Chapter 14

4.5K 458 55
                                    

(Zawgyi)

ဆရာဝန်တစ်ယောက်အနေနဲ့ ကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးလုပ်ရတာ နည်းနည်းတော့ကသိကအောက်နိုင်တယ်...။ သင်ထားခဲ့တဲ့ ဆေးပညာတွေကလဲ ခုတော့အလကားပါပဲ...။ တစ်ခုသာတာက ရတဲ့လစာက အရင်ကနဲ့တော့တခြားစီပဲ...။ ဒါ့အပြင်သက်တောင့်သက်သာရှိမှုကလဲ အခုအလုပ်ကပိုတယ်...။

Jungkook ကတော့ပြောတယ်...။ လူတစ်ယောက်ဆိုတာ ဘက်စုံတော်နေရမယ်တဲ့လေ...။ ဒါကြောင့်လဲ အစကသိပ်လက်မခံချင်တဲ့ သူ့အတွင်းရေးမှူးဆိုတဲ့နေရာကို Taehyung ကျေကျေနပ်နပ်ကြီး လက်ခံခဲ့မိတယ်...။

တကယ်တမ်းတော့ ကိုယ့်အလုပ်ကမယ်မယ်ရရမရှိ...။ Jungkook အတွက် ကော်ဖီဖျော်ပေးရုံနဲ့ သူနမူနာပြပေးတဲ့စာရင်းတွေကို အနည်းငယ်ကူလုပ်ပေးရုံသာ...။ Jungkook ရဲ့ခြေထောက်ကလဲ တော်တော်လေးကောင်းနေပြီမို့ ဝှီးချဲမလိုတော့ပါ...။ Taehyung အတွက်က တော်တော်လေးသက်သာတယ်လို့ ပြောရမယ်...။ ဘာအလုပ်မှမယ်မယ်ရရမရှိပဲ လစာအသားတင်ရနေတာကိုး...။

အခုလဲလုပ်စရာစာရင်းတွေပြီးလို့ ခုံမှာငုတ်တုပ်ထိုင်နေရတဲ့အဖြစ်...။ Jungkook ကိုမေးတော့လဲ ဘာမှမလုပ်နဲ့ထိုင်နေတဲ့...။ နေ့လည်၁နာရီမှာတော့ အစည်းအဝေးရှိတယ်...။ ဒါကလဲ Taehyung နဲ့ဘာမှမဆိုင်သလိုပင်...။ Jungkook ဘေးကခုံမှာထိုင်ပြီး သူလိုတဲ့စာရွက်စာတမ်းတွေ လက်ထဲထည့်ပေးရုံသာ...။

ပျင်းပျင်းရှိတာကြောင့် အလုပ်လုပ်နေတဲ့ Jungkook ကိုပဲ ထိုင်ကြည့်နေလိုက်တယ်...။ သူကကိုယ့်ထက်အငယ်ဆိုတာ ထင်ရက်စရာတောင်မရှိဘူးပဲ...။ ကိုယ့်ထက်လဲအများကြီး ပိုရင့်ကျက်တယ်လေ...။ ချောတာကတော့ တော်တော်လေးချောတယ်...။ ကိုယ့်ကိုတော့ ဘယ်မှီမလဲပေါ့နော်...။ ဒီလိုလူက ရည်းစားမရှိဘူးဆိုတာ အံ့ဩစရာအကောင်းသား...။

"ကြည့်လို့ဝပြီလား Taehyung shi...!!!"

"ဟင်.. ဘယ်..ဘယ်မှာကြည့်လို့လဲ...??"

ကိုယ့်ဘက်ကိုမကြည့်ပဲလှမ်းပြောတဲ့ Jungkook ဆီမှာ နတ်မျက်စိများရှိနေသလားပဲ...။ Taehyung ဗြောင်လိမ်လိုက်ပြီး ခုံပေါ်မှာရှိတဲ့ဖိုင်တွေကို ပြန်စီနေလိုက်တယ်...။ Jungkook ကတော့ အလုပ်လုပ်နေရင်း ပြုံးလို့နေတယ်...။ ကွန်ပျူတာပေါ်မှာ သူ့အရိပ်ထင်နေတာ Taehyung တစ်ယောက် မသိလေရော့သလား...။

Falling (Completed) Tahanan ng mga kuwento. Tumuklas ngayon