ကျန်ခဲ့ရတာထက်ချန်ခဲ့ရတာ ပိုနာကျင်ရတယ်

217 25 39
                                    


လေတိုးအဝှေ့တိုင်း အီသန်ပြုံးသည်။ အတွေးတစ်ချို့ဝင်လာလျှင်လည်း ဟန်မဆောင်နိုင်ထပ်ပြုံးမိသည်။ ဘာတွေများဒီလောက်အထိသဘောကျနေရလဲလို့မေးလာလျှင် ပြန်စာကြောင့်လား သို့မဟုတ် အကုန်လုံးပါပဲလို့သူဖြေမိလိမ့်မည်ထင်၏။

ပေါလ်ကိုစောင့်နေရတာကလည်း ပျော်စရာအတိ။ ပေါလ်ရဲ့တေးသွားတစ်ချို့ညည်းရသည်ပင် ဘဝရဲ့နိဗ္ဗာန်။ဒီနေ့ဆို ပတ်ဝန်းကျင်တစ်ခုလုံးကတောင် ထူးထူးခြားခြားသာယာနေသေးသည် ။

သူအိတ်ကပ်ထဲကချိန်းကြိုးတန်းလန်းနှင့် နာရီကိုထုတ်ကြည့်လိုက်တော့ ခုနှစ်ချက်ပင်ထိုးလုတော့မည်။ ဒီအချိန်ထိထွက်မလာနိုင်သေးသည့်ပေါလ်အား စိတ်ဆိုးစိတ်ခုစရာပင်မရှိ ဝတ္တရားတစ်ခုနှယ်သူစောင့်ရသည်ပင် စိတ်လှုပ်ရှား၏။

''လာနေပြီပဲ...''

အဆင်တန်ဆာတန်ဖိုးကြီးကြီးမားမား ဘာတစ်ခုမျှမပါ ပေါလ်သည် ရှပ်လက်တိုကိုပင်ဘောင်းဘီကြိုးသိုင်းဖြင့်တွဲဖက်လျက်ပေါ့ပါးစွာ ဝတ်ဆင်လာလျက်ရှိပြီး သည်နေ့သည်လည်းထုံးစံအတိုင်း အဝေးကနေလှမ်းမြင်နေရပြန်သည်။

''စောင့်နေတာကြာသွားလား အီသန်!ငါဒီနေ့တော့ အလုပ်ကိစ္စတွေနဲ့ ရှုတ်ရှပ်ခတ်နေလို့ပါ''

နီမြန်းနေသည့်မျက်နှာလေးကိုဦးစွာမြင်ရသည်မို့ ပေါလ်ဝိုင်သောက်လာမှန်းတော့သူခန့်မှန်းမိပါ၏။
ညှိုးငယ်နေတဲ့မျက်နှာလေးကို သူနဲ့ဆိုအတင်းပျော်ရွှင်အောင်လုပ်ယူနေရပုံက ခက်ခက်ခဲခဲဆုံးဖြတ်ချက်တွေကြားနေထိုင်နေရမှန်းသိသာနေလိုက်တာ။

သူမသိလိုက်မသိဖာသာနေပြီး လက်ထဲအသင့်ပါလာတဲ့ ကုတ်အင်္ကျီကိုဝတ်ဆင်ပေးတော့ ပေါလ်အနည်းငယ်ပင်သဘောကျစွာပြုံးပြသည်။

တမင် အင်္ကျီပါးပါးလေး ဝတ်လာတက်သည်ကပင် ပေါလ်၏ အကြံတစ်ခုဖြစ်ရလိမ့်မည်။ပေါလ်သည်လည်းသူ့ဂရုစိုက်မှု့ကိုအပြည့်အဝလိုချင်နေသေးသည့် ယောက်ျားငယ်တဖြစ် ပုံစံတွေမသိမသာအောင်ဖော်ပြတက်သည်။ ဘယ်သောအခါမျှသဘောကျလျှင်သဘောကျကြောင်း ပွင့်လင်းစွာမပြောတက်သည့်ပေါလ်စိတ်ကို သူပေါလ်နှင့် ရက်အချို့ဖြတ်သန်းပြီးသည့်အခါနားလည်စပြုလာပါပြီ။ စိတ်ဆိုးဖို့ပင်မပြောနှင့် ဘာကြောင့်များအချိန်တိုတိုနှင့်ရင်ထဲနင့်အောင်သဘောကျသွားရမှန်းနားမလည်။ ဘုရားသခင်ကောင်းချီးသာဖြစ်ပါစေ။ မဟုတ်ခဲ့လည်းအရေးတော့မကြီးပါဘူး ပေါလ်နဲ့ဆုံတွေ့ပေးစေတဲ့အတွက် ကျေးဇူးတင်မိတာတော့အမှန်ပါ။

𝓜𝓻.𝓟𝓪𝓾𝓵 𝓟𝓪𝓻𝓴 |season_1|Where stories live. Discover now