Chapter 5

5.1K 508 87
                                    

(Zawgyi)

"အားးး...ခေါင်းကိုက်လိုက်တာ"

ညကသောက်တာ နည်းနည်းများသွားတာကြောင့် မနက်အိပ်ယာနိုးတာနဲ့ မအီမသာဖြစ်နေရပြီ...။ တော်သေးတာက ဒီနေ့ဆေးရုံမှာဂျူတီချိန်မရှိလို့...။ အိမ်မှာက တစ်နေ့တစ်ခါဆေးစစ်ပေးပြီးရင်က ထွေထွေထူးထူးလုပ်စရာမှမရှိတာပဲ...။

ရုတ်တရတ်ခေါင်းထဲဖျတ်ခနဲသတိရသွားတာက သူရော အဆင်ပြေရဲ့လားလို့...။ မနေ့ကအတူတူသောက်ကြတာကြောင့် သူလည်းခုချိန်ဆို ခေါင်းကိုက်နေလောက်ပြီ...။

ကျွန်တော်က လူကောင်းမို့ကိစ္စမရှိပေမယ့် သူကတော့ ခြေထောက်ကလည်း မကောင်းရတဲ့ကြားထဲ ခေါင်းပါကိုက်နေရင် ပိုစိတ်ညစ်မယ်ထင်တယ်...၊၊

တွေးနေတာက အချိန်ကြာပါတယ်...။ ကျွန်တော်ချက်ချင်းပဲ အိပ်ယာပေါ်ကနေခုန်ထပြီး အမြန်အဆန်မျက်နှာသစ်လိုက်တယ်...၊၊ အိမ်အောက်ထပ်ကို ကသောကမျောပြေးဆင်းလာပြီး Arjuma ကို တစ်ခုခုလုပ်ခိုင်းဖို့ပြောရန်ပြင်တော့ နောက်တောင်ကျနေလေပြီ...။

ပျားရည်ကိုခပ်နွေးနွေးလေးဖျော်ထားတာက ကျွန်တော့်ရဲ့ခေါင်းကိုက်နေတာတွေကို ယူပစ်သလိုပင် ပျောက်သွားလေတယ်...။ အခုလိုအလိုက်သိလွန်းလို့လည်း Arjuma က ဒီအိမ်မှာအလုပ်မြဲနေတာနေမယ်...။

"ကျေးဇူးတင်ပါတယ် Arjuma ရယ်... ကျွန်တော်လည်း ဖျော်ပေးဖို့ခုပဲပြောမလို့ကို... ဒါနဲ့ ဟိုတစ်ယောက်မနိုးသေးဘူးလား..??"

ကျွန်တော့်ရဲ့ချစ်လှစွာသောလူနာကို သတိတရမေးလိုက်တော့ Arjuma က ပြုံးတယ်လေ...။ သူမစိတ်ထဲမှာတော့ ကျွန်တော်တို့ကို မကြီးမငယ်နဲ့ရန်ဖြစ်နေကျ လူနာနဲ့ဆရာဝန်ရယ်လို့ မြင်မှာပေါ့လေ...။

"မနိုးသေးဘူး... Arjuma ဟင်းအိုးကြည့်နေလို့ သူဌေးလေးကို သားပဲ သွားနှိုးပေးမလားဟင်...?? ဒီပျားရည်လေးပါ ယူသွားပေးလိုက်ပါ... အိမ်တော်ထိန်းကြီးကလည်း ကုမ္မဏီကိစ္စတွေရှိလို့ အပြင်ခဏထွက်သွားတယ်..."

"ရတာပေါ့ Arjuma ရယ်... ပြောစရာမှမလိုတာ"

ကျွန်တော်လည်း Arjuma ပေးတဲ့ပျားရည်ခွက်လေးကိုကိုင်ပြီး သူ့အခန်းရှိရာကိုတက်လာခဲ့တယ်...။ ဟုတ်သားပဲ အိမ်တော်ထိန်းကြီးလည်းမရှိတော့ သူနိုးနေရင်တောင် ဘယ်သူကမ,ရွေ့ပေးမလဲ...?? အဲ့လိုစဉ်းစားကြည့်တော့လည်း သနားစရာပါလား...။

Falling (Completed) Where stories live. Discover now