Chapter 16

4.9K 482 82
                                    

(Zawgyi)

"ဒီနေ့ကျွန်တော်နဲ့ ပွဲတစ်ခုလိုက်ပေး Taehyung"

သူ့စကားကြောင့် Taehyung စာရင်းစစ်နေရာကနေ ဖျတ်ခနဲမော့ကြည့်လိုက်မိတယ်...။ သူကတော့ Laptop ကိုသာအာရုံစိုက်ထားတယ်...။ ကိုယ်ကသူ့ရဲ့အတွင်းရေးမှူးလိုဖြစ်နေတာကြောင့် သူဘယ်သွားသွားလိုက်ရတာပဲ...။ ပြောနေစရာတောင်မလိုတာကို...။

"ဘယ်အချိန်လဲ Jungkook...??"

"ညနေ၅နာရီလောက်ပေါ့... ဒီနေ့အလုပ်ကနေ စောစောပြန်မယ်.. အဝတ်တွေကိုဆိုင်ကနေပဲ ဝယ်ဝတ်လိုက်မယ်"

"အရေးကြီးတဲ့ပွဲမို့်လို့လား...??"

ပုံမှန်ဆိုအိမ်ပြန်အဝတ်အစားလဲပြီးမှ ပြန်ထွက်နေကျကို တစ်ခါတည်းအဝတ်အစားဝယ်ပြီး ပွဲသွားတက်မယ်ဆိုတာကြောင့် Taehyung မေးလိုက်ရခြင်းသာ...။

"ဟုတ်တယ်... တော်တော်လေးအရေးကြီးတယ်"

Taehyung ဘာမှပြန်မပြောတော့ဘဲ ခေါင်းတညိတ်ညိတ်လုပ်နေလိုက်တယ်...။ သူနဲ့အတူတူ ပွဲတွေစတက်တုန်းကတော့ ကိုယ်ကစီးပွားရေးသမားမဟုတ်တာကြောင့် အနည်းငယ်တော့ ကြောင်တောင်တောင်နိုင်လှတယ်...။ တချို့တွေရဲ့ သို့လောသို့လောအကြည့်တွေကို ခံရပေမယ့်လည်း ကြာလာတော့နေတတ်လာတယ်...။ ကိုယ်ကဆရာဝန်တစ်ယောက်ဖြစ်သလို လူတောမတိုးဝံ့တာမျိုးလည်း မရှိတာကြောင့်အဆင်ပြေပါတယ်...။

"နေ့လည်စာသွားစားရအောင်...!!!"

အလုပ်တွေခဏလက်စသတ်ပြီး Jungkook ပြောလိုက်တာကြောင့် နာရီကိုမော့ကြည့်မိတော့ နေ့လည်၁၂နာရီထိုးပြီးနေပြီ...။ Taehyung လည်း လုပ်လက်စအလုပ်ဖိုင်တွေကို သေချာပြန်စီထပ်လိုက်ပြီး နေရာကနေထရပ်လိုက်တယ်...။ Jungkook က ကုတ်အင်္ကျီကိုပြန်ဝတ်မနေတော့ဘဲ အောက်ခံရှပ်အင်္ကျီလက်ရှည်ကိုသာ တံတောင်ဆစ်ထိလက်ခေါက်ဝတ်ထားတာကြောင့် တော်တော်လေးရှင်းသန့်ကာ ကြည့်ကောင်းနေလေတယ်...။

"သွားမယ်လေ Taehyung... ကျွန်တော့်ကိုဘာလို့ အဲ့လောက်ထိစိုက်ကြည့်နေတာလဲ... ချောလို့လား...??"

ပြုံးစစနဲ့မေးလာတဲ့ Jungkook ကြောင့် Taehyung အတန်ငယ်တော့အနေရခက်သွားတယ်...။ ကိုယ်ကလည်း ကိုယ်ပဲ...။ ဘာလို့များသတိလက်လွတ်နဲ့ သွားငေးမိလဲမသိ...။ အမှန်ဆို ကိုယ်ကပိုချောတာကို...။

Falling (Completed) Where stories live. Discover now