Chapter 219. You Can't Replace Him

350 97 13
                                    

အခန်း 219။ သူ့ကို အစားထိုးလို့ မရဘူး။

လူတိုင်းရှေ့မှောက်တွင် ပေါ်လာသည့် သီထျန်းဟွာသည် အဖိုးတန် ပန်းရောင်စကတ်ရှည်ကို ၀တ်ဆင်ထားသည်။ သူမက ကျက်သရရှိပြီး ခမ်းနားထည်ဝါနေကာ သူမ၏ သိမ်မွေ့သော မျက်နှာက အရင်ကထက်ပိုပြီး မိန်းမဆန်ဆန် ပိုနူးညံ့နေသည့်ခံစားချက်တို့ကို ပေးနေပြီး သေးသေးသွယ်သွယ်နှင့် ချစ်စဖွယ်လေးဖြစ်နေကာ တနေ့တုန်းက တွေ့ခဲ့သည့် ရူးသွပ်နေသော သီထျန်းဟွာနှင့် ဆက်စပ်ကြည့်လို့ကို ရမနေချေ။

ဖုန့်ရှီသာ အံ့အားသင့်သွားရသည်မဟုတ်၊ ထိုနေ့တုန်းက သီထျန်းဟွာ၏ အမှောင်ခြမ်းကို တွေ့ထားခဲ့ကြသည့် လူတိုင်းကလည်း အံ့ဩသွားကြသည်။

သို့သော်လည်း တကယ်ကို အံ့သဩစရာကောင်းသည့်အချက်က မလာသေးပေ။ သီထျန်းဟွာအနောက်မှ အရပ်ရှည်ရှည် ပိန်သွယ်သွယ်ရှိသည့် လူတစ်ယောက်က ရုတ်တရက် ထွက်ပေါ်လာသည်။

အေးစိမ့်နေသောကြယ်များကဲ့သို့ အေးစက်စက်အကြည့်များဖြင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သောမျက်နှာရှိသည့် အမျိုးသားတစ်ယောက်ဖြစ်ပြီး ထိုသူက ခါးတွင် ဓါးနက်တစ်ချောင်း စလွယ်သိုင်းထားကာ ရွှေရောင်ဝတ်ရုံရှည်ကြီးဝတ်ဆင်ထားသည်။ သူ့နှုတ်ခမ်းထောင့်တို့က ခန့်ညားသော်လည်း သာမာန်ဆန်သည့် အပြုံးရေးရေးတစ်ခု လုပ်ထားသည်ကို ကြည့်ခြင်းအားဖြင့် ချည်းကပ်ရန်ခက်ခဲသည့်သဘော ရှိနေသည်။ သူ့မျက်နှာက မာနရှိပြီး တစ်သီးတစ်သန့်ဆန်ဖြင့် သက်ရှိသတ္တဝါတို့အား အထင်သေးသာ အထက်စီးဆန်သည့်ခံစားချက်တို့ ရောယှက်လို့နေသည်။

သို့သော် အံ့သြစရာအကောင်းဆုံးမှာ၊ ဤလူသည် သီထျန်းဟွာ၏မျက်နှာနှင့် လုံးဝဆင်တူနေခြင်းပင်။

ကွာခြားချက်မှာ သီထျန်းဟွာ၏ မျက်နှာက မိန်းမဆန်သည့်ဘက် ရောက်ပြီး သူကတော့ ယောက်ျားပိုဆန်သည်၊ အထူးသဖြင့် သူ၏ အမှောင်ရိပ်သန်းနေသည့် စူးရှသော မျက်လုံးများဖြစ်သည်။

ထူးဆန်းသောလူက ရုတ်တရက် ပေါ်လာသည်ကို သူတို့ တွေ့လိုက်ကြသောအခါ အားလုံးက အသံတိုးတိုးဖြင့် ငြင်းခုံသွားကြတော့သည်။ မိစ္ဆာလောကဘုံမှလူများသာ တစ်ခုခုကို တွေးနေပုံရပြီး မျက်မှောင်ကြုတ်သွားကြ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Dove le storie prendono vita. Scoprilo ora