Chapter 214: Disgust Me

398 93 5
                                    

အခန်း 214: ငါ့ကို စက်ဆုပ်အောင်လုပ်နေတယ်

ဖုန့်ရှီနှင့် ရေခဲချီလင်တို့က ထိုကောင်လေးကို သေချာ မကြည့်ရသေးခင်မှာပဲ လူငါးဦး သို့မဟုတ် ခြောက်ဦးလောက်က ထိုလူငယ်နှင့်အတူ ထွက်လာကြသည်။

၎င်းတို့ထဲမှ တစ်ယောက်က မြင့်မြတ်သော အရှိန်အဝါဖြင့် ပြည့်နှက်နေပြီး အလွန်လှပကာ သူမ၏ ရင့်ကျက်တည်ငြိမ်ရင်သပ်ရှုမောဖွယ် မျက်နှာက သီထျန်းဟွာနှင့် တနည်းတဖုံ ဆင်တူနေသည်။ အနှီအမျိုးသမီးက ကျောက်စိမ်းပင်လယ် နတ်ဘုရားမ ဖြစါရမည်၊ လူငယ်က သူတို့ တွေ့ချင်သည့် သီထျန်းရှန် ဖြစ်ရမည်။

ဖုန့်ရှီက ဒီတိုင်းနံကြားထောက် ခန့်မှန်းခဲ့တာဖြစ်သော်လည်း သီထျန်းရှန်က တကယ်ကြီး နေမင်းငယ်ထဲ ရှိနေမည်ဟု ထင်မထားခဲ့။ သူ ဒီနေ့ အပြင်ထွက်တော့မယ်ပုံပဲ။

လူအုပ်က စုရုံးနေကြပြီး တစ်စုံတစ်ရာအကြောင်း ပြောနေကြသည်။ ဖုန့်ရှီက ခိုးနားထောငါဖ်ု့ နားစွင့်တော့မည့်အချိန်မှာပဲ ကောင်းကက်ယံထက် အသံကျယ်ကျယ်တစ်ချက် တုန်ဟီးသွားသည်။ နန်းတော်ထဲ ရုတ်တရက် မိုးကြိုးခွင်းသွားသလိုမျိုးနှင့်တူပြီး နန်းတော်တွင်းကလူများအားလုံး ထိတ်လန့်သွားကြသည်။

လေထဲတွင် သေးငယ်သောတွင်းနက်ကြီးသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး တွင်းနက်ထဲမှ ဆိုးရွားသော ရောင်ဝါတစ်ခု ပျံ့ထွက်လာသည်။ တွင်းနက်ကြီးသည် နှစ်မီတာခန့် မြင့်တက်လာသည့်တိုင်အောင် ချဲ့ထွင်ခြင်းက မရပ်တန့်ခဲ့ပေ။

တွင်းနက်အတွင်း မိုးကြိုးများ ပစ်ခွင်းသွားသည်။ ရုတ်တရက် တွင်းနက်တွင်းမှ မဟူရာအလင်းတန်းငါးခု ထွက်လာပြီး ကျောက်တုံးကြီးဆီသို့ တန်းတန်းမတ်မတ် ရိုက်ခွင်းသွားသည်။ ၎င်းအလင်းတန်းတို့က သီထျန်းရှန်နှင့် အခြားသူတို့၏ ဦးခေါင်းများပေါ်မှ ဖြတ်ကျော်ကာ ဂိတ်တံခါးဆီ အလျင်အမြန်ပဲ တန်းတန်းမတ်မတ် ပစ်ခွင်းသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပစ်ချက် ထိသွားလေ၏။ သို့သော်လည်း အပြာရောင် ရှည်ရှည်ပုံရိပ်တစ်ခုက အလျင်အမြန်ပဲ ထွက်ပေါ်လာပြီး မဟူရာအလင်းတန်းငါးတန်းကို လမ်းတစ်ဝက်ကနေ ဖြတ်တောက်လိုက်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Onde as histórias ganham vida. Descobre agora