(Zawgyi)
အလုပ်ဆင်းတာ ပထမဆုံးရက်ဖြစ်သော်လည်း ကျွန်တော့်စိတ်ထဲသိပ်မကြည်...။ ကိုယ်တိုင်ကလည်း Private patient တွေနဲ့ နေသားမကျသူမို့ထင်တယ် နေရတာစိတ်ကျဉ်းကြပ်သလိုပင်...။
ဒီကောင်လေးကိုကြည့်ရတာလည်း ရုပ်ခံကလေးက ကောင်းချင်ပါရဲ့နဲ့ စကားပြောပုံကရိုက်ပေါက်...။ ကိုယ်ကလည်းနဂိုကမှ ဂျစ်ကန်ကန်စိတ်လေးက ရှိနေတာနဲ့တော့ ဟုတ်နေရောပဲ...။ ဟုတ်တယ်လေ... ကိုယ်ရောသူပါ လူငယ်ကိုး…။ စိတ်ကတော့ လက်တစ်ဆစ်ချင်းတူတာပါပဲ...။
ဒါပေမယ့် လောလောဆယ်မှာတော့ သူကလူနာ... ကိုယ်ကဆရာဝန်…။ သူကဆိုးနေရင်တောင် ကိုယ်က အတတ်နိုင်ဆုံးကြိုးစားကုရမှာပဲ…။ မတတ်နိုင်ဘူးလေ...။
"ဒီဆေးတွေကိုပုံမှန်သောက်ပေးပါ... ဒါက အရိုးအတွက်"
"ကျစ်……. ခင်ဗျားတို့ဆရာဝန်တွေက ဒါပဲပြောတတ်တာလား…. ဒါလေးကဘာအတွက် ဘယ်လို"
တဆိတ်တော့လွန်နေပြီထင်တယ်…။ လူကိုများ စော်ကားမော်ကားပြောနေလိုက်တာ...။ ဟင်း…… စိတ်လျှော့ Taehyung စိတ်လျှော့...။ ထောင်းခနဲထွက်လာသောဒေါသကို ဂလုခနဲနေအောင်မြိုချပစ်လိုက်ရသည်...။
"ဆေးကဘယ်လိုကောင်းကြောင်း ဘာအတွက်အသုံးဝင်ကြောင်း မပြောဘဲနဲ့ မင်းကသိမှာမို့လို့လား...??"
အနည်းငယ်မာသွားသောလေသံကြောင့် သူကမော့လို့ကြည့်လာသည်...။ ပြီးတော့ခနဲ့သလို တစ်ချက်ရယ်လိုက်ရင်း.......
"ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးတဲ့နေရာမှာ ကျား၊ မ၊ အသက်အရွယ် ၊ လိင် ၊ လူမျိုး၊ ဘာသာ၊ စီးပွားရေးအဆင့်အတန်း စသည်ဖြင့်ခွဲခြားဆန့်ကျင်ခြင်းမရှိရဘူးလို့ ခင်ဗျားတို့ဆရာဝန်တွေသင်ခဲ့ရတယ်မဟုတ်လား...?? အခု ခင်ဗျားပြောနေပုံက ကျွန်တော်ကဘာမှမသိလို့ဆိုပြီး ခွဲခြားနေရာမရောက်ဘူးလား...??"
သေစမ်းကွာ !!!
ဆရာဝန်ကျင့်ဝတ်တွေကို အလွတ်တွေဘာတွေများ ကျက်ထားလေသလား...။ ဒါမှမဟုတ် ဆရာဝန်တွေဘယ်လောက်တောင်ပြောင်းနေလို့ ဒါတွေကိုသိနေရတာလဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူနာက လွယ်တာတော့မလွယ်ဘူးပဲ...။
![](https://img.wattpad.com/cover/286398191-288-k634392.jpg)
YOU ARE READING
Falling (Completed)
RomanceWe are slowly slowly falling in LOVE. A Taekook fanfiction~!!!