Chapter 13

4.6K 473 59
                                    

(Zawgyi)

ဒီနေ့တော့ Jungkook ဆီကနေခွင့်ယူထားတာကြောင့် Taehyung သူအရင်အလုပ်လုပ်ခဲ့တဲ့ ဆေးရုံဆီသို့ပြန်လာခဲ့လိုက်တယ်...။ ဆေးရုံအုပ်ကြီးအတွက် လက်ဆောင်ပစ္စည်းတွေလည်း ဝယ်လာပြီးတော့ပေါ့...။

ဘာပဲပြောပြောဒီအလုပ်က ဆေးရုံအုပ်ကြီးရဲ့ကျေးဇူးကြောင့် ရခဲ့တာမဟုတ်လား...။ ထို့အတူ Jungkook က သူ့ကိုအလုပ်ဆက်ခန့်ထားချင်တဲ့အကြောင်းကို ရှင်းပြရဦးမယ်လေ...။

Taehyung ဟိုရောက်သွားတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင် operation ခန်းဝင်နေတယ်ဆိုတာကြောင့် ခဏထိုင်စောင့်နေရတယ်...။ လူတိုင်းအလုပ်ရှုပ်နေချိန်မှာ သူတစ်ယောက်တည်းသာ family doctor အဖြစ် သက်တောင့်သက်သာဖြစ်နေတာကြောင့် စိတ်တော့သိပ်မလုံ...။ တကယ်ဆိုခုလိုအလုပ်ရှုပ်နေတဲ့ ဆရာဝန်တွေထဲမှာ သူလည်းပါနေရမှာ...။ Jungkook ကိုပဲ နားလည်အောင်ပြောပြပြီး အလုပ်ပြန်ဆင်းရင်ကောင်းမလားလို့ သူတွေးနေမိတယ်...။

"ရောက်နေတာကြာပြီလား Taehyung...!!"

အပြုံးနဲ့အတူရုံးခန်းထဲပြန်ဝင်လာတဲ့ ဆေးရုံအုပ်ကြီးကို သူထိုင်နေရာမှထရပ်ကာ ဦးညွတ်နှုတ်ဆက်လိုက်တယ်...။

"မကြာသေးပါဘူး... ဒီရက်ပိုင်းအလုပ်များနေကြတာလား... ဆေးရုံအုပ်ကြီးကိုယ်တိုင်တောင် ခွဲစိတ်ခန်းဝင်တယ်ဆိုတော့"

"အဲ့လောက်လည်း မများပါဘူးကွာ.. ငါကဒီတိုင်းထိုင်မနေချင်လို့ ခွဲစိတ်ခန်းဝင်တာပါ.. သင်ထားတဲ့ပညာတွေကို အလကားမဖြစ်ချင်ဘူးလေ"

ဆေးရုံအုပ်ကြီးရဲ့စကားကြောင့် Taehyung ခေါင်းတညိတ်ညိတ်နဲ့ စဉ်းစားနေတယ်...။သူသည်လည်း သင်ထားတဲ့ပညာတွေကို အလကားဖြုန်းတီးနေသူ ဖြစ်နေပြီမဟုတ်လား...။ Jungkook ဆီမှာနေရတာ သက်တောင့်သက်သာရှိလှပေမယ့် နေ့တိုင်းလည်း ဆေးကုပေးနေရတာ မဟုတ်တာကြောင့်မို့ သူ့ပညာတွေအလကားဖြစ်ပြီပေါ့...။

"ကျွန်တော် Mr. Jeon နဲ့ ၆လစာချုပ်ပြည့်ရင် ဒီမှာပဲအလုပ်ပြန်ဝင်ပါ့မယ်... ဒီမှာစာချုပ်ချုပ်ထားတာ ၄နှစ်ကျော်လောက် ကျန်သေးတယ်မဟုတ်လား"

သူ့စကားကြောင့် ဆေးရုံအုပ်ကြီးက ဟက်ဟက်ပက်ပက်ရယ်မောလေရဲ့...။ Taehyung အနည်းငယ်တော့ အူကြောင်ကြောင်ဖြစ်သွားတယ်...။ သူပြောတာရယ်စရာမှ မပါတာပဲ...။ တကယ်လည်း သူက ဆေးရုံနဲ့၇နှစ်စာချုပ် ချုပ်ဆိုထားရတယ်လေ...။ အခုက ဆေးရုံအုပ်ကြီးရဲ့ခွင့်ပြုချက်ကြောင့်သာ အပြင်မှာဆေးသွားကုလို့ရတာကို...။

Falling (Completed) Where stories live. Discover now