Chapter 4

5.5K 560 56
                                    

(Zawgyi)

မနက်ဆိုကျွန်တော် အမြဲအိပ်ချင်မူးတူးနဲ့ ဆေးရုံသို့ရောက်လာစမြဲ...။ ဘုဂလန့်လူနာက အချိန်မရွေးရစ်တတ်တာကနည်းနည်း စားချင်သမျှစားပြီး အဆီရစ်နေတာကများများကြောင့် အမြဲလိုလိုအိပ်ချင်မူးတူးကို ဖြစ်နေတော့တာပါပဲ...။

အရင်ကထက် အခြေအနေတိုးတက်လာတာက ကျွန်တော့်မှာ အပို့အကြိုလုပ်ပေးမယ့်ဒရိုင်ဘာက အဆင်သင့်ရှိနေပြီလေ...။ မနက်ကိုလည်း လိုက်ပို့ပေးသလို ညနေပြန်မယ်ဆိုလည်း ဆေးရုံရှေ့မှာ အသင့်စောင့်နေတတ်တယ်...။ ကြည့်ရတာ ကျွန်တော်သူတို့သူဌေးကို စိတ်ကုန်ပြီး ဆက်မကုပေးတော့မှာစိုးလို့ထင်တယ်...။

"ရောက်ပါပြီ... ဒေါက်တာလေး"

"အော်... ဟုတ်ကဲ့... ကျေးဇူးပါနော်"

ဆေးရုံရှေ့ရောက်မှ ငိုက်မြည်းနေတဲ့စိတ်တွေ အတန်ငယ်လျော့ပါးသွားတော့တယ်...။ သူတို့ဆိုတာလည်း ကျွန်တော့်ကို ဒေါက်တာလေးဆိုတာချည်းပဲ ခေါ်နေကြတာ...။ Arjuma တစ်ယောက်သာ ကျွန်တော်မနည်းပြောထားလို့ သားဆိုပြီးပြောင်းခေါ်တာ...။

ထားပါတော့လေ... ဆေးရုံရောက်လာပြီဆိုမှတော့ လူနာတွေအတွက်သာ အချိန်ပေးရတော့မှာ...။ ဘာညာစဉ်းစားနေလို့မှ မရတာပဲ...။

ရောက်ရှိကြောင်းလက်ဗွေအရင်နှိပ်ပြီးမှ ကျွန်တော့်သီးသန့်ခန်းထဲသို့ ဝင်သွားလိုက်ပြီး ဂျူတီကုတ်ကို လဲလှယ်ဝတ်ဆင်လိုက်တယ်...။ သဘောကောင်းတဲ့ဆရာဝန်ပီပီ လာနှုတ်ဆက်သမျှကိုလည်း ပြုံးပြလိုက်ရတာအမော...။

ဝါသနာပါတဲ့အလုပ်မို့ထင်တယ် ကျွန်တော်တစ်ခါမှ ပင်ပန်းတယ်လို့ မတွေးခဲ့ဖူးပါ...။ လူနာတွေကို ဂရုစိုက်ပေးရင်း သူတို့ဆီကအပြုံးတွေကိုပြန်ရတိုင်း ကျွန်တော်အမောပြေစမြဲ...။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ကလည်း အဆင်ပြေလိုက်တာမှ မပြောပါနဲ့တော့...။

ဒီလောက်သဘောကောင်းတဲ့ ကျွန်တော့်လိုဆရာဝန်မို့လည်း ဟိုလူနာဘုဂလန့်ကို ရေရှည်ကုပေးနိုင်တာနေမှာ...။ မနေ့ကတောင်မှ ဆေးရုံအုပ်ကြီးက ခေါ်တွေ့ပြီး ချီးကျူးစကားပြောသေးတာ...။

Falling (Completed) Where stories live. Discover now