Chapter 9

4.6K 502 73
                                    

(Zawgyi)

ကျွန်တော်အိမ်ပြန်ရောက်တော့ Mr. Jeon ရဲ့ကားရပ်ထားတာကို တွေ့လိုက်ရသည်...။ ဒါဆိုသူပြန်ရောက်နေပြီပေါ့....။

နာရီအတော်ကြာ လမ်းလျှောက်ခဲ့ရတာကြောင့် ညောင်းညာကိုက်ခဲကာ ခွေကျလုလုဖြစ်နေတဲ့ ခြေထောက်တွေကို အားယူကာလှမ်းရင်း မိမိအခန်းရှိရာသို့ တန်းဝင်လာခဲ့လိုက်တော့သည်...။

"အား.....ကျွတ် ကျွတ် ကျွတ်....."

အိပ်ယာပေါ်ထိုင်ချကာ တောင့်တင်းနေသော ခြေထောက်တွေကို နှိပ်နယ်ပေးနေတုန်းမှာပဲ....

ဒေါက် ဒေါက် ဒေါက်!!!!

တံခါးခေါက်သံကြောင့် အိပ်ယာပေါ်မှဆင်းကာ အခန်းဝဆီ ခပ်ဖြည်းဖြည်းလျှောက်ခဲ့လိုက်ပြီး တံခါးကိုဖွင့်ပေးလိုက်တော့ အခန်းဝမှာ ရပ်နေတဲ့ အိမ်တော်ထိန်းကြီးက ကျွန်တော့်ကို ပြုံးကြည့်နေလေတယ်...။

"ဒေါက်တာလေး.... သူဌေးလေးက ခေါ်ခိုင်းလိုက်ပါတယ်"

လူနာက ခေါ်ခိုင်းတယ်ဆိုတော့လည်း ဘယ်လောက်ပဲ စိတ်အခန့်မသင့်ဖြစ်နေပါစေ စိုးရိမ်ပူပန်မှုတချို့ဝင်ရောက်လာပြီး မိမိခံစားနေရသည့် နာကျင်မှုတွေပင်မေ့သွားကာအလောတကြီး အခန်းထဲပြေးဝင်ပြီး လိုအပ်သည်များကိုရှာဖွေမိတယ်....။

"ဟုတ်လား..... အိမ်တော်ထိန်းကြီး....?? Mr. Jeon တစ်ခုခုဖြစ်လို့လား... ခဏလေးနော်... ကျွန်တော်ဆေးအိတ်ယူပြီး....."

"မဟုတ်ပါဘူး ဒေါက်တာလေး.... သူဌေးလေးက ပန်းခြံထဲက ကျောက်စားပွဲလေးကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တာပါ... သူဘာမှမဖြစ်ပါဘူး"

"Mr. Jeon ကလား.... ကျွန်တော့်ကို....??"

မိမိကိုယ်မိမိလက်ညှိုးထိုးကာ မယုံကြည်နိုင်သလို ပြန်မေးမိတော့ အိမ်တော်ထိန်းကြီးက ပြုံးရယ်ရင်း ခေါင်းညိတ်ပြကာ ပြန်လည်ထွက်ခွာသွားတယ်...။ ကျွန်​​တော်​လည်း ကိုယ်​လက်​သန့်​စင်​ကာ ​ပေါ့​ပေါ့ပါးပါး အဝတ်​အစားတို့ကို လဲလှယ်​ဝတ်​ဆင်​ပြီး အခန်းထဲမှထွက်​လာခဲ့လိုက်​​တော့သည်​...။

ခြံထဲ​ရောက်​လာသည်​နဲ့ ပထမဆုံးကျွန်​​တော် သတိထားလိုက်​မိ​တာကတော့ အရသာရှိတဲ့ အနံ့တစ်​ခုကိုပင်...။ အိမ်​ဘက်​ကိုမျက်​နှာမူကာ ထိုင်​​နေ​သော Mr. Jeon က ကျွန်​​တော့်​ကိုမြင်​သွား​တော့ လက်ယပ်ကာလှမ်းခေါ်တယ်...။

Falling (Completed) Where stories live. Discover now