ရင်ခုန်သံ

287 35 46
                                    


တဖြည်းဖြည်းဆိုသလို အားကုန်ရုန်းကန်နေသည့်ကိုယ်သည် ရုပ်ချည်းငြိမ်ကျသွားပြန်သည်။ မျက်လုံးဝိုင်းဝိုင်းလေးသည်လည်း ထပ်ပြီးမတောက်ပနိုင် အတွေးလှလှလေးတွေသည်လည်း နှုတ်ခမ်းဝကနေထွက်မကျလာနိုင်။ ဂျေကေသည် ကုတင်ပေါ်ရှိနေရမည့်ပုံစံအတိုင်းငြိမ်ငြိမ်သက်သက်ဖြင့် စိတ်ကျေနပ်စရာတော့မကောင်း မျက်ခုံးလေးတွေတွန့်နေသည်ကပင် ပြန်လျောကျကုန်သေးသည်။

သက်ပြင်းတွေဖြင့်မချိမဆန့်ခံစားနေရသူကတော့ ထိုထဲတစ်ဦးတည်းသောနမ်ဂျွန်သာဖြစ်လိမ့်မည်။ နမ်ဂျွန်သည် ထိုဖြစ်စဉ်တွေကိုရင်ဆိုင်ရမှာ သိပ်ကြောက်ရသလိုအပြုအမူတွေနှင့် ။

''ဘယ်လိုလုပ်ကြမလဲ ရက်ကကပ်နေပြီဟာကို.. ဆရာလေးဂျွန်''

နမ်ဂျွန်အားရည်ရွယ်ကာဖြင့် ဒေါက်တာကလှမ်းပြောတော့ နမ်ဂျွန့်ဘက်ကနှုတ်ဆိတ်ကာ ဂျေကေ့ကိုသာကြည့်နေသေးသည်။
မျက်နှာတွေကတော့သွေးယောင်ပင်မရှိ။ သို့ပေမယ့်သူသည်မျက်နှာတွေကိုထိန်းထားနိုင်ပါသေး၏။

''ဒီပုံစံအတိုင်းဆိုရင်တော့ ဘယ်လွယ်ပါ့မလဲဗျာ...ရက်တော့မရွေ့ဘူး ဒေါက်တာ.. ကောင်လေးသက်သာလာမှာပါ
အရင်လည်းဒီလိုပဲမဟုတ်လား သူနိုးတာနဲ့အရင်လိုပြန်ဖြစ်မှာပါ.. လက်ထက်ဖို့ကိုဘာအနှောက်အယှက်မှထပ်ဝင်လို့မရစေရဘူး''

ထိုစကားကြောင့်ဒေါက်တာကနမ်ဂျွန့်ပုခုံးကိုနှစ်ချက်လောက်ပုတ်ရင်းထွက်သွားသည်။ ထိုအခါမှ နမ်ဂျွန်ကုတင်ပေါ်တွေထိတက်ထိုင်လိုက်ရင်း ဂျေကေ့ရဲ့ဆံပင်ခပ်ရှည်ရှည်တွေကိုဆွဲလှန်ကာသပ်တင်ပေးလိုက်သည်။ ပြီးနောက် ပါးလေး ပြီးနောက်နှုတ်ခမ်းကကွင်းဝိုင်းလေး...တစ်စစပိုတိုးပြီးချစ်နေရတာက ဖြူစင်လွန်းလို့ဆိုပြီး အတင်းလုပ်ယူထားရတဲ့ရိုင်းရိုင်းစိုင်းစိုင်းလေးကိုပါ။

ဘယ်ကစပြီးဒီလိုဖြစ်သွားရမှန်းမသိပေမယ့် သေချာတာ သူ့စာတမ်းတွေခိုးဖတ်ရင်းစွဲလန်းစိတ်ကြောင့်လို့ထင်ကြေးပေးခဲ့တာတွေရှိတယ်။ ဒေါက်တာတွေ သမားတော်တွေပါမကျန်ဂျေကေ့ကို ရူးနှမ်းပြီး နေမကောင်းကြဘူးလို့ထင်ကြပေမယ့်
သူကတော့ဒီလိုမထင်မိနေတာ။ ဒါကလည်းသိပ်အယုံအကြည်လွန်နေတာပါ ဂျေကေ့ပုံစံတွေမထိန်းနိုင်မသိမ်းနိုင် ယောက်ယပ်ခက်နေတာကလက်တွေ့တွေပဲကို။ ပုံစံတွေသာပြောင်းတာ သူ့ကိုမုန်းတီးနေတာကတော့နည်းနည်းလေးတောင်ပြောင်းမသွားတာတော့ထူးဆန်းသား။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now