Chapter 21

4.9K 451 59
                                    

(Zawgyi)

ဒီနေ့ကျမှ သူ့ဘာသာအိပ်ရာနိုးနေကျ Jungkook တစ်ယောက် မထလာသေးတာမို့ Taehyung လည်း သူ့အခန်းဆီတက်လာခဲ့ရတယ်...။ အခန်းတံခါးခေါက်ကြည့်တော့လည်း အသံပြန်မပေး...။ နေများမကောင်းဘူးလို့ဆိုတဲ့ အတွေးနဲ့အတူ စိုးရိမ်တကြီးနဲ့ လော့မချထားတဲ့သူ့အခန်းထဲ တွန်းဖွင့်ဝင်လာခဲ့လိုက်တယ်...။

အခန်းထဲက ကုတင်ပေါ်မှာ Jungkook က နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတယ်...။ ပြတင်းပေါက်ကနေ နေရောင်ခြည်တချို့ သူ့အပေါ်ဖြာကျနေတာမို့ နတ်သားလေးတစ်ပါးပမာ ချောမွေ့ကြည့်ကောင်းလွန်းနေတယ်...။ သူ့ကိုအတန်ကြာငေးနေပြီးမှ Taehyung လည်း သူ့အနားအသာတိုးကပ်သွားလိုက်တယ်...။

"Koo ထတော့လေ.. နေမကောင်းဘူးလား...??"

အမေးနဲ့အတူ သူ့နဖူးပေါ်လက်နဲ့အသာစမ်းလိုက်တော့ ပုံမှန်ပါပဲ...။ ဒါဆိုဘာလို့များ ခုထိမနိုးသေးတာလဲ...။ ပုံမှန်ဆို အအိပ်ဆတ်တဲ့သူက သူ့အသားကိုထိတာနဲ့ နိုးလာတာကို...။

"Koo...!!!"

သူ့လက်မောင်းကိုကိုင်ကာ အသာလှုပ်နှိုးလိုက်တော့မှ အတန်ငယ်လူးလွန့်လာပြီး ကိုယ့်လက်ကိုပြန်အုပ်ကိုင်ကာ သူ့ရင်ခွင်ထဲဆွဲချလိုက်တာများ ရုန်းချိန်တောင်မရလိုက်...။ ခုဆိုရင် Taehyung ရဲ့ကိုယ်တစ်ပိုင်းဟာ Jungkook ရဲ့ရင်ခွင်ထဲမှာ စုန်းစုန်းမြုပ်နေပြီး ခြေထောက်တွေကတော့ ခုနကထိုင်နေတဲ့အတိုင်း ကုတင်ပေါ်ကနေ ခြေတွဲလောင်းချလျက်သား ရှိနေသေးတယ်...။

"ဒီနေ့အလုပ်ပိတ်တယ်လေ Tae ရယ်... ကိုယ့်အနားမှာခဏလောက်နေပေး... Tae ကို ဖက်ပြီးအိပ်ချင်သေးတယ်"

အိပ်ချင်မူးတူးဖြစ်မနေတဲ့သူ့အသံကြောင့် သူခုနကတည်းက နိုးနေရက်နဲ့အိပ်ချင်ယောင်ဆောင်နေမှန်း Taehyung ရိပ်မိသွားတယ်...။ ဒါပေမဲ့လည်း မငြိုငြင်ရက်ဘူးလေ...။ Jungkook က ပုံမှန်ဆို ခုလိုမျိုးတွေမှမလုပ်တတ်တာ...။

ဒါနဲ့ပဲသက်တောင့်သက်သာပိုဖြစ်အောင် တွဲလောင်းချလျက်ရှိနေတဲ့ ခြေထောက်တွေကိုပါ ကုတင်ပေါ်တင်လိုက်ပြီး Jungkook ရဲ့ရင်ခွင်ထဲမှာ နေသားတကျနေနေလိုက်တယ်...။ ကိုယ့်လက်တွေကိုလည်း သူ့ကျောပြင်ကိုပြန်သိုင်းဖက်ဖို့ မမေ့မလျော့နဲ့ပေါ့...။

Falling (Completed) Where stories live. Discover now