Chapter 229. You're Worse Than a Nobody

334 61 8
                                    

အပိုင်း ၂၂၉။ မင်းက ဘယ်သူမှမဟုတ်တဲ့သူထက်ကို ပိုဆိုးတယ်

'လော့ရိန်က တကယ့် ပါးစပ်ပုပ်ကြီးနဲ့ကောင်!'

လူတစ်အုပ်က လှည့်ကြည့်လိုက်ချိန်မှာတော့ မေးကို ချီနေပြီး ကြက်ဖတစ်ကောင်လိုမျိုး အလွန့်အလွန် မောက်မာနေသည့် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးကို မြင်လိုက်ကြရသည်။ အဲ့တာက နောက်ဆုံးလေလံပွဲတုန်းက မြေကမ္ဘာဆေးရည်အတွက် ဖုန့်ရှီနဲ့ အတိုက်အခံဖြစ်ခဲ့တဲ့ အနွယ်တော် အမျိုးသမီးမဟုတ်ဘူးလား? ဒါကိုမြင်လိုက်ရတော့ ဖုန့်ရှီ၊ ကျုံးဝူချင်းနှင့် ဟွမ်ရဲတို့က လော့ရိန်ကို စိတ်ထဲကနေ ချက်ချင်းပဲ ကျိန်ဆဲလိုက်တော့သည်။

သူတို့က ဒီသူ့အကြောင်း ပြောနေရုံရှိသေး သူမက မကြာမတင်မှာကို ပေါ်လာတော့တာပဲ၊ 'ပါးစပ်ထဲက မကောင်းဆိုးဝါးထွက်လာတယ်' ဆိုတဲ့ဆိုရိုးက လော့ရိန်ပါးစပ်ပေါက်ကို ညွှန်းဖို့အတွက် နည်းတောင်နည်းနေသေးတယ်၊ တကယ်ကို ပါးစပ်ပုပ်နဲ့ကောင်။

ဒါပေမဲ့ ဂုဏ်သရေရှိအမျိုးသမီးက ဒီတစ်ကြိမ်မှာတော့ သူမ တစ်ယောက်တည်း တက်ရောက်လာခြင်းမဟုတ်ပေ။ သူမက ရှုသိုးသိုးရုပ် ရှိသည့် ယောက်ျားတစ်ယောက်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး မောက်မာစွာ ဝင်လာခဲ့ခြင်းဖြစ်သည်။ သူမပုံ ကြည့်ရသည်မှာ ထွက်ပြေးလွတ်မြောက်နေသည့် ရာဇဝတ်ကောင်ကို နောက်ဆုံးတော့ ဖမ်းမိသွားသည့်အလား အလွန်အမင်း ကျေနပ်နေပုံရသည်။

ကျောထောက်နောက်ခံနှင့်ဆိုတော့ သူမက အရင်အခေါက်ကထက် ကွဲပြားနေပုံရသည်။ ထို့အပြင် ထိုကျောထောက်နောက်ခံက နတ်ဘုရားကိုးပါးထဲမှ တစ်ပါးဖြစ်သော ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရား ယင်းဖုန်းဖြစ်ပြီး အမှန်တကယ်ကို အားကိုးအားထား ပြုလောက်ဖွယ်သူတစ်ဦးဖြစ်သည်။ ကံဆိုးသည်က ဒီနေ့တွင် သူမက သူမ၏ အားကိုးအားထားရသူထက် ပိုပြီး သန်မာအားကြီးသည့် သံပြားကြီးကို သူမ ခေါင်းတိုက်မိသွဦးသည့်ကံ ပါနေခြင်းပဲ ဖြစ်သည်။

ပွဲကြီးပွဲကောင်း နောက်တစ်ပွဲ ကြည့်ရတော့မည်ကို သတိပြုမိသွားကြသည့်အတွက် ပြန့်ကျဲနေသည့်လူများက သူတို့ပတ်လည်တွင် စုရုံးလာကြသည်.​ပွဲကြည့်သူအတော်များများက ယင်းဖုန်းကို သိနေကြသူများဖြစ်ပြီး ထိုအထဲမှ အနည်းစုကသာ ယင်းဖုန်းနှင့် အတိုက်အခံဘက်ကသူက ငရဲမင်းကြီးနှင့် ဘုရင်မတို့ဖြစ်မှန်း သိကြသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now