Chapter 221. Two Priceless Treasures

411 75 3
                                    

Chapter 221: အဖိုးမဖြတ်နိုင်သည့် ရတနာနှစ်ခု

ငရဲမင်းကြီးနှင့် ဖုန့်ရှီတို့သည် ကောင်းကင်ဘုံမှ ထွက်ခွါသွားပြီးနောက်တွင် လူအတော်များများက တချိန်တည်းမှာပဲ အလွန်အရေးကြီးသောသတင်းတစ်ခုကို ရကြသဖြင့် အလျင်အမြန် ထွက်ခွါသွားကြတော့သည်။

နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်ရှိ အန္တရာယ်များသော ထိပ်တန်းဆယ်နေရာများထဲမှ တစ်ခုဖြစ်သည့် မြေအောက်မီး လျှိုမြောင်က ပြီးခဲ့သော ရက်အနည်းငယ်က ကောင်းကင်ဘုံမင်းသမီး၏ မွေးနေ့ပွဲသို့ ၎င်းတို့ တက်ရောက်နေစဉ် ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။ ရလဒ်အနေဖြင့် စစ်ပွဲကြီးပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးဒဏ်ရာရခဲ့ကြသည်။ နောက်ဆုံးတွင်၊ နတ်ဘုရားမိစ္ဆာမျှော်စင်မှ အကြီးအကဲများက ၎င်းကို အပြင်းအထန် အတင်းအကြပ် ပိတ်ဆို့လိုက်နိုင်သွားကြကာ ပေါက်ကွဲသွားသည့် မူလမီးဝိညာဉ်ကို ယူသွားသည့်အတွက် ဖြစ်လုဆဲဆဲ စစ်ပွဲများ အဆုံးသတ်လိုက်နိုင်ခဲ့သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် အားလုံးက ဝမ်းနည်းပက်လက် ဖြစ်သွားကြ၏။ မြေအောက်မီးလျိုမြောင်က ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ပေါက်ကွဲသွားမယ်ဆိုတာကို သူတို့ ကြိုသိခဲ့ကြရင် ကောင်းကင်ဘုံမင်းသမီးရဲ့မွေးနေ့ပွဲကို တက်ဖို့ သဘောမတူလိုက်ပါဘူး၊ ဘယ်လိုတောင် အခွင့်ကောင်း လွတ်သွားရတာလဲ။

သို့သော် လူတိုင်းကို ထိတ်လန့်စေမည့် နောက်ထပ်သတင်းတစ်ခု ရှိသေးသည်။

မူလမီးဝိညာဉ်သည် မီးဒြပ်စင်များ၏ ထိပ်တန်းတစ်ခုပြီးပြီး မီးဒြပ်စင်ကျင့်ကြံသူတိုင်း၏ အရူးအမူး လိုချင်ကြသောအရာလည်းဖြစ်သည်။ သို့သော်လည်း ရှေးခတ်မှသည် ယခုခေတ်အထိ မူလမီးဝိညာဉ်ကို သုံးပြီး ကျင့်ကြံနိုင်သည့် အင်အားကြီးမိသားစု အနည်းငယ်သာ ရှိသည်။

မြေအောက်မီး လျှိုမြောင်သည် ရှေးခေတ်က သေလွန်ခဲ့ပြီးဖြစ်သော အင်အားကြီးမိသားစုတစ်ခု၏ နေရာဖြစ်သည်။ သူ ကျင့်ကြံခဲ့သည်က မီးဒြပ်စင်သိုင်းဖြစ်သည်။ သူ့ပတ်လည်မှ မီးဒြပ်စင်များက အလွန် ပြင်းထန်ပြီး လူအတော်များများက သူ့လက်ထဲ သေခဲ့ကြရသည်။ သို့သော်လည်း သူ သေသွားခဲ့ပြီးနောက် ကြမ်းတမ်းသည့်မီးဒြပ်စင်များသည် မြေအောက်မီးလျိုမြောင်ကို ဖွဲ့တည်ခဲ့ခြင်းဖြစ်၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now