(Zawgyi)
"များများစားနော်...."
ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးရင်း ခပ်ပြုံးပြုံးပြောလာသော Jungkook ကြောင့် အနေခက်သလိုတောင် ဖြစ်မိသွားသည်...။
ကျန်ခဲ့တဲ့နေ့က ကိစ္စအပြီးမှာ ရုတ်တရက်ကြီး မိမိအပေါ်ဂရုတစိုက် ဆက်ဆံပေးလာသော Jungkook ကြောင့် နေရထိုင်ရတာ မနေတတ်သလို အနေခက်သလို ဖြစ်နေပေမယ့်လည်း တစ်ဖက်ကကြည့်ရင်တော့ မိမိတို့ကြားက ဆက်ဆံရေးက ကောင်းတဲ့အခြေအနေတစ်ခုကို ရောက်သွားခဲ့သည်ဟု ယူဆမိသည်...။
ထို့အပြင် Jeon Jungkook ဆိုတဲ့လူသားဟာ ကျွန်တော် အမြဲမြင်နေရသလို ခံစားချက်မဲ့ကာ အေးစက်နေသော လူတစ်ယောက်မဟုတ်ဘဲ တစ်ဖက်သားကို စာနာနားလည်တတ်သူတစ်ယောက်ဟု သိလာခဲ့ရသည်...။
"ဘာလို့လဲ Taehyung...??"
သူ့ကိုသတိလက်လွတ်စိုက်ကြည့်မိတာကြောင့် ပြန်မေးလာတာမို့ ကျွန်တော်ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာပြန်လွှဲလိုက်တယ်...။
"ဘာ... ဘာမှ မဟုတ်ပါဘူး....
ကျေးဇူးပါနော်... မင်းလည်းစားလေ"အတွေးလွန်မိသွားသော ကိုယ့်ကိုယ်ကိုသာ ကျွန်တော်ခပ်တိုးတိုး ကျိတ်ကျိန်ဆဲလိုက်ကာ ပန်းကန်ထဲက ဟင်းတွေကိုသာ တစ်ခုပြီးတစ်ခု ယူစားနေလိုက်တော့သည်....။
တကယ်တော့ နည်းနည်းလေးတော့ ထူးဆန်းနေတယ်ထင်တယ်...။ ဘာရယ်ကြောင့်ဆိုတာ သေချာမပြောတတ်ပေမယ့် ဒီအိမ်ကလူတွေအားလုံး ထူးဆန်းနေတာတော့အမှန်ပင်...။
အခုရက်ပိုင်းထဲမှာ အိမ်တော်ထိန်းကြီးရော Arjuma ရော ကျွန်တော့်ကို အရင်ကထက်ကို အရမ်းဂရုတစိုက်ပုံစံမျိုး ဖြစ်နေတာမို့ တကယ်ပင် အားတုံ့အားနာဖြစ်လာရသည်...။
တကယ်ဆို ကိုယ်လည်းသူတို့လို Jungkook ရဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်ပဲမဟုတ်ပါလား...။ အခုလို အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးနေကြတော့ ကိုယ်ကပဲ အခွင့်ထူးခံ လူတန်းစားလိုလို ဖြစ်နေသည် မဟုတ်ပါလား.....။
ESTÁS LEYENDO
Falling (Completed)
RomanceWe are slowly slowly falling in LOVE. A Taekook fanfiction~!!!