Chapter 201: Why Are You Here?

592 102 5
                                    

အပိုင်း၂၀၁။ မင်းက ဘာ့ကြောင့် ဒီနေရာမှာ ရှိနေတာလဲ?

"ဟုတ်တယ်၊ မင်းက ငါတို့ကို ဦးညွှတ်ပြီး တောင်းပန်လိမ့်မယ်၊ ပြီးတော့ ငါတို့ကို မဖိတ်ခေါ်ခဲ့မိတဲ့အတွက် မင်းနောင်တရ ရလိမ့်မယ်"

ဖုန့်ရှီက သူ့ဖိတ်စာကို မြှောက်ပြလိုက်ပြီး ယုံကြည်မှုအပြည့်နှင့် ပြုံးလိုက်သည်။

'ဟမ့်၊ ငါက ကောင်းကင်ဘုံဘုရင်ရဲ့ သောက်မင်းသမီးတော် မွေးနေ့ပွဲကို တက်ရောက်ဖို့ ဆန္ဒရှိနေလို့သာ ကြွရောက်ချီးမြှင့်ပေးတာ။ ဒါပေမယ့် မင်းက ငါ ဝင်တောင်မဝင်နိုင်သေးခင်မှာတင်ကို တွေ့တွေ့ချင်းမှာပဲ ခေါင်းလာဝှေ့နေတယ်။ ငါ့ကို အထင်မသေးနဲ့၊ သောက်ပိန်းကောင်ရဲ့! ငါ ချက်ချင်း လှည့်ပြန်မသွားတာကတင် မင်းကို လေးစားသမှုပြခဲ့တာပဲ။ ငါ့မှာ တခြားရည်ရွယ်ချက်တွေ ရှိနေလို့သာမဟုတ်ရင် အဲ့ဒီ့ မိန်းမကြမ်းရဲ့မွေးနေ့ပွဲကို ဘယ်သူက တက်ချင်မှာလဲ?

သူ့အချစ်ကလေးကို ပြုံးကြည့်နေတဲ့ ငရဲမင်းကြီးက သူ့နှလုံးသားထဲက ရက်စက်ကြမ်းကြုတ်မှုတို့ ပျောက်သွားရကာ အစောင့်ဆိ ဖိတ်စာကို အေးအေးပဲ ကမ်းပေးလိုက်သည်။

အစောင့်သည် မထီမဲ့မြင် ပြုခဲ့မိသော်လည်း သူ့အဖော်ကတော့ ရုတ်တရက် တစ်ခုခု သတိရသွားပုံရသည်။ ကောင်လေးရဲ့လက်ထဲက ဖိတ်စာက တခြားသူတွေနဲ့ သိသိသာသာ ကွဲပြားနေတာကို တွေ့လိုက်ရတော့ သူ့မျက်နှာ ချက်ချင်းပြောင်းသွား၏။ သူသိသလောက်တော့ ဒီလိုရွှေရောင်ဖိတ်စာမျိုးက အလွန်အဖိုးတန်ပြီး ကောင်းကင်ဘုံက တစ်စောင်ပဲ ပို့လွှတ်ခဲ့သည်။ ကောင်းကင်ဘုံရဲ့ ဒီလိုမျိုး ဆက်ဆံခံရနိုင်တဲ့သူက ဘုံသုံးပါးတွင် တစ်ဦးတည်းသောသူဖြစ်သည့် ငရဲမင်းကြီးသာ ဖြစ်သည်။

အဖြစ်မှန်ကို တွေးမိသွားသည့်နောက် ၎င်းက အစောင့်ကို ချွေးစေးအေးများ ထွက်လာစေပြီး ထိတ်လန့်မှုတို့ သူ့မျက်နှာထက် ပေါ်လာတော့သည်။

ထိုသူ၏ မြင့်မြတ်သောသွင်ပြင်နှင့် သူ၏နဖူးပေါ်ရှိ ငွေရောင်ကျောက်မျက်ကို သူ ကြည့်လိုက်၏။ ထိုလူမှာ ဒဏ္ဍာရီလာ ငရဲမင်းကြီးဖြစ်သည်မှာ ရှင်းနေသည်ပင်။ ဒါပေမယ့် သူတို့က ငရဲမင်းကြီးကို ချက်ချင်းမဖိတ်ခေါ် ခဲ့တဲ့အပြင် မချေမငံတောင် ဆက်ဆံခဲ့မိလိုက်ကြသည်။ ဒါကိုသာ မင်းသမီးလေး နဲ့ အရှင်ထျန်းကျွမ်းသာ သိသွားခဲ့မယ်ဆိုရင် သူတို့ သေချာပေါက် သေပြီပဲ။ ထိုအတွေးကြောင့် သူ ချက်ချင်းပဲ သူ့အဖော်ကို တွန်းဖယ်လိုက်ပြီး ထပ်တလဲလဲ တောင်းပန်လိုက်လေတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now