Chapter 233. Identity Was Exposed

473 72 5
                                    

အပိုင်း ၂၃၃။ အဖော်ထုတ်ခံလိုက်ရပြီ

တကယ်တော့ တခြားသူတွေသာ ဇဝေဇဝါ ရှုပ်ထွေးနေကြသည်မဟုတ်ပေ၊ ဖုန့်ရှီ၊ စာအုပ်နတ်ဘုရားနှင့် အပေါင်းအဖော်များသည်လည်း ပဟေဌိ ဖြစ်နေကြပုံပေါ်နေသည်။

'ခေါင်းဆောင်က သူ့မှာ သလင်တွေမရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်လေ၊ သူက နောက်ထပ် ထရီလီယံ နှစ်ထရီလီယံကို ဘယ်ကနေ ထုတ်လာနိုင်မှာလဲ?'

ရုတ်​တရက်​ အပြင်​ဘက်မှ​ တံခါးကို ​ခေါက်​လိုက်သ​သည်​။ ဖုန့်ရှီက တံခါးကိုဖွင့်ရန် ပြေးသွားလိုက်ပြီး ဖွင့်လိုက်တော့ မော့ဖေးဟန် ဖြစ်နေ၏၊ "မင်းက ဒီ ဘာလာလုပ်တာလဲ?"

မော့ဖေးဟန်ဒီတစ်ကြိမ်တွင် လေလံပွဲသို့ တစ်ယောက်တည်း တက်ရောက်လာခဲ့ခြင်းဖြစ်သည်၊ ထို့ကြောင့် သူက VIP ခုံကို မမှာယူခဲ့ပေ။ ထိုအစား သူက နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်မှ အားကြီးသော ကျင့်ကြံသူများနှင့်အတူ အောက်ထပ်အတန်းတွင် ထိုင်နေခဲ့ခြင်းဖြစ်သည်။ သူကား မိစ္ဆာလောကဘုံမှ အိမ်ရှေ့စံဖြစ်သော်လည်း မောက်မာခြင်းမရှိပေ။ ဖုန့်ရှီပြောတာကို သူကြားတော့ ချက်ချင်းပဲ ညစ်စုတ်စုတ်အကြည့်တစ်ချက် ပေးလိုက်ကာ၊ "ဒါပေါ့၊ ဒီခပ်ဖြောင့်ဖြောင့်ဘဲကြီးက ဒီကိုရောက်လာတာက ... မင်းရဲ့လူအတွက်ပဲ!"

"ငါ့ခေါင်းဆောင်ကို ဘာလို့ လာရှာတာလဲ?" ဖုန့်ရှီက သူ့ကို မယုံပေ။​ အကယ်၍ မော့ဖေးဟန်သာ သူ့ကို အမှန်မပြောဘူးဆိုလျင် တံခါးဝမှာတင် မျက်နှာချင်းဆိုင်ရပ်ပြီး အချိန်ဖြုန်းရမည်ဆိုလည်း သူက မှုမှာမဟုတ်။

"မင်းက တကယ်ကို ဟာသဥာဏ်မရှိဘူး၊ ဟုတ်ပြီ ငါအမှန်တိုင်းပြောမယ်။ တကယ်ဆို ငါက သလင်းတွေ ပို့ဖို့ လာခဲ့တာ" ကောင်လေးက မျက်နှာကြီး အိုလာစ ပြုလာတာကို မြင်လိုက်ရသဖြင့် မော့ဖေးဟန်က ခေါင်းခါလိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားရသည်၊ "မျက်နှာအပြောင်းအလဲကလည်း အရမ်းမြန်ပါ့'

မော့ဖေးဟန်က ပုံစံအမျိုးမျိုးဖြင့် ထုတ်ပိုးထားသော သလင်းထည့်ထားသည့်အိတ်များအား ထုတ်ပြီး ဖုန့်ရှီကို ပေးလိုက်သည်။ ၎င်းအိတ်တို့က ပုံစံအမျိုးမျိုး ဖြစ်နေသော်လည်း အားလုံးက ထိပ်တန်း အိတ်များ ဖြစ်ပြီး သလင်းပေါင်း ၃ ထရီလီယံ ပါဝင်ဆံသည်။

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now