Chapter 19

4.4K 444 54
                                    

(Zawgyi)

"Taehyunie...!!!"

သူ့နာမည်ကိုခေါ်လိုက်သံနဲ့အတူ ပခုံးကိုလာထိတဲ့လက်တစ်ဖက်ကြောင့် ကော်ဖီစက်မှကျနေတဲ့ ကော်ဖီရည်တွေကိုငေးကြည့်နေရာကနေ Taehyung လှည့်ကြည့်လိုက်မိတယ်...။

"အော် Junghyun shi"

"Junghyun လို့ပဲခေါ်ပါလို့ပြောထားတာကို... Taehyung က စိမ်းကားလိုက်တာ"

ခပ်ပြုံးပြုံးလေးပြောလာတဲ့ Junghyun ဟာ ချောမောပြီးကြည့်ကောင်းသူတစ်ယောက်လို့ Taehyung တွေးမိလိုက်တယ်...။ Jungkook ကိုမမှီပေမယ့်လို့ပေါ့လေ...။ ဒါပေါ့ ကိုယ်သဘောကျတဲ့သူက ကိုယ့်မျက်စိထဲမှာအချောဆုံးပဲဟာ...။

"ကော်ဖီသောက်မလို့လား Junghyun က...??"

သူ့သဘောအတိုင်း Junghyun လို့သာခေါ်လိုက်တော့ ကျေနပ်သလိုပြုံးသွားပြန်တယ်...။ သူရယ်လိုက်တဲ့အခါ ပါးချိုင့်ရေးရေးတို့က ထွက်ပေါ်လာပြန်သေးတယ်...။

"အင်း ဟုတ်တယ်... Taehyung ကိုယ်တိုင်ဖျော်ပေးတာဆို ပိုကောင်းမှာပဲ"

ထိုစကားကြောင့် Taehyung ရယ်မောမိသေးတယ်...။

"Junghyun ကတော့ ပေါက်ကရတွေပြောပြီ... ကျွန်တော်က ဟောဒီလိုခလုတ်လေးပဲ နှိပ်လိုက်တာလေ... စက်က သူ့အလိုလိုဖျော်ပေးတာကို"

"ဒါပေမဲ့ creamer နဲ့သကြားကတော့ Taehyung လက်နဲ့ကိုယ်တိုင် ထည့်တာပဲမဟုတ်ဘူးလား...??"

စကားတတ်လွန်းကာ အပြောချိုတဲ့ Junghyun ကို Taehyung ပြန်မချေပနိုင်တာတော့အမှန်ပင်...။ ဘာပဲပြောပြော တစ်ချိန်မှာအမျိုးတော်ရမယ့်သူတွေဆိုတော့...။ အယ်... နေပါဦး...။ အခုသူက Jungkook ကို လက်ခံလိုက်တော့ဖို့ တွေးနေမိတာလား...??

"Taehyungie...??"

"ဟင်...?? အာ.. ဆောရီး.. ကော်ဖီသောက်မလို့မလား... အချိုများများလား ခါးစိမ့်စိမ့်လေးလား...??"

စိတ်ပျံ့လွင့်လွယ်လွန်းတဲ့မိမိကိုယ်ကို Taehyung အပြစ်တင်လိုက်ရင်း ကော်ဖီခွက်လွတ်တစ်ခုကို လက်လှမ်းယူလိုက်တယ်...။ ကော်ဖီလေးတစ်ခွက်ကတော့ ဖျော်ပေးကောင်းပါရဲ့...။ ကိုယ့်အတွက်လည်း အပန်းကြီးတာမှမဟုတ်ဘဲ...။

"ခုလုပ်ထားတာက Jungkook အတွက်လား...?? သူ့ကိုနောက်မှလုပ်ပေးလိုက်လေ.. ကိုယ့်ကိုအရင်လုပ်ပေးလို့ မရဘူးလား...??"

Falling (Completed) Where stories live. Discover now