Chapter 212: Why Can't You Change Your Ways of Thinking?

371 88 5
                                    

အခန်း 212- မင်း ဘာလို့ ပြောင်းပြီး မတွေးကြည့်ရတာလဲ?

နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်မှလူများနှင့် မိစ္ဆာလောကဘုံမှ လူများတို့သည် ပွဲဆက်ကြည့်ရန် အဆင့်သင့်ဖြစ်နေကြသော်လည်း သီထျန်းဟွာ ခေါ်သွားခံရပြီးနောက် ထိုသို့ မငြိမ်အသက်အခြေအနေ အနေအထားနှင့် အခြေကျသွားသည့်ပုံ ရှိသည်။ ၎င်းနောက် သီယွင်ထျန်းထံမှ မည်သို့သော အစီအစဉ်မျိုးကိုမှ သူတို့ မကြားခဲ့ကြရဘဲ မွေးနေ့ပွဲကလည်း ဆက်လက် ကျင်းပမည့်ဟန် ရှိနေသည်။

ပွဲကြည့်ရန် စိတ်ဝင်စားစရာ တစ်စုံတစ်ရာ မရှိတော့သည်ကို မြင်လိုက်ရသဖြင့် လူတိုင်း၏အာရုံက ငရဲမင်းကြီးထံ ပြန်လှည့်လာကြတော့သည်။ အရှင်မင်းကြီးနှင့်သာ သူတို့တွေ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မည်ဆိုလျင် ကောင်းကင်ဘုံဆိုသည့်ပေါင်ကြီးကို ဖက်နေသည်ထက် ပိုပြီး ယုံကြည်စိတ်ချဖွယ် ဖြစ်မည်မှာ သေချာသည်။

သို့သော်လည်း တစ်နေ့လုံး ရှုသိုးသိုးဖြစ်နေကြသော လူအချို့လည်း ရှိနေသေးသည်။

၎င်းတို့ကတော့ ကြီးမြတ်သောကောင်းကင်ဘုံနတ်ဘုရားယင်ဖုန်းနှင့် သီနိုမိသားစု၏ အကြီးအကဲ ချင်းထျန်တို့ဖြစ်ကြသည်။ မူလက ချင်းထျန်က ရက်အနည်းငယ်ကြာလျင် ကြီးမြတ်သော ကောင်းကင်ဘုံနတ်ဘုရားကိုးပါးသို့ ဝင်ရောက်ခွင့်အရည်အချင်လျောက်ထားခြင်းအတွက် နတ်ဘုရားမိစ္ဆာမျှော်စင်သို့ သွားရမှာဖြစ်သည့်အတွက် ဤမွေးနေ့ပွဲသို့ တက်ရောက်ရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း မွေးနေ့ပွဲကို အခွင့်ကောင်းယူပြီး ကောင်းကင်ဘုံနှင့် မိတ်ဆွေဖွဲ့ရန် လုပ်နိုင်မည်ဟု ယင်းဖုန်းက ပြောခဲ့သည့်အတွက် တက်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ အကယ်၍ သူတို့က ကောင်းကင်ဘုံ၏ အကူအညီကို ရရှိမည်ဆိုလျင် ဆယ်ရက်အတွင်း ပြုလုပ်မည့် အရည်အချင်းလျှောက်ထားခြင်းအတွက် အသာစီးရရှိနိုင်မည့် ကတ် ကိုင်ထားနိုင်လိမ့်မည်ဖြစ်သည်။

ဒါပေမယ့် အခြေအနေတွေက ဒီလိုမျိုး ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ချေ။

သူတို့ ပိုအံ့ဩသွားရသည်က ဖုန့်ယွင်နှင့် လုမိန်တို့၏ မြေးများက ထိုလူငယ်လေးကို တကယ်သိနေကြပြီး တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြပုံ ရနေသည်။ မနေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်တွေ အပြီးတွင်တော့ လူငယ်လေးက ငရဲမင်းကြီး၏ အသည်းတုန်လေး ဖြစ်မှန်း လူတိုင်း သိသွားကြသည်။ တစ်စုံတစ်ယောက်က ထိုလူငယ်လေးနှင့် ဆက်ဆံရေးကောင်းရှိနေသ၍ ငရဲမင်းကြီး၏ နှစ်သက်မှု အလေးပေးမှုကို ရရှိမှာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now