ဇာတ်လမ်းလေးက ဤသို့...

786 53 10
                                    


စွဲလန်းခြင်းတွေကိုယုံကြည်လား...
ဒါမှမဟုတ် မပြီးဆုံးသွားတဲ့ချစ်ခြင်းတစ်ခုကို
အပြီးသတ်ပေးချင်တဲ့လူတစ်ယောက်ရှိခဲ့တယ်ဆိုရင်ရော...

ဇာတ်လမ်းတစ်ခုမှာ အဆုံးမသတ်ခဲ့ရင်
ပြီးဆုံးအောင် ဇာတ်သိမ်းပေးဖို့လို့အပ်တယ်မဟုတ်လား...

ဒီလိုပဲ ချစ်ခြင်းတစ်ခုမှာ ဖူးစာပါခဲ့ရင်
ရေစက်တွေနဲ့ဆုံဆည်းပေးဖို့ လိုအပ်လာတယ် ။

ဖူးစာတွေတော့ပါပါရဲ့ ပေါင်းဖက်ဖို့ရာ ဘဝတစ်ခုနဲ့မလုံလောက်တဲ့အခါ
နောက်ဘဝတစ်ခုဆိုတာ ရှိခဲ့ပြန်ရင် ထပ်ပြီးဆုံတွေ့ချင်သေးတယ် ။

ဒါပေမယ့် ဒီတစ်ခေါက်တော့သာမာန်ဘဝနဲ့
သာမာန်အသိုင်းအဝိုင်းနဲ့ သာမာန်တွေ့ဆုံခြင်းတွေနဲ့အတူ
တွေ့ဆုံကြရအောင် ။

*စောင့်မျှော်နေခဲ့ခြင်းရဲ့ အဆုံးသတ်ရောက်လာပြီးတော့ ထပ်ပြီးဆုံဆည်းတွေ့ဆုံချင်ပြီ ပေါလ်ရယ်....။*

နောက်ဆုံးလက်ကျန်စာကြောင်းတို့အား နားထဲကြားရအောင်တစ်ချက်ပြန်ဖတ်လိုက်ပြီး စက္ကူဘူးအလွတ်ထဲသို့ သူထည့်လိုက်သည်။ ပြီးနောက်  ဘောပင်တစ်ချောင်းယူလျက် စက္ကူပါကင်ဘူးအပေါ်မှာပင် နာမည်အတိအကျဖြင့် ရေးမှတ်လိုက်သည်။

*Mr.Jungဆီသို့*

ဇာတ်လမ်းလေးက တဖန်ပြန်၍ ဤသို့အစပျိုးခဲ့ပြီ။

.
.
.
''၁၉၂၀ ဝန်းကျင်ပိုင်းတွေမှာ
အင်္ဂလန်နိုင်ငံအတွက် လေကြောင်းတိုက်ပွဲလို့လည်းလူသိများတဲ့ ဗြိတိန်တိုက်ပွဲကို စစ်အင်အား လူအင်အားအလုံအလောက်ရရှိဖို့အတွက် အာရှနိုင်ငံက လူငယ်တစ်ချို့ကိုမက်လုံးပေးပြီးခေါ်ခိုင်းစေခဲ့တယ်။''

''အိန္ဒိယ တရုတ် ဂျပန် ကိုးရီးယားအစရှိတဲ့ အာရှနိုင်ငံသားတစ်ချို့ကို လူမှု့ကယ်ဆယ်ရေးဝန်ထမ်းအဖြစ် လန်ဒန်မြို့ကိုခေါ်သွင်းမှု့ပြုပြီးတော့ ၁၉၂၀မှာပြောစမှတ်တွင်တဲ့အထိပဲတဲ့''

''စစ်ကြီးပြီးတော့ နေရပ်နိုင်ငံတွေကိုပြန်ပို့ခံရတဲ့လူငယ်တွေလည်းရှိသလို တရားမဝင်နေထိုင်တဲ့
လူ တစ်ချို့လည်းရှိနေသေးတယ်။''

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now