Chapter 1

17.4K 774 31
                                    

(Zawgyi)

ကျွန်တော့်နာမည်က Kim Taehyung…။
ကျွန်တော့်အကြောင်းက ထူးထူးခြားခြားတော့မရှိ...။
ဆရာဝန်တစ်ယောက်။ ဒီ့ထက်ပိုပြောရရင် ဝင်ငွေသိပ်မကောင်းတဲ့ ဆရာဝန်တစ်ယောက်ပေါ့...။

လူတွေကတော့ထင်တယ်...။ ဆရာဝန်ဆိုရင်ပဲချမ်းသာတော့မလိုလို…။ တကယ်တော့ မဟုတ်ဘူးဗျ...။ ဝင်ငွေမကောင်းတဲ့ဆရာဝန်လည်း ရှိနိုင်တာပဲ…။ ဥပမာ ကျွန်တော့်လိုပေါ့။

နယ်မကျတကျမှာ တာဝန်ကျတာဆိုတော့လည်း Seoul ကလို ဒိတ်ဒိတ်ကြဲဆေးရုံကြီးလိုတော့ ဘယ်ဟုတ်ပါ့မလဲလေ...။ ဝင်ငွေကောင်းတာ၊ မကောင်းတာနဲ့ လူနေမှုအဆင့်မြင့်ခြင်း၊ မမြင့်ခြင်းက ကျွန်တော့်တစ်ယောက်အတွက်ဆိုရင်တော့ အရေးကြီးတာမဟုတ်...။

တစ်ကိုယ်တည်းသမားကျွန်တော့်အတွက် ပုံမှန်လစာရနေသည်ကိုက ကျေနပ်စရာကောင်းလှနေပြီ...။ သို့သော် ကိစ္စရှိလာသည်က ကျွန်တော့်ချစ်သူ ယွန်းဂျောင်း….။

ကျောင်းတက်စဉ်ကတည်းက ချစ်လာရတဲ့ချစ်သူလေး...။ လူလတ်တန်းစားချင်းအတူတူပင် ဖြစ်သော်လည်း ယွန်းဂျောင်း၏မိဘများက ထုံးစံအတိုင်း အမြင့်ကိုမှန်းသည်ပေါ့...။ ဒါကလည်း သူတို့အပြစ်တော့မဟုတ်ဘူးလေ...။

မိဘတိုင်းကတော့ ကိုယ့်သားသမီးကို ကိုယ့်ထက်မြင့်သောနေရာတွင်သာ မြင်လိုကြသည်ကို ကျွန်တော်နားလည်ကိုယ်ချင်းစာပါသည်...။ မကြပ်တည်းသော်ငြား လောက်ငှရုံဘဝနေထိုင်မှုတွင် သမီးဖြစ်သူဆရာဝန်အပေါ် များစွာမျှော်လင့်ထားကြသည်...။

ဆရာဝန်ဖြစ်တဲ့သမီးနှင့် သူမချစ်သူဆရာဝန်ကား ဆေးကျောင်းတက်စဉ်ကတည်းက နှစ်ဦးသဘောတူ ချစ်ကြိုက်ကြသည်ကို မသိခြင်းမဟုတ်... သိသည်...။ သို့သော်လည်း ၄င်းတို့၏အနှီသမီးမှာ ကျွန်တော့်ထက်မြင့်သောလူတစ်ယောက်နှင့် ဖူးစာပါခွင့်ရှိသည်ဟု အတပ်ယုံကြည်နေသူများဖြစ်ရကား ကျွန်တော့်ချစ်သူမိန်းကလေးမှာ အလိုလိုနေရင်း မျက်နှာငယ်ရပါတော့သည်...။

ချစ်သူနှင့် မိဘကြားဗျာများရသောသူမသည် ကျွန်တော့်ကို အားမလိုအားမရဖြစ်လို့လာသည်...။ ကျွန်တော်ဒီထက်ပိုကြိုးစားမှ ဒီထက်ပိုပြီးနေရာဝင်ဆံ့မည်ဟု မကြာခဏပြောဆိုလာသည်...။ ကျွန်တော်ကရော မတိုးတက်ချင်ဘဲနေပါ့မလားလေ...။ ကံကိုရမယ်ရှာပြီး လွှဲချသည်မဟုတ်သော်ငြား အတင်းအကြပ်စေခိုင်းမရနိုင်သော ကံကြမ္မာအား ကျွန်တော်က မည်ကဲ့သို့ လက်ညိုးထိုးနိုင်မည်နည်း...။

Falling (Completed) Dove le storie prendono vita. Scoprilo ora