စာစဉ် ၂၁ (၁-၁၀)
3.1K 370 21
စာစဉ် ၂၁၊ အခန်း ၁။  ဒါဆို သူမ ၈နှစ်လုံးလုံးသဘောကျခဲ့တဲ့လူက သူပေါ့လေ (1)
ရေခွက်ကိုကိုင်ရင်း ခေါင်းငိုက်စိုက်ကာ တစ်ခုခုကို စဉ်းစားနေတဲ့ ချင်းကျီအိုက်ကို ဂူယူရှန်းတစ်ချက်လှည့်ကြည့်လိုက်ပြီးနောက်
လုဘန်ချန်းကို ခေါင်းခါပြလိုက်တော့
လုဘန်ချန်းက တစ်ယောက်တည်း အပြင်ထွက်သွားသည် ။
“၀ူဟောင် ဘာလို့ငါ့ကိုဒီလိုလုပ်တာလဲ ငါအထက်တန်းကျောင်းကိုသွားခဲ့တယ် ကျောင်းက အရင်အတိုင်းပဲ သစ်ပင်ပေါ်မှာ ရေးခြစ်ထားတဲ့နင့်လက်ရေးကလည်း အရင်အတိုင်းပဲ ငါတို့အမှတ်တရတွေရှိခဲ့တဲ့နေရာတွေကိုငါရောက်ခဲ့တယ် အခုတော့ ငါချစ်ခဲ့တဲ့လူက သေသွားပြီ”
အတိတ်ကိုပြန်အစဖော်တဲ့ ရှုဝန်နူးစကားတွေကြောင့် ၀ူဟောင့်ရင်ထဲလည်း ဆို့နင့်စွာနှင့် ဘာစကားမှထွက်မလာခဲ့ ။
အပြင်မှာထိုင်နေတဲ့ ချင်းကျီအိုက်လည်း ရေခွက်ကို လက်ထဲက ချလိုက်တော့ ဂူယူရှန်းက သူမ ခံစားရတာကိုသိသည့်နှယ် ....
“အပြင်မှာလမ်းထွက်လျှောက်ကြမလား”
“ကောင်းပါပြီ...အပေါ်ဝတ်အရင်သွားယူလိုက်ဦးမယ်”
အိပ်ခန်းထဲကိုလက်ညိုးထိုးကာပြောတော့ ဂူယူရှန်းကခေါင်းငြိမ့်ပြသည် ...
ချင်းကျီအိုက်အင်္ကျီယူပြီးပြန်လာတော့
ဂူယူရှန်းက ဧည့်ခန်းထဲမှာမရှိတော့ ....
ရှုဝန်နူးအခန်းထဲက ငိုသံတို့ကတော့ ပိုတိုးကာထွက်လို့နေဆဲ ....
ချင်းကျီအိုက်လည်း ဖိနပ်အမြန်စီးကာ အိမ်ကထွက်လာတော့
ဂူယူရှန်းက ဓာတ်လှေကားနားမှာ ဆေးလိပ်သောက်နေလေရဲ့ ။
ဂူယူရှန်းတို့ တိုက်ခန်းပေါ်က ဆင်းလာခဲ့ကြပေမဲ့ လုဘန်ချန်းကိုအရိပ်တောင်မတွေ့ ။
နွေဦးရာသီဆိုပေမဲ့ ညနေခင်းကတော့ လေအေးတိုက်နေဆဲဖြစ်တာကြောင့် ဂူယူရှန်း ကားသော့ထုတ်ကာ ကားကိုညွှန်ပြလိုက်ပြီး….
“ကားပေါ်မှာပဲထိုင်နေကြမလား”
“ဟုတ်ကဲ့”