Chapter 226. Eliminating the Flaws

305 64 3
                                    

အခန်း ၂၂၆။ ပြစ်ချက်များအား ဖယ်ရှားခြင်း

ပန်းပင်လယ်ကမ္ဘာထဲဝယ် သူတို့နှစ်ယောက်သား ဘာပြောရမှန်းမသိဖြစ်ကာ တိတ်ဆိတ်လို့နေ၏။

ဖြစ်စဉ်အစအဆုံးကို ၏-သည်မရွေ့ သိသွားပြီးနောက် ငရဲမင်းကြီးက နောင်တရသလိုလို ရီချင်သလိုလိုဖြစ်နေသော လူငယ်လေးအား အချိန်ကြာမြင့်သည်အထိ တည်တည်ငြိမ်ငြိမ် စိုက်ကြည့် အကဲဖြတ်နေလေ၏။

ဖုန့်ရှီက ခေါင်းငုံချလိုက်ကာ စိတ်ရင်းဖြင့် "တောင်းပန်ပါတယ်၊ ကျွန်တော်မှားသွားတယ်!"

ငရဲမင်းကြီးက ခဏလောက် ငြိမ်ကျသွားပြီးနောက်၊ "နောက်တစ်ခါဆို ကိုယ်တော့်ကိုပါ ခေါ်!"

ဖုန့်ရှီက ဇဝေဇဝါဖြင့် ခေါင်းမော့လိုက်ကာ သလင်းလိုကြည်လင်သော မျက်လုံးအစုံဖြင့် ငေးကြည့်လိုက်သည်။

ငရဲမင်းကြီး၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ကာ၊ "အရှုပ်တွေကို ရှင်းဖို့ မမေ့နဲ့!"

ဖုန့်ရှီ ဆွံ့အသွားရ၏။

ဒါက နတ်ဘုရားနဲ့ မိစ္ဆာတွေအကြား ကြီးကျယ်တဲ့တိုက်ပွဲတစ်ပွဲ ဖြစ်လာစေမယ့်ခလုတ်ကန်သင်းကို မရှင်းမိခဲ့တဲ့အပေါ် ခေါင်းဆောင်က သူ့ကို အပစ်မတင်ဘူးဆိုတဲ့ အဓိပ္ပါယ်လား? ဒါပေမဲ့ အရှုပ်ကို သူ ရှင်းပြီးခဲ့ပြီဆိုတာ သူ သိရသွားသည်။

"ရှောင်ရှီ၊ အရှုပ်အထွေးတွေကို သေချာရှင်းပြီးသွားပြီလို့ တွေးနေတာလား?"  ငရဲမင်းကြီးက ဖုန့်ရှီ၏ အတွင်းစိတ်အကြံအစည်များကို မြင်နိုင်သကဲ့သို့ သူ့ကို မျက်မှောင်ကုပ်ကာ ကြည့်လိုက်သည်။

"ဟင့်အင်း၊ အယ်၊ ဟုတ်ဘူးလား? ကျွန်တော့်ကို ခြေရာကောက်နိုင်တဲ့ ဘယ်လိုသဲလွန်စမျိုးမှ မထားခဲ့ဘူးဆိုတာ ကျွန်တော် မှတ်မိတယ်၊" ဖုန့်ရှီက သူ စုဆောင်းရေးလုပ်ရာမှာ သူ့ခြေရာလက်ရာ ကျန်ခဲ့သလားဆိုတဲ့အပေါ် လုံးဝ သတိမပြုမိ ဖြစ်နေ၏၊ သူ ဘာကိုမှ အစအန မချန်ထားခဲ့ပါဘူး။

ဖုန့်ရှီရော လောလောလောလောနဲ့ ရှပ်ပြာရှပ်ပြာနိုင်တဲ့ ရေခဲချီလင်ရောက မရင့်ကျက်သေးမှန်း ငရဲမင်းကြီးသိသည်၊ နှစ်ယောက်ပေါင်းပြီး ဘယ်လိုလုပ် အောင်မြင်အောင် လုပ်နိုင်မတဲ့လဲ?

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Tempat cerita menjadi hidup. Temukan sekarang