Episode♡27

5.4K 519 58
                                    

သမား​တော်က​သေချာစမ်းသပ်ပြီး ​ဘာ​ဆေးရည်ကျိုတိုက်ရမယ် တစ်​နေ့ဘယ်နှကြိမ်​သောက်ရမယ် ​ပြောလိုက်ထဲကမျက်နှာ​လေး ရှုံ့မဲ့ပြီး နှုတ်ခမ်း​လေးဆူ​နေတာခုထိပင်.......

"​ယောင်း​ပေါက်​လေး ဘာ​တွေအလိုမကျဖြစ်​နေတာလဲ"

"ဟွန့်"

နှာတစ်ချက်မှုတ်ထုတ်လိုက်​တော့ ကိုကိုကအသံထွက်သည်ထိရီသည်။

"​​ဟော ဘာအလိုမကျဖြစ်ပြန်ပြီလဲ ​​ယောင်းရဲ့"

"​....."

"မ​ပြောဘူး​ပေါ့​လေ ဒီ​ပေါက်စက​တော့"

ဆိုပြီး ခါးကိုလာတို့ထိပြီး ကလိထိုးတဲ့ကိုကို......

"ဟီးးဖယ် ဖယ်​တော့ ယားတယ်"

"ကိုယ့်ကိုစကားပြန်​ပြောမှာလား"

"အွန်း"

"ဘာအွန်းလဲ ​သေချာ​ဖြေ"

"​ပြောမယ် ​ပြောမယ်"

"ကဲ​ပြော ဘာ​တွေအလိုမကျလို့ ဒီနှုတ်ခမ်း​လေးက တစ်​ထောင်​လောက်ဆူထွက်​နေရတာလဲ"

သူ့နှုတ်ခမ်း​လေးကို တို့ထိကာ ​ပြောလာတဲ့ကိုကိုကို မျက်​စောင်း​လေးခဲလိုက်ပြီး ရင်ခွင်ထဲတိုး၀င်ကာ ချွဲပါ​တော့သည်.......

"​ယောင်းက​လေ ဟို​ဆေးရည်​တွေ​သောက်ချင်ဘူး အဲ့တာကိုကိုက သမား​တော်ကိုပြော​ပေး​နော် တခြားချိုချို​လေး​တွေ​ပြောင်းတိုက်ပါလို့"

"အာရီဂူးးး ဒီ​ပေါက်စက​ဆေးမ​သောက်ချင်လို့ကို ​ယောင်း​ဆေးမ​သောက်လို့မရဘူး​လေ ​ယောင်းခန္ဓာကိုယ်က အားနည်း​နေတာ ကိုယ်တို့ရဲ့ဒီသစ်​တော်သီးဗိုက်​လေးထဲက​ပေါက်စ​လေး ကျန်းမာ​နေမို့ ​ယောင်းကိုယ်တိုင်လဲကျန်းမာ​နေမှဖြစ်မှာ"

"အဲ့လိုလား ဟွန်းးးး ​ဆေးရည် ခါးခါး​တွေမ​သောက်ချင်ပါဘူး​​နော်"

ဆူပုတ်ပုတ်​လေး​ပြော​နေတာများ ဗိုက်ထဲထည့်ထားချင်စရာအတိ......

"ဒီနားမှာ​နေရတာကြာရင် ပုရွက်ဆိတ်ကိုက်ခံရ​တော့မယ် မြန်မြန်ပြန်မှဘဲ"

အ​နောက်ကထွက်​ပေါ်လာတဲ့ အသံကြားမှ ဂျီဂျီရှိမှန်းသတိထားမိသည်။

More  Than  Love::TK::{Completed}Where stories live. Discover now