Chapter 15

4.7K 466 71
                                    

(Zawgyi)

Taehyung အိပ်ပျော်နေရာကနေ ရုတ်တရတ်နိုးသွားတယ်...။ အကြောင်းမှာ ရစ်ပြီးနာလာတဲ့ဗိုက်ကြောင့်ပင်...။ ညနေက Jungkook အလုပ်မပြီးသေးတာကြောင့် ခပ်ပျင်းပျင်းရှိတာနဲ့ ကုမ္မဏီနားကဈေးတန်းမှာ မုန့်တွေတစ်ခုပြီးတစ်ခု လျှောက်စားတဲ့အကျိုးကျေးဇူးကြောင့်ပင်...။

"အား... ဗိုက်အရမ်းနာတာပဲ"

သေချာတယ်... Taehyung တစ်ယောက် ဝမ်းပျက်နေပြီဆိုတာ...။ အစားသောင်းကျန်းတဲ့ အကျိုးကျေးဇူးလေ...။ ကိုယ့်ဘာသာအိမ်မှာဆို Arjuma ရဲ့သန့်သန့်ရှင်းရှင်း ချက်ပြုတ်ပေးမှုကြောင့် ဘယ်လောက်စားစား ရင်ပြည့်ရုံအပြင် ဘာမှမဖြစ်ခဲ့...။ အခုတော့ လမ်းဘေးအစားအစာတွေကို မသန့်ရှင်းမှန်းမသိပဲ စားလိုက်မိတယ်...။

အချိန်တခဏအတွင်းမှာ ၃ခါလောက်ဝမ်းသွားပြီးတော့ Taehyung တော်တော်လေးအားပျော့သွားတယ်...။ ဆေးသောက်မှပဲလို့တွေးမိတာကြောင့် ဆေးသေတ္တာကိုလှမ်းယူကာ သင့်တော်မယ့်ဆေးတွေကို ယူလိုက်တယ်...။ အရေးအကြောင်းဆို ဆေးသောက်ဖို့ရေကမရှိ...။

ဗိုက်ကပြန်နာလာတာကြောင့် အိမ်သာကိုအရင်ပြေးပြီးမှ ဆေးလုံးတွေကိုကိုင်ကာ အောက်ထပ်ကိုမီးဖိုခန်းထဲကို Taehyung ဆင်းလာလိုက်တယ်...။ အချိန်ကား ညဥ့်၂နာရီထိုးပြီးပြီမို့ အိမ်သားအားလုံးအိပ်မောကျနေကြပြီ...။ ကိုယ့်ကြောင့်နိုးကုန်မှာစိုးတာကြောင့် Taehyung တိုးတိုးတိတ်တိတ်ပဲ ဆင်းလာခဲ့တယ်...။

အိပ်ရေးကလည်းမဝသလို ဝမ်းလည်းသွားထားတာကြောင့် လူကအားနည်းနေချိန်မို့ ခေါင်းကမိုက်ခနဲဖြစ်သွားတယ်...။ လှေကားထစ်တွေဆီကနေ ချော်အကျမှာတော့ သတိပြန်ဝင်ကာဆွဲထိန်းလိုက်ပေမယ့် ၄ဆင့်လောက်ပြုတ်ကျပြီးနေပြီမို့ ခြေကျင်းဝတ်က ပူခနဲပင်...။ ဆေးတွေကလည်း လှေကားမှာပြန့်ကျဲကုန်ပြီ...။

"Tae...?? ဘယ်လိုဖြစ်တာလဲ...??"

အသံနဲ့အတူ အနားကိုအပြေးရောက်လာတဲ့ Jungkook...။ သူထွက်လာတာက အောက်ထပ်မီးဖိုခန်းထဲကပင်...။ ဒါဆိုသူ အခုထိမအိပ်သေးတာလား...??

"အဆင်ပြေရဲ့လား... ထရပ်နိုင်ရဲ့လား... လာ.. ကိုယ်ကုန်းပိုးပေးမယ်လေ"

Falling (Completed) Where stories live. Discover now