Chapter 213: I'm Not Here to Sabotage

404 89 9
                                    

အခန်း 213 - ငါက ဒီကို ဖျက်ဆီးဖို့ လာခဲ့တာမဟုတ်ဘူး

မွေးနေ့ပွဲ နီးလာသည်နှင့်အမျှ ကောင်းကင်ဘုံသည် တဖြည်းဖြည်းနှင့် ပွဲများဖြင့်ပြည့်နေတော့သည်။

လတ်တလောမှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ တသီတတန်းကြီး ဖြစ်လာခဲ့လိမ့်မည်ဟု သီယွမ်ထျန်း မမျှော်လင့်ခဲ့ပေ။

လွန်ခဲ့သောရက်အနည်းငယ်က ထျန်းဟွာ၏ နေရာလွတ်လက်စွပ်နှင့် ထူးကဲနေမင်းအဆောင်အယောင်တို့ ပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် သိပ်မရှေးမနှောင်းမှာပဲ ၎င်းတို့ကို တောင်ပိုင်းဒေသ သစ်တောအတွင်းနှင့် မိစ္ဆာလောကဘုံတို့တွင် အမှန်တကယ် ရှိနေကြာင်း ခြေရာခံမိလိုက်သည်။ ကောင်းကင်ဘုံ၏ မြောက်ဘက်စွန်းအတွင်းတွင် အာကာသတိုက်စားမှုတစ်ခု ဖြစ်ပွါးခဲ့ပြီး တွင်းနက်၏ ဧရိယာက ပိုပိုပြီး ကျယ်လာခဲ့သည်။

ထို့နောက် ကောင်းကင်ဘုံအတွင်းရှိ တားမြစ်နယ်မြေအချို့တွင် ခိုးဝင်သူများ၏ လက္ခဏာများကို တွေ့ရှိခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် မည်သို့သော ပျက်ဆီးဆုံးရှုံးမှုမှ မရှိခဲ့ပေ။

သို့သော်လည်း ထိုဖြစ်ရပ်ကြောင့် ကိစ္စရပ်တစ်ခုလုံးက လျို့ဝှက်ဆန်းကြယ်လာခဲ့သည်မှာ အတိအကျပင်။ တစ်ယောက်ယောက်က တစ်ခုခုကို ရှာနေခဲ့သော်လည်း ရှာမတွေ့နိုင်ခဲ့ခြင်းဖြစ်မည်ဟု ခံစားနေရသည်။

ကောင်းကင်ဘုံသို့ ခိုးဝင်ခဲ့သူက မြောက်ဘက်စွန်းရှိ တွင်းနက်နှင့် ပတ်သက်ဆက်နွယ်နေလိမ့်မည်ဟု သီယွမ်ထျန်း ခံစားနေရသည်၊ ထို့ကြောင့် သူက ၎င်းကို စောင့်ကြပ်ရန်အတွက် အစောင့်အကြပ်များ ပို့လွှတ်ထားလိုက်ပြီး ကောင်းကင်ဘုံ၏ အစောင့်အကြပ်များကိုတောင် ပိုထူထူ ချထားလိုက်သည်။ ကံကောင်းစွာနှင့်ပဲ ကောင်းကင်ဘုံ၏ ဆယ်လွှာတွင မည်သို့သော ထူးခြားချက်များ တစ်စုံတစ်ရာမှ မရှိနေခြင်းကို ကြည့်ခြင်းအားဖြင့် သီယွမ်ထျန်း အနည်းငယ်တော့ စိတ်အေးနိုင်၏။ မွေးနေ့ပွဲပြီးသွားလျင် ကောင်းကင်ဘုံက ကာဖျူးအခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now