Chapter 23 (Final)

9.2K 507 33
                                    

(Zawgyi)

ဒယ်ဂူကိုရောက်ခါနီးလာတော့ တစ်လမ်းလုံးငြိမ်သက်နေတဲ့ Taehyung အတန်ငယ်လှုပ်လှုပ်ရှားရှားဖြစ်လာတယ်...။ ဒီတစ်ခေါက်အိမ်ပြန်တာက ရည်ရွယ်ချက်ချင်းမှမတူဘဲ...။

မိဘ၂ပါးက မိမိနှစ်သက်တဲ့သူကို လက်ထပ်ပါလို့ပြောခဲ့ဖူးသော်လည်း ထိုသူသည် ယောင်္ကျားလေးဖြစ်လည်းရတယ်လို့မှ မပါခဲ့ပဲနဲ့...။ ကိုယ်တိုင်ကလည်း လွန်ခဲ့တဲ့တစ်နှစ်လောက်ကအထိ မိန်းကလေးတစ်ယောက်ကိုသာ လက်ထပ်မယ်လို့တွေးထားခဲ့ပေမယ့် တကယ်တမ်းချစ်မိသွားတဲ့သူက ယောင်္ကျားလေးဖြစ်နေတာကတော့ ကံကြမ္မာရဲ့စေစားချက်ပဲ ဖြစ်ပါလိမ့်မယ်...။

"Tae အရမ်းစိုးရိမ်နေတာလား...??"

အေးစက်နေတဲ့သူ့ရဲ့လက်ဖဝါးတွေကို လာရောက်ဆုပ်ကိုင်ရင်း အားပေးလာတဲ့သူ...။ ကိုယ့်ထက်အငယ်ဖြစ်ပေမယ့်လည်း တည်ငြိမ်ရင့်ကျက်စွာနဲ့ အရာရာကိုဦးဆောင်နိုင်သူမို့ မလေးစားဘဲမနေနိုင်...။ ဒါတင်ဘယ်ကဦးမလဲ... သူက Taehyung ရဲ့ဘဝမှာ ပထမဆုံးချစ်မိတဲ့သူပင်..။ ဒီလိုပြောလို့ အရင်ရည်းစားအကြောင်းလာမေးရင်တော့ ထိုအချိန်တုန်းက အချစ်ဆိုတာဘာမှန်း သေချာမသိသေးဘဲ ရည်းစားထားမိတဲ့ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရပေလိမ့်မယ်...။ အချစ်မပါခဲ့တဲ့အတွက် ကြည်နူးရတာထက် စိတ်ရှုပ်ရတာက ပိုပါတယ်...။

အခုတော့ အချစ်စစ်ကိုတွေ့နေပြီမို့ သူသာကိုယ့်ဘေးမှာရှိနေရင် ဘာမဆိုရင်ဆိုင်ရဲတဲ့သတ္တိတို့ Taehyung ဆီမှာ အပြည့်ရှိနေပါပြီ...။

"မစိုးရိမ်ပါဘူး... Jeon ရှိနေတာပဲဟာ"

ထိုအပြောကြောင့်သူဟာ သဘောတကျနဲ့ မျက်ဝန်းတွေမှေးမှိတ်သွားတဲ့အထိ ရယ်ပြလာတယ်...။ ချစ်နေတော့လည်း ပတ်ဝန်းကျင်က ဘယ်လိုမြင်မယ်ဆိုတာကို ဂရုစိုက်မနေတော့ပါဘူး...။ သူ့လက်ကိုရဲရဲဆုပ်ကိုင်ကာ လေဆိပ်ထဲကနေ ထွက်လာခဲ့လိုက်တယ်...။

အစကတော့ ဒီခရီးစဉ်မှာ Omma ကိုပါ တစ်ပါတည်းခေါ်ဖို့ဖြစ်ပေမယ့် အဆင်ပြေမပြေက မသေချာတာကတစ်ကြောင်း... သားတစ်ယောက်ဆုံးရှုံးထားရလို့ ပူဆွေးသောကရောက်နေမယ့် Omma ကို စာနာတာကတစ်ကြောင်းမို့ ချန်ထားခဲ့လိုက်ရတယ်...။ ဒီဘက်မှာအဆင်ပြေလို့ မင်္ဂလာကိစ္စပြောဖို့လိုလာရင်တော့ Omma က လိုက်လာပါလိမ့်မယ်...။

Falling (Completed) Место, где живут истории. Откройте их для себя