲ ဝံပု​လွေတစ်​ကောင်ဘဲဆိုတာငါသိတယ်"

"အွန်း"

ယွန်းဂီကဘယ်လိုလူလဲဆိုတာသူသိပါတယ်။သူတို့ထက်​အေးတိ​အေးစက်နိုင်ပြီး သူ့မှာလဲမျက်၀န်းနီ​တွေရှိ​နေတာကို ​ဂျောင်ဂု​တွေ့ဖူးသည်။​နန်းတွင်းကို ​မြေ​အောက်လှိုင်ဂူကလာတုန်းကလဲ အနံ့တစ်မျိုးရပြီးမကြာဘူး ​ကျောက်တံခါးကြီးပွင့်လာခဲ့တာ အစထဲကသိပါတယ် ယွန်းဂီကလဲ​ယောင်းလိုဘဲဆိုတာကို.......

"ဘာလို့အဲ့​နေ့ကမဆွဲခဲ့တာလဲ ​ယောင်းကိုမင်းအ​နေနဲ့ဆွဲရင် ရရဲ့သားနဲ့ ​ဆွဲချင်​ယောင်ဘဲ​ဆောင်ခဲ့တာလဲ"

"​သေသင့်တဲ့သူကိုသတ်​နေတာကို ငါက၀င်ဆွဲလိုက်ရင် ထယ်​ယောင်း​သေသွားမှာ​ပေါ့"

"ခု​ယောင်းပုံစံက​ကော ​သေလူနဲ့ခြား​နေလို့လား"

သလွန်​ပေါ်က​ယောင်းက​လေ ​သွေးမရှိ​တော့​လောက်တဲ့အထိ ဖြူစွတ်​နေပြီ.......သူမြတ်နိုးရတဲ့နှုတ်ခမ်း​လေး​တွေကလဲ ဖြူဖက်လာပြီး အသက်ကလဲမျှင်မျှင်​လေးသာ ရှုရှိုက်​နေတာ.......သမား​တော်​တွေ​​တောင် ဘာလုပ်လို့လုပ်ရမှန်းမသိတာ သူကဘယ်လိုလုပ်​ယောင်းအနားကခွာနိုင်ပါ့မလဲ.......ပြီး​တော့ ​ယောင်းမှာကသ​န္ဓေသား​လေးစတည်​နေပြီလို့ သမား​တော်က​ပြောသွား​သေးတယ်။အမြန်နိုးမထလာရင် သ​န္ဓေသား​လေးက​သေဆုံးသွားနိုင်တယ်လို့လဲ ​ပြောသည်။

More  Than  Love::TK::{Completed}Where stories live. Discover now