ဆုံတွေ့ပေးတဲ့အခိုက်အတန့်

253 25 36
                                    

.
'' မေ့ဆန္ဒတွေကတကယ်ပဲဒီလိုဖြစ်ခဲ့တာလား!!မေက တကယ်အချစ်ကြီးတာပဲ''

Vကတစ်ယောက်တည်း တီးတိုးပြောဆိုနေခဲ့ပြီး စုတ်ဖြဲခံထားရတဲ့ ဓာတ်ပုံတွေကိုသေချာတိပ်နဲ့ပြန်ကပ်ထားပုံရပါ၏။

သူဒီဖြစ်စဥ်တွေကို အိမ်အပြောင်းရွှေ့လုပ်ရင်း မေ့ရဲ့အသုံးမလိုဘူးလို့ထင်တဲ့ပစ္စည်းပုံးထဲက ရခဲ့ပြီး ဒိုင်ယာရီစာအုပ်လေးရယ် အချိန်းအချက်ပြုလုပ်ခဲ့တဲ့ယောက်ျားနှစ်ယောက်ရဲ့ ပေးစာတွေရယ်နှင့်အတူ အထူးဆန်းဆုံးသော ယောက်ျားနှစ်ယောက်ရဲ့ချစ်ခြင်းတွေအကြောင်းအသေးစိတ်ပင်ပါတဲ့ မေ့ရဲ့အကြမ်းဖျင်းရေးသားချက်တွေနှင့်စာအုပ်တစ်အုပ်ကို အိမ်ကလူတွေမသိအောင် သူယူထားမိလိုက်သည်။

မေကအိမ်ထောင်နှစ်ဆက်ပင်ဖြစ်ခဲ့ပြီး ထိုသို့အခြေအနေတွေအားအိမ်တော်ထဲမှာတော့သိပ်ပြောလေ့ပြောထမရှိခဲ့တဲ့အတွက် မေဟာ နာမည်ကြီးစာရေးဆရာမတစ်ယောက်အပြင်ပိုမသိခဲ့ကြ။

*နောင်တတွေရခဲ့ရတယ် ဒါလင်...ဒါလင့်ကိုသာလက်မလွှတ်ခဲ့လိုက်ရင် အကောင်းသားဆိုပြီး ကျွန်မဘဝတစ်လျောက်လုံး တွေးတောနေမှု့တွေနဲ့ချည်းပါပဲ....အဲ့ဒီ့နေ့ကသာ ကျွန်မထပ်ပြီးမသွားခိုင်းလိုက်ရင်... ကျွန်မ အချစ်ရဲ့လက်တွေကိုမြဲမြဲကိုင်ထားမိလိုက်ရင်... အချစ်ကိုဆုံးရှုံးခဲ့ရမယ်မထင်ပါဘူး*

စာအုပ်ထဲရေးချထားမိတဲ့ သူမရဲ့အတွေးတစ်ချို့ပင်ဖြစ်လိမ့်မည်။ နောက်ဆုံးစာကြောင်းလေးကို Vကဖတ်ပြီးသည်နှင့်စာအုပ်ကိုပိတ်လိုက်တော့သည်။ သူ့စိတ်ထဲမှာလည်း အတွေးများစွာဖြင့်မို့ပါ။

မစ္စတာပေါလ်သေဆုံးပြီး အေးစက်သွားတဲ့သတင်းအကြောင်းအရာတွေကြောင့်လည်းပါလိမ့်မည်။ ဘာတွေဖြစ်ခဲ့လဲ အသေးစိတ်တော့မသိခဲ့ပေမယ့် အမျိုးသားနှစ်ယောက်ချစ်ကြိုက်မှု့မှာ ရင်အနာရဆုံးသောသူကိုပြောပါဆို သူကတော့ မေပါလို့လက်ညှိုးထိုးပြရမှာပဲ။

''ဗစ်တာ...ပွဲကစနေပြီလေ''

''အင်း...လာခဲ့ပါမယ်''

ကိုင်ထားတဲ့ဓာတ်ပုံအားသူသေချာစွာ သိမ်းဆည်းပြီးသည်နှင့် ပွဲကိုသွားဖို့ပြင်လိုက်တော့သည်။
ဒီနေ့က မေ့အတွက်မိသားစုတစ်ခုလုံးက အိမ်တော်မှာ အောင့်မေ့တဲ့နေ့အဖြစ် မေ့အကြောင်းတွေသိသမျှပြောပြတဲ့နေ့ပါ။
မျိုးရိုးအစဥ်အဆက် လက်ဆင့်ကမ်းလာတဲ့ဓလေ့ဟာ သေသူတွေကိုမမေ့မလျော့အမှတ်ရစေမဲ့အစဥ်အလာတစ်ခုအနေနှင့် ။
.
.
.
''သူမက ကျူးလစ်ပန်းတွေကို သဘောကျတက်တယ်! သူမစာရေးနေတဲ့အချိန် ကျူးလစ်ပန်းတွေကိုထိတွေ့ပြီး တွေးတောရတာကြိုက်နှစ်သက်တယ်''

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now