Chapter 223. Uncle White Coming Around

419 73 5
                                    

Chapter 223. ဦးလေးဖြူ လာနေတယ်

အချိန်ထပ်စောင့်ရဦးမယ်?

ဖုန့်ရှီ အူကြောင်ကြောင် ဖြစ်သွားရတော့သည်။ အဲ့ဒီ့ 'အချိန်ခပ်ကြာကြာ' ဆိုတာနဲ့၊ ဦးလေးဖြူက ရောက်ချလာတော့မယ်။ အဲ့ခါဆို သူ ဘာလုပ်နိုင်ပါတော့မလဲ?

"ဘယ်လောက်ကြာမှာလဲ?" ဖုန့်ရှီက သလင်းစားပွဲပေါ် လဲလျောင်းလိုက်ကာ ဝိညာဉ်မဲ့နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ အချိန်ပိုကြာကြာ စောင့်ရဦးမယ်ဆိုတာသာ သူ သိခဲ့ရင် ခိုးဝင်ပြီး ဖုန့်လင်းကို သွားမရှာခဲ့ပါဘူး။ ဦးလေးဖြူက အရမ်း အကွက်ရိုက်တတ်ပြီး ဝန်းဆောင်ထဲမှာတောင် ထိန်းချုပ်ခန်း ထားထားလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။ ဆိုလိုတာက တစ်ခုခု မသင်္ကာစရာတော့ ရှိနေလို့ပဲ၊ ဒါ့ကြောင့်သာ ဦးလေးဖြူက အရမ်း သတိကြီးကြီးထားနေတာလေ။

"ဒီသလင်းကျောက်တုံးစာတွေကို ကိုယ်တော် ကြည့်ပြီးတဲ့အထိ ခဏစောင့်။" ငရဲမင်းကြီးက အရောင်စုံရှိသေည့် သလင်းကျောက် တစ်စီတစ်တန်းကြီးကို လက်ညှိုးထိုးပြလိုက်သည်။ အချို့တွေက အရေးကြီးဖြစ်ရပ်များအကြောင်းဖြစ်သည်။ ထိုအရေးကြီးတာတွေကို အရင်ဆုံး အကြမ်းဖျင်း ဖတ်ပြီးပြီဖြစ်ကာ အခု အသေးအဖွဲအကြောင်းတွေချည်းသာ ကျန်တော့သည်။ ၎င်းက အချိန်သိပ်တော့ယူရမည်မဟုတ်လောက်ပေ။ တစ်ချက်ပဲ အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ဖို့သာလိုပြီး အထူးတာဝန်ပေးခံထားရသည့်သူတစ်ယောက်က ဆက်လက် တာဝန်ယူလုပ်ဆောင်လိမ့်မည်။

ဖုန့်ရှီက သလင်းကျောက် တစ်စီတစ်တန်းကြီးကို တစ်ချက် ကြည့်လိုက်သည်၊ ကြည့်ရတာ နှစ်ဆယ်၊ သုံးဆယ်ထက်မနည်းဘူးပဲ။

"ခေါင်းဆောင်၊ ကျွန်တော်လည်း ကူညီပေးမယ်လေ၊ အဲ့တာ ပိုမြန်လိမ့်မယ်၊" ဖုန့်ရှီက စိတ်ဆုံးဖြတ်ပြီးပြီဖြစ်သည်။ အရင်တုန်းက သူက အလုပ်ကိစ္စတွေကို မထိတွေ့ခဲ့ဖူးပေမဲ့ ဘာကိစ္စပဲမဆို ပထမဆုံးအကြိမ်ဆိုတာ ရှိတာပဲလေ။

"အိုး? အဲ့လိုဆိုရင်တော့ ဒီသလင်းကျောက်အပြာတွေကို ရှောင်ရှီအတွက် ကိုယ်တော် ထားလိုက်မယ်၊" ငရဲမင်းကြီးက သလင်းကျောက်အပြာ မြောက်များစွာကို သူ့ဆီ တွန်းပို့လိုက်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၂)Where stories live. Discover now