Episode♡6

8K 779 46
                                    

ထယ်​ယောင်း​လေး နန်းရင်ပြင်ကလှည့်ထွက်လာ​တော့ သူ့​ခြေ​ထောက်​တွေက လမ်းမ​လျှောက်ချင်​တော့သည်အထိ ​ခွေလဲချင်​နေပြီ.....နန်း​​ဆောင်ထဲမှာသာ ​ကြာရှည်စွာ နေခဲ့ရတာ​ကြောင့်လားမသိ ည​လေသည် ရှုရှိုက်လိုက်တိုင်း ရင်ထဲ​​အေးမြ​စေသည်....။ထယ်​ယောင်း​လေး ဥယျာဥ်ဘက်ဖြတ်​လျှောက်ရင်း စမ်း​ချောင်းပိစိ​လေး​ပေါ်က တံတား​ပေါ်ကို​ရောက်သွားသည်.....ည​လေကအလွန်​အေးလာတာ​ကြောင့် သူ့ရဲ့၀တ်ရုံထူသည့်ကြားထဲသို့ ​လေတို့တိုး၀င်ကာ ပို၍ ​အေးလာသည်။ထိုချိန် ​လေပြင်းတစ်ချက်​ကြောင့် အစထဲက​ခွေလဲချင်​နေတဲ့ သူ့​ခြေ​ထောက်​တွေသည် မခိုင်စွာ လဲကျ​တော့ အ​နောက်မှတစ်​ယောက်​ယောက်ကခါးမှထိန်းကိုင်ကာ ဆွဲလှည့်ခံရပြီး ထိုသူ့ရင်ခွင်ထဲ​ရောက်သွားသည်။​လန့်ဖြတ်ကာ ထိုလူ့ပုခုံးတို့ကို ဆွဲဖက်ထားသည်။နွေး​ထွေး​သော ရင်ခွင်တစ်စုံထံ ​ခေါင်းအပ်မိ​တော့ နှာ​ခေါင်းထဲ​ရောက်လာတဲ့အနံ့တစ်မျိုး.....ဒီအနံ့​လေးက သူ့အတွက်အားအင်ပြည့်​စေပြီး အကြာကြီးရှုရိုက်ချင်မိတဲ့ အနံ့သင်းသင်း​လေး သူအလွတ်ကျက်မှတ်ထားပါ​သော ကိုကို့ရဲ့ အနံ့......

ထယ်​ယောင်းချက်ချင်း​မော့ကြည့်လိုက်​တော့ သူ့ကိုပြုံးရယ်ကာ ငုံ့ကြည့်​နေ​သော လူရဲ့မျက်၀န်းတို့နဲ့ စုံ​တော့ ရင်ထဲ ပန်း​ရောင်လှိုင်း​တို့ မုန်တိုင်း၀င်ကြဲသွားသလို ဒါခုဏကခမည်း​တော်​ဘေးကလူပင်.....ထိုလူကအကြည့်မလွှဲ​တော့ ထယ်​ယောင်း​လေးကဘဲအကြည့်လွှဲလိုက်ချိန် အလိုက်ကန်းဆိုးမသိ​တော့ ရင်ခုန်သံသည် အရင်ကထက်၁၀ဆ​လောက်ပိုတုန်လှုပ်လာသည်....။
ထိုချိန် ပွတ်ခနဲဆိုပြီး ထွက်လာ​သော နားရွက်ဖြူ​လေးနဲ့အမြှီး​လေး ........ သူမသိတဲ့လူတစ်​ယောက်​ရှေ့မှာ ထွက်လာတဲ့အရာ​တွေ​ကြောင့် လန့်ကာ ထိုလူကိုတွန်းဖယ်​တော့ ပို၍ပင်တိုးဖက်ထားသည်.....။

"ဟို ​ဖယ်​ပေးပါ​​တော့"

"ဘာလို့ဖယ်​ပေးရမှာလဲ"

ပြုံးရီကာ​ပြော​သော ထိုလူကိုရိုက်ပစ်လိုက်ချင်ပင်မဲ့ လက်​မြှောက်ပြီးရိုက်ဖို့အထိ သူအားမရှိ​သေး.....

More  Than  Love::TK::{Completed}Where stories live. Discover now