Chapter 211: The Cunning Feng Xi

384 99 8
                                    

အခန်း 211: ကောက်ကျစ်လှည်ဖြားသူ ဖုန့်ရှီ

ဖုန့်ရှီနာမည်က ကျော်ကြားလာလေသည်။ သူ့နာမည်က လောကသုံးပါးတွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

တစ္ဆေလောကဘုံတွင် ကာကွယ်ရေးလိုင်းအဖြင့် တပ်ဖြန့်ထားသော မြင့်မြတ်သားရဲလေးကောင်နှင့် ဝံပုလွေဖန်းတို့သည် ဖုန့်ရှီက ကောင်းကင်ဘုံ၏ မင်းသမီးကို ဝက်ခေါင်းဖြစ်အောင် ရိုက်လိုက်သည်ဆိုသော သတင်းကို ကြားသွားကြသည်။ ဖုန့်ရှီကို မသိသောသူများမှလွဲ၍ လူတိုင်းက ထိုကောင်ငယ်လေး၏ ပြုံးဖြီးနေသော မျက်နှာကို တွေးမိလိုက်ကြကာ ကောင်းကင်ဘုံနှင့် ရန်ဘက်ဖြစ်လာနိုင်သည့်အတွက် အဆင်သင့် ပြင်ဆင်စရာ ရှိတာတွေ​ပြင်ထားဖို့ လိုပြီဟု သူတို့ တွေးလိုက်ကြတော့သည်။

ဤသတင်းကို မြစိမ်းရောင် နဂါး တောင်တန်းများတွင် အခြေစိုက်နေကြသော ဆူလာမိသားစုက ကြားသွားကြသော်အခါတွင် နှိမ့်ချတတ်သော ယဲ့ချားနတ်ဘုရားမှတပါး ကျန်သူများ အထူးသဖြင့် စာအုပ်နတ်ဘုရားတို့က ထိတ်လန့်သွားကြသည်။

ကျောက်စိမ်းပြာမိသားစုမှလူများက ဤသတင်းကိုကြားသောအခါ ကုလားထိုင်ပေါ်တွင်ထိုင်နေသော မိသားစုခေါင်းဆောင်အပါအဝင် လူအများအပြားသည် နေရာတွင်းပင် တုန်ရီသွားကြလေတော့သည်။

ဒီသတင်းကို မိစ္ဆာလောကဘုံမှ လူများ ကြားသည့်အခါ တစ်စုံတစ်ယောက်က စတင်လိုက်သည့်သတင်းသည် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်သွားလေတော့သည်။ သူတို့က ထိုသတင်းဖြင့် ပွဲခံနေကြသည်မှ နေ့နေ့ညည မရပ်မနားနိုင်အောင် ဖြစ်နေခဲ့သည်ပင်။

ဤသတင်းကို တောင်ပိုင်းဒေသ သစ်တောတွင်းရှိ သားရဲများ ကြားသောအခါ ကြီးမားသော သားရဲလှိုင်းလုံးကြီး ဖြစ်ပွါးသွားလေတော့သည်။

နတ်ဘုရားမိစ္ဆာမျှော်စင်မှလူများက သတင်းကိုကြားသောအခါ ဖုန့်ရှီက မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို စုံစမ်းစစ်ဆေးရန် ချက်ချင်းဆုံးဖြတ်ခဲ့ကြသည်။

......

ထိုအချိန်တွင် ဖုန့်ရှီကိုယ်တိုင်ကတော့ ငရဲမင်းကြီး၏ လက်နှစ်ဖက်ကြားတွင် အေးအေးသက်သာ ပွေ့ဖက်ခံနေပြီး သူ့နာမည်က လောကသုံးပါးလုံးသို့ ပြန့်နှံ့သွားသည် သို့မဟုတ် လောကသုံးပါးလုံး ထိတ်လန့်သွားစေခဲ့သည်ဆိုသည်ကို သူ လုံးဝ မသိလိုက်ချေ။ ဖုန့်ရှီ၏ ကိုယ်ရည်ကိုယ်သွေးအကြောင်း လေးလေးနက်နက် သိသည့်သူတွေကလွဲ၍ အားလုံးက ဒီသတင်းကြောင့် အရမ်းအံ့ဩသွားကြလေတော့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now