Chapter 18

4.4K 454 89
                                    

(Zawgyi)

"သားကို Appa အရေးကြီးတာပြောစရာရှိတယ်"

"ဟုတ်ကဲ့ Appa"

ပုံဆွဲစာအုပ်ထဲမှာအရုပ်တွေရေးခြစ်နေတဲ့ ငါးနှစ်သားအရွယ် Jungkook ဟာ သူ့အဖေရဲ့မျက်နှာကို မော့ကြည့်ရင်းပြန်ဖြေလိုက်တယ်...။ မကြာသေးခင်ကမှ မိခင်ဖြစ်သူသေဆုံးထားသော်လည်း ငယ်သေးတဲ့အရွယ်မို့် Omma က ကောင်းကင်ဘုံပေါ်တက်သွားတယ်ဆိုတာကို ခရီးတစ်ခုသွားနေတာလို့သာ ထင်မှတ်နေခဲ့တယ်လေ...။

ထိုမိတဆိုးသားလေးကို စောင့်ရှောက်ဖို့အတွက် Mr. Jeon သည် သူ၏ရည်းစားဦးလည်းဖြစ်သလို တိတ်တိတ်ပုန်းမိန်းမလည်းဖြစ်တဲ့ Choi Miya ကို အိမ်ပေါ်ခေါ်လာဖို့စိတ်ကူးမိတယ်...။ Miya ဆီမှာလည်း အသက်ရှစ်နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ကိုယ့်ရဲ့သွေးသားရင်း Junghyun ရှိနေတယ်လေ...။ Jungkook အနေနဲ့လည်း အဖေတူအမေကွဲအစ်ကိုတစ်ယောက် ရလာမှာမို့ အဆင်ပြေလောက်ပါရဲ့...။

"Appa က သားအတွက် Omma တစ်ယောက်ခေါ်လာပေးမယ်... ပြီးတော့ဟိုတလောက သားပြောဖူးတယ်လေ.. ညီလေးတစ်ယောက်လိုချင်တယ်လို့... အခု Omma မှာက ညီလေးတော့မပါပေမယ့် သားအတွက် ကိုကိုတစ်ယောက်ပါတယ်"

"တကယ်လား...?? ဒါဆိုရင် ကိုကိုက Kookie နဲ့ အတူတူဆော့ပေးမှာလားဟင်...??"

တစ်ဦးတည်းသောသားမို့ အဖော်မင်တဲ့သားငယ်က ဝမ်းသာအားရဖြစ်သွားတာမို့ Mr. Jeon ကျေနပ်စွာပြုံးလိုက်တယ်...။

"ဟုတ်တာပေါ့... အဲဒါမနက်ဖြန်ကျရင် Appa ခေါ်လာခဲ့မယ်နော်... သားက သူတို့ကိုချစ်ပေးရမယ်နော်"

"Nae....!!!!"

အရမ်းပျော်နေပုံရတဲ့သားငယ်လေးကို Mr. Jeon ခေါင်းလေးကို ငုံ့နမ်းလိုက်တယ်...။ ဒီအတိုင်းဆိုရင် သားငယ်လေးအတွက် စိတ်ချရပြီပဲ...။ ဘာလို့လဲဆိုတော့ Miya ဟာ သိပ်ကိုစိတ်ရင်းကောင်းတဲ့ မိန်းမတစ်ယောက် ဖြစ်နေလို့ပါပဲ...။

"ကိုကိုရေ... Kookie နဲ့အတူဆော့ရအောင်"

အဖော်မင်တဲ့ Jungkook ဟာ Junghyun ကို သူ့အစ်ကိုအရင်းတစ်ယောက်လို ခင်တွယ်ရှာတယ်...။ Junghyun ကတော့ ငယ်စဉ်ကတည်းက စကားနည်းပြီး အေးတိအေးစက်နေတတ်တဲ့ ကလေးတစ်ယောက်သာ...။ ပြီးတော့ ခေါင်းကြောမာပြီး အနိုင်ယူလိုစိတ်ရှိသူတစ်ယောက်...။ စာတော်သလောက်လည်း အတန်းထဲမှာ အမြဲအဆင့်တစ်ရတဲ့သူပင်...။

Falling (Completed) Where stories live. Discover now