Chapter 7

4.5K 487 43
                                    

(Zawgyi)

ကျွန်တော်စဉ်းစားနေတာဗျ...။ အခုကျွန်တော်က ဆရာဝန်တင်မကဘူး...။ Mr. Jeon ရဲ့အတွင်းရေးမှူးပါဖြစ်နေတာလား...??

ကျွန်တော်သူနဲ့အတူတူ ကုမ္မဏီကိုလိုက်နေတာ ၃ရက်တောင်ရှိနေပြီ...။ ဒုတိယရက်မှာ အိမ်တော်ထိန်းကြီး ပြန်ရောက်လာပေမယ့် ပင်ပန်းနေတာလည်းတစ်ကြောင်း စက်ရုံကိစ္စအပြင် ကုမ္မဏီကိစ္စကိုပါ မကြီးကြပ်စေချင်တာကတစ်ကြောင်းကြောင့် သူကိုယ်တိုင်ပဲသွားတယ်...။

သူသွားတော့ကျွန်တော်ကပါ အတူတူလိုက်ရရော...။ ဘာမှထွေထွေထူးထူးတော့ လုပ်စရာမရှိပါဘူး...။ သူသွားလိုရာကို ဝှီးချဲတွန်းပြီးလိုက်ပို့ပေးရုံသာ...။ ကိုယ့်လူနာဆိုတော့ သူအစာစားချိန် ဆေးသောက်ချိန်တွေကိုတော့ သေချာဂရုစိုက်ပေးရတာပေါ့...။ ဘာလိုလိုနဲ့ ကျွန်တော်တောင် လုပ်ငန်းသဘောတွေ နားလည်လာသလိုလိုရှိသား...။

သူ့ကြည့်ရတာ အရင်ကတည်းက တသီးတသန့်ကြီးနေတတ်ပုံပဲ...။ ဝန်ထမ်းတိုင်းကလည်း သူ့ကိုဆိုကြောက်ကြတဲ့ပုံပဲ...။ အတွင်းရေးမှူးမရှိပေမယ့် မန်နေဂျာကတော့ စာရင်းစစ်စရာတွေရှိရင် လာလာပြတတ်တယ်...။

အလုပ်နဲ့ပတ်သတ်တဲ့ကိစ္စမရှိရင် သူ့ရုံးခန်းထဲကို ဘယ်သူမှမဝင်ရဲကြဘူး...။ သူကလည်း အလုပ်မှာဆို မျက်နှာကြီးက တည်တင်းနေတာပဲ...။ ကျွန်တော်တောင် အလိုလိုနေရင်းရှိန်လာသလိုပင်...။

အလုပ်ကတော့ တကယ်လုပ်တာဗျ...။ သူအလုပ်ဇောကပ်နေရင် ထမင်းစားချိန်တွေတောင် မေ့တတ်လွန်းလို့ ကျွန်တော်ပဲသတိပေးရတာ...။ ကျွန်တော်ကတော့ အချိန်မှန်ပဲဗိုက်ဆာတတ်တော့ နာရီတောင်ကြည့်စရာမလို...။ ကျွန်တော်ဆာပြီဆိုတာနဲ့ သူ့ကိုလှမ်းသတိပေးလိုက်တာပဲ...။

"ဝှား...!!!!"

အလုပ်လုပ်စရာလည်းမရှိတဲ့အတူတူ ကျွန်တော်စတင်အိပ်ငိုက်လာလေပြီ...။ သူကတော့ ကွန်ပျူတာ၂လုံးနဲ့ အလုပ်ရှုပ်နေဆဲပင်...။

ဖြစ်နိုင်ရင် ခုထိုင်နေတဲ့ဆိုဖာပေါ်မှာပဲ ပစ်လှဲချကာအိပ်ပစ်လိုက်ချင်ပေမယ့် အချိန်မရွေးဝင်လာတတ်တဲ့ ဝန်ထမ်းများကြောင့် ကျွန်တော်သိက္ခာကျမခံနိုင်ပါ...။ အစတည်းကဖုန်းကိုလည်း အားတိုင်းမကလိတတ်သူမို့ ခဏကြည့်ပြီးတာနဲ့ပျင်းလာလေတယ်...။

Falling (Completed) Where stories live. Discover now