Chapter 8

4.4K 482 32
                                    

(Zawgyi)

မျက်လုံးတွေဖွင့်ထားရင်ဖြစ်စေ ပိတ်ထားရင်ပဲဖြစ်စေ ကျွန်တော့် အမြင်အာရုံထဲမှာ ထိုလူစိမ်းနဲ့ ပြုံးရွှင်ရယ်မောနေသော ယွန်းဂျောင်းရဲ့ပုံရိပ်ကိုသာ မြင်ယောင်နေမိသည်...။

ဘာကြောင့်များ ဒါကိုပဲတွေးမိနေလဲမသိပေမယ့်
ကျွန်တော့်စိတ်ထဲမှာ မွန်းကြပ်လေးလံနေမိသည်...။

ကျွန်တော် ယွန်းဂျောင်းဆီကိုဖုန်းမဆက်တာ တစ်ပါတ်တိတိကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယွန်းဂျောင်းဘက်မှလဲ ဆက်သွယ်မလာခဲ့ပေ...။ မကြာခဏ ကျွန်တော့် ခေါင်းထဲဝင်လာသော တကယ်ပဲ Mr. Jeon ပြောသလို ဖြစ်နေမလားဆိုတဲ့အတွေးတွေကို အထိတ်တလန့်မောင်းထုတ်မိတယ်...။ ထူးဆန်းသောအတွေးတွေ တွေးမိတဲ့အတွက်လဲ ယွန်းဂျောင်းကို အားနာမိသွားရသည်...။

အခုမှသိရတဲ့သူစိမ်းတစ်ယောက်ရဲ့စကားကြောင့် နှစ်အတော်ကြာလက်တွဲလာတဲ့ချစ်သူအပေါ် သံသယဝင်သလို ဖြစ်နေမိသည့် ကိုယ့်ကိုယ်ကိုလဲ ဒေါသထွက်နေမိသည်...။

မဟုတ်ဘူး Taehyung.... မဟုတ်သေးဘူး...။
မင်းအခုလို သူမကို သံသယ မဝင်သင့်ဘူး...။
ဘာဆိုဘာမှမရှိတဲ့မင်းကို သူမ,မိဘတွေမကြည်ဖြူ တဲ့ကြားက သူမ,လက်ခံထားခဲ့တာ... မင်းသူမကို အခုလိုသံသယမဝင်သင့်ဘူး...။

ဟုတ်တယ်... သူမကိုသံသယဝင်မယ့်အတွေးတွေ တွေးမနေတော့ပဲ သူမနဲ့တွေ့ပြီးမေးကြည့်ရမယ်...။ ကျွန်တော်တို့ကြားမှာ ဘယ်လိုအဖုအထစ် ဘယ်လိုပြဿနာမျိုးကိုမှ နေရာယူဝင်မပေးနိုင်ဘူး....။

အတွေးနဲ့အတူ ကျွန်တော်ထရပ်မိလိုက်ပေမယ့် ခြေလှမ်းတွေကတော့ နေရာမှမရွေ့ခဲ့...။ ကျွန်တော်သူမကို ဘယ်လိုမေးရမှာလဲ...?? ကျွန်တော်အဆက်အသွယ်မလုပ်တဲ့ အချိန်အတွင်းမှာ သူမနဲ့အတူ ရယ်မောပြောဆိုနေတဲ့လူက သူမနဲ့ ဘယ်လိုပါတ်သက်လဲလို့မေးရမှာလား...??

သူမ,က လုပ်ဖော်ကိုင်ဖက်ပါဆိုပြီး ကျွန်တော်နဲ့မိတ်ဆက်ပေးမလား...?? မဟုတ်ရင်... မဟုတ်ရင်ရော...?? အဲ့ဒီလူကကျွန်တော့်ထက်သာပြီး မျိုးရိုးမြင့်အသိုင်းအဝိုင်းကလူမို့ သူမအတွက်ရွေးချယ်ထားတာလို့ ပြောလာခဲ့ရင်ရော...??

Falling (Completed) Where stories live. Discover now