Chapter 204 The Conflict

526 97 1
                                    

အခန်း 204 ပဋိပက္ခ

ဖုန့်ရှီက ခေါင်းမော့ကြည့်လိုက်တော့ မင်းသမီးရဲ့ နောက်လိုက်တစ်စုကို တွေ့လိုက်ရသည်။

အဲ့တော့မှပဲ ဖုန့်ရှီတစ်ယောင် လမ်းကျဉ်းလေးမှာ ရန်သူတွေနဲ့ ထိပ်တိုက်တိုးမိတတ်တယ်ဆိုသည့် အချက်ကို သဘောပေါက်သွားတော့သည်၊ သီထျန်းဟွာနဲ့ ဒီမှာ လာဆုံမိသည်လေ။ သူမ၏အသံတွင် မောက်မာဟန်စွက်နေသည်မှာ အံ့ဩစရာမရှိချေ။ သူက တဖက်သူ၏ စားကျက်ထဲ ရောက်နေမိသည်ကိုး။

သီထျန်းဟွာသည်ကား ကြယ်များစွာဖြင့် ဝန်းရံခံထားရသော လနှင့်တူသည်။ သူမ၏ ဝတ်စားဆင်ယင်မှု အပြင်အဆင်တို့က အရင်ကထက်တောင် ပိုလှနေသည်။ အနီရောင်တောက်တောက်ငှက်မွှေးနှင့် ယက်ထားသော စကတ်သည် သူမ၏ အထင်ကရ ကိုယ်ဟန်ချိုးဆက်ကို ကောင်းစွာ ပုံဖော်ထားသည်။ သူမ၏ စွဲမက်ဖွယ်ကောင်းသော ပစ်မျိုးမှဲ့မထင် အလှတရားတို့က ညှို့ဓါတ်ပြင်းပြင်းအလှတို့နှင့် ပေါင်းစပ်လို့ ယှက်နေသည်။ သူမ၏နှုတ်ခမ်းအလယ်ပိုင်းသည်ကား ချယ်ရီကဲ့သို့နီနေပြီး ကျန်နှုတ်ခမ်းသားတို့က နှင်းကဲ့သို့ဖြူနေကာ၊ သူမ၏မျက်ခုံးကြားတွင် ပြီးပြည့်စုံသောအဝိုင်းပုံသဏ္ဍာန် မွေးရာပါအမှတ်တစ်ခုက ရှိနေပြီး သူမမျက်နှာ၏နူးညံ့သိမ်မွေ့မှုကို အလေးထား ဖော်ညွှန်းနေသည့် ကျောက်စိမ်းတုံးကဲ့သို့ သူမ၏နှာတံချွန်ချွန်နှင့် လိုက်ဖက်လို့နေသည်။ သူမ၏အလှက လူတိုင်း ပြောစမှတ် ဖြစ်ရလောက်အောင် အထူးခြားဆုံးဖြစ်နေသည်ဆိုသည်မှာ သံသယဝင်စရာမရှိပါပေ။

မွေးနေ့ပွဲအပေါ် ခံစားချက်တို့ကြောင့် အရင်ကနှင့်မတူ တမူကွဲပြားနေသည်မှာ အသေအချာပဲဖြစ်သည်။

ဖုန့်ရှီက သီထျန်းဟွာကို အံအားတသင့်နှင့် အကြည့်ရောက်သွားချိန်မှာတော့ သူမကလည်း သူ့ကို မျက်လုံးမှေးကျဥ်းလိုက်ပြီး စိုက်ကြည့်နေလေသည်။ ထို့နောက်တွင်တော့ သူမက သူ့ကို ချက်ချင်း မှတ်မိသွားပြီး စူးရှသောအသံတစ်ခုကို ဖုန့်ရှီ ချက်ချင်းကြားလိုက်ရတော့သည် "နင်ပဲ! နင်က ဘာလို့ ဒီကိုရောက်နေတာလဲ?"

သီထျန်းဟွာက သူမ မုန်းတီးစပ်ဆုတ်သောသူက ကောင်းကင်ဘုံတွင် ပေါ်လာလိမ့်မည်ကို မမျှော်လင့်ထား ခဲ့ချေ။ လွင်ပြင်ကျယ်တွင် ဖြစ်ပျက်ခဲ့တာတွေကိုတွေးရင်း သူမဒေါသတွေကို ဖြေဖျောက်ဖို့ ဖုန့်ရှီကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်ချင်သည်။ သူမ၏ အနိုင်ပွဲက ဖုန့်ရှီနှင့် သူ့အဖော်တို့ကြောင့် ပြောင်းပြန် ဖြစ်သွားခဲ့ရပြီး ဖုန့်ရှီတို့ ထွက်သွားပြီးနောက် သူမနှင့် လုံရှီးတို့ ချက်ချင်းလိုက်ရှာခဲ့သော်လည်း ကံမကောင်းစွာနှင့်ပဲ ဖုန့်ရှီတို့ကို ဘယ်မှာမှ ရှာမတွေ့ခဲ့တော့ပေ။ သူတို့ ထွက်ပြေးလွတ်မြောက်သွားကြပြီဟု သူမ ထင်ခဲ့သော်လည်း ဖုန့်ရှီကို ဒီမှာ တွေ့ရလိမ့်မည်ဟု သူမ လုံးဝ စိတ်မကူးထားမိခဲ့ချေ။ သူမ၏ ပန်းကန်ပြားပေါ် အဆင်သင့်လေး တက်လာတာပဲ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Kde žijí příběhy. Začni objevovat